အယ်ဒီတာစကား

အပြောနည်းနည်း အလုပ်များများ

“အပြောနည်းနည်း အလုပ်များများ” ■ အယ်ဒီတာ့စကား ဗမာစကားတွင် “လူပြောမသန် လူသန်မပြော” ဟူသည့် ဆိုရိုးတခုရှိသည်။ “အပြောကြီးသူသည် လက်တွေ့ မဆောင်ရွက်တတ်သကဲ့သို့ လက်တွေ့ ဆောင်ရွက်တတ်သူသည်လည်း အပြောမကြီး တတ်ပေ” ဟု အဓိပ္ပါယ်ရသည်။ တနည်းအားဖြင့် လက်တွေ့ လုပ်ဆောင်နေသူများသည် စကား အပိုမပြော၊ အလုပ်သာ အားစိုက်လုပ်သည်။ မလိုအပ်သည့်စကားများ ပြောဆိုနေသူဖြစ်လျှင် ထိုသူသည် လက်တွေ့ လုပ်ဆောင်နေသူမဟုတ်ဟု ဆိုရမည်ဖြစ်သည်။ ယနေ့ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေးတွင် နေရာပေါင်းစုံ ကဏ္ဍပေါင်းစုံမှ […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ” -၂၀၂၄ ​စက်တင်ဘာ ၃၀ တနင်္လာနေ့ – ထားလိုက်ပါ။ ဘယ်အရာတွေမှ ပထမဆုံးလည်းမဟုတ်သလို နောက်ဆုံးလည်း ဟုတ်မနေဘူး။ တချိန်တုန်းက တိုက်ပွဲဝင်သူရဲကောင်းတွေဖြစ်ခဲ့တယ်။ အခုတော့ တိုက်ပွဲရဲ့အပြင်မှာ သူ့အိပ်မက်ကလေးတွေကို နေထုတ်လှမ်းနေမယ်။ သူ့ခြေအိတ်အဟောင်းကလေးကို အပေါက်ဖာချင်ဖာနေမယ်။ နွမ်းလို့ကြွေသွားတဲ့ပန်းတွေအတွက် အပင်မှာ လွမ်းခွင့်ရှိတယ်မဟုတ်လား။ ဒါပေမယ့် ပွင့်နေတဲ့ပန်းတွေရဲ့ သင်းရနံ့ကို ပြက်ရယ်တော့မပြုကောင်းဘူး။ သူတို့ရဲ့တောက်ပတဲ့အသွေးအရောင်ကို အပြစ်မတင်ထိုက်ဘူး။ ငါတို့ရဲ့မနက်ခင်းတွေကသာ ချစ်သူတွေကို ရယ်မောစေခဲ့တယ်လို့ မဝင့်ကြွားသင့်ဘူး။ […]

သီတင်းတပတ်စစ်ရေးစစ်ရာ

စစ်ရေးစစ်ရာ တလတာ

“စစ်ရေးစစ်ရာ တလတာ” ■ နောင်လူသစ် – စက်တင်ဘာလ (၁) ရက်နေ့မှ စက်တင်ဘာလ (၂၈) ရက်နေ့အထိ – ☆ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့မှ စက်တင်ဘာလ (၂၈) ရက်နေ့အထိ (၂၈) ရက်တာအတွင်း မြန်မာနိုင်ငံတဝန်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား လက်နက်ကိုင်တိုက်ပွဲ ကြီးငယ်ပေါင်း (၃၃၂) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။ ☆ အဆိုပါ တိုက်ပွဲ (၃၃၂) […]

Short Stories

နောက်တခါ သားနဲ့ ဖုန်းပြောဖြစ်ရင်

“နောက်တခါ သားနဲ့ ဖုန်းပြောဖြစ်ရင်” ရွယ်မိုး ကျမ ဘုရားဝတ်ပြုပြီး ကြေးစည်လေးကို ကောက်ကိုင်လိုက်တယ်။ နှုတ်ကနေလည်း မတိုးမကျယ် မေတ္တာပို့နေတယ်။ “လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဘေးရန်ခပ်သိမ်း ကင်းစင်ဝေး ငြိမ်းအေးကြပါစေ “ မေတ္တာပို့ပြီးနောက်မှာတော့ ကြေးစည်ကို သစ်သားတူလေးနဲ့ နှက်လိုက်တယ်။ “နှောင် … နှောင် …” “အရှင်ဘုရား ဘုရားတပည့်တော်မ ရင်နှစ်သည်းချာ သားလေးလည်း ဘေးမသီ ရန်မခဘဲ ကိုယ်စိတ်ကျန်းမာပါစေ ဘုရား” လေမတိုက်ပါဘဲ […]

