သတင်းသုံးသပ်ချက်ဆောင်းပါး

အခြေခိုင်လာတဲ့ ပဲခူးတိုင်းစစ်ဆင်ရေး

“အခြေခိုင်လာတဲ့ ပဲခူးတိုင်းစစ်ဆင်ရေး” – သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ​ကျော်​ဇောခိုင် ဇွန်လ ၂၅ ရက်နေ့က ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာရှိတဲ့ စကစရဲ့ စခန်း ၉ ခုကို PDF စစ်ဆင်ရေးနယ်မြေ ၂ ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်တွေနဲ့ KNLA တပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ MOD (NUG ကာကွယ်ရေးဝန်ကြီးဌာန) က သတင်းထုတ်ပြန်ခဲ့တယ်။ မနှစ်က ၂၀၂၄ သြဂုတ်လလောက်ကအရှိန်စယူခဲ့တဲ့ ပဲခူးတိုင်းတွင်းက တိုက်ပွဲတွေဟာ တနှစ်နီးပါးရှိလာတဲ့ Read More

ကဗျာ

သဲလွန်စ

‘သဲလွန်စ’ ယောနသံ ကျွန်‌တော်က ငလျင်လှုပ်တဲ့ အထဲလည်းမပါ တိုက်ပိတဲ့ အထဲလည်းမပါပဲ ပျောက်နေခဲ့တာ။ စစ်ကြီး စဖြစ်ကတည်းက ကျွန်တော့်ကို မတွေ့ရတော့တာပဲ။ ကျွန်တော့်ကို