Flim Reviews

ပူရှိန်းသကြားလုံး ရုပ်ရှင်

“ပူရှိန်းသကြားလုံး ရုပ်ရှင်” ညီလင်းအိမ် သူဟာ ဘဝတခုလုံး ဒလိမ့်တုံးတလုံးလိုသာ ဖြတ်သန်းသွားရတယ်။ သေသာသွားရော ပူရှိန်းသကြားလုံးကလေးရဲ့ အရသာကို ပြည့်ပြည့်ဝဝ ခံစားခဲ့ရတယ် မထင်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~ လူသားတယောက်ရဲ့ ဘဝအတ္ထုပ္ပတ္တိ သမိုင်းစာမျက်နှာတွေကို ဘယ်အရာတွေက စီရင်ရေးသားလိုက်သလဲ။ ရှေးဘဝက ပြုခဲ့သမျှသော တုံ့တင်ပြုမူခဲ့မှုများရဲ့ စီရင်ချက်တွေကနေလား။ ဘုရားရှင်များရဲ့ မျက်နှာသာပေးမှုတွေကနေလား။ မိမိကျင်လည်ရာ ပတ်ဝန်းကျင်ကနေလား။ သင်ကြားလာခဲ့ရတဲ့ ပညာရေး တွေးခေါ်မြော်မြင်မှုတွေကနေလား။ ကျနော်ကတော့ သူဖြတ်သန်းခဲ့ရတဲ့ ခေတ်ကြီးကပဲ စီရင်ချက်ချသွားတယ်လို့ မှတ်ချက်ပြုမိလိုက်ပါတယ်။ […]

ဆောင်းပါး

တော်လှန်ရေး ပညာရေးနဲ့ ကြုံဆုံရသော အပူလှိုင်းများ

“တော်လှန်ရေး ပညာရေးနဲ့ ကြုံဆုံရသော အပူလှိုင်းများ” လူရောင်လွင် တနေ့မှာ ကျနော် ရွာတရွာကိုသွားပြီး စာသင်ကျောင်းကိစ္စ အုပ်ကြီးတွေနဲ့ အစည်းအဝေးလုပ်ရတယ်။ အစည်းအဝေးက မနက် ၉ နာရီလောက်ကတည်းက ပြီးသွားခဲ့ပေမဲ့ မိုးရွာနေလို့ အုပ်ကြီးအိမ်မှာပဲ ခန နေနေလိုက်တယ်။ စကားလေးဘာလေးပြောရင်း တော်ကီဖုတ်ကြပေါ့။ ကျနော်နဲ့အုပ်ကြီးနဲ့ ကျောင်းပညာရေးကိစ္စ ပြောနေကြရင်း တော်လှန်ရေးကာလရောက်မှ ခန့်အပ်တဲ့ ဆရာမလေးတွေရဲ့ အခက်အခဲတွေအကြောင်း ရောက်သွားတယ်။ ကျနော်တို့ တပ်ရင်းမှူးက ပြောဖူးတယ်။ ကြိုက်မယ့်ကြိုက် တော့ […]

ကဗျာ

ပင်လယ်ထဲမချရက်ခဲ့တဲ့ စီးကရက်ဖင်စီခံ​တွေ ​ကျောပိုးအိတ်နဲ့အပြည့်

■ ​​​​သရဲ ရေးဖွဲ့သော “​​ပင်လယ်ထဲမချရက်ခဲ့တဲ့ စီးကရက်ဖင်စီခံ​တွေ ​ကျောပိုးအိတ်နဲ့အပြည့်” ကဗျာကို ​​​​​မင်း​ချေ ခံစားရွတ်ဆိုထားပါသည်။ – The Call ရဲ့ YouTube Channel (https://youtube.com/@thecall2022) တွင်လည်း Audio Book များကို ခံစားနားဆင်နိုင်ပါတယ်။

ကဗျာ

စစ်ပွဲတွေပြီးရင်

‘စစ်ပွဲတွေပြီးရင်’ ယောနသံ ရဲဘော်လေးရဲ့အလောင်း မြေချအပြီး ဘုန်းတော်ကြီးက ပြောတယ် “စစ်ပွဲတွေဖြစ်ရင် … ယောက်ျားတွေက သေစေနိုင်မယ့် ရွေးချယ်မူတွေကိုပြုကြပြီး မိန်းမတွေကတော့ အသက်ရှင်သန်ဖို့ နည်းလမ်းတွေကိုပဲ တွေးပူကြသတဲ့”။ လမ်းဘေးမှာ မူးလဲ‌နေတဲ့ အမူးသမားတစ်ယောက်က ပြောတယ် “စစ်ပွဲတွေ ပြီးသွားရင်… ယောက်ျား‌တွေအတွက် ကဗျာတွေ ကျန်ရစ်ခဲ့ပြီး အမျိုးသမီးတွေအတွက်တော့ အိပ်မက်ဆိုးတွေ ကျန်ခဲ့လိမ့်မယ်..” တဲ့ ။ ဈေးထဲက ချိုင်းထောက်နဲ့ အရူးတစ်ယောက် တွေ့ရာလူ လိုက်ပြော‌နေတယ်… “စစ်ပွဲတွေက […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ” -၂၀၂၄ ​စက်တင်ဘာ ၂၇ ​သောကြာနေ့ – ■ မနက်ခင်းအတွေး မနက်မိုးလင်းတာနှင့် ယူကျု့က တရားခွေတွေ တန်းစီဖွင့်သည်။ လူကတော့ ရေအိမ်ဝင်လိုက်၊ ညကပန်းကန်တွေဆေးလိုက်၊ ခြံထဲဆင်း တံမြက်စည်းလှဲလိုက်နှင့် လုပ်စရာရှိတာတွေ လျှောက်လုပ်နေသည်။ အားလုံးပြီးတော့ လမ်းထိပ်မှာတခုခုသွားဝယ်ဖို့ ဆိုင်ကယ်လေးနှင့်ထွက်သွားပြန်သည်။ မေတ္တာသုတ်တွေ၊ အန္တရယ်ကင်းဂါထာတွေ၊ လာဘ်ခေါ်ကပ်ကျော်သီချင်းတွေကတော့ မရပ်မနား။ သူ့စိတ်ကူးနှင့်သူဆိုတော့လည်း ကိုယ်မကြိုက်တာလေးနှင့် အပြစ်သွားပြောလို့မရ။ မနက်စောစော အော်ဟစ်ကြိမ်းမောင်းဆဲဆိုသံတွေနှင့် နိုးထတတ်သည့် […]

သတင်းသုံးသပ်ချက်ဆောင်းပါး

အခရာကျလာတဲ့ ရှမ်းတောင်မြောက် ကွင်းဆက်

“အခရာကျလာတဲ့ ရှမ်းတောင်မြောက် ကွင်းဆက်” – သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ကျော်ဇောခိုင် အရင်တပတ်က တင်ပြခဲ့သလို ရာဂီမုန်တိုင်းဟာ စက်တင်ဘာလဝက်လောက်မှာ ရှမ်းတောင်နဲ့ မန်းတောင်ဘက်တွေမှာ သက်ရောက်မှု အတော်ပြင်းထန်ခဲ့တာမို့ စစ်ရှိန်က မဆိုစလောက်ကျသွားတာ တွေ့ရတယ်။ မုန်တိုင်းသက်ရောက်မှုဟာ ကရင်နီ (အထူးသဖြင့် လွိုင်ကော်) ကို ရောက်လာတဲ့ စက်တင်ဘာ တတိယပတ်မကုန်ခင်ထိ ရေဘေးနဲ့ ကယ်ဆယ်လှူဒါန်းရေး သတင်းတွေက စစ်သတင်းတွေကို လွှမ်းမိုးထားနိုင်ခဲ့တယ်။ စက်တင်ဘာနောက်ဆုံးပတ်ထဲမှာ မိုးသည်းထန်မှုနဲ့ ရေကြီးမှုဒဏ်ဟာ […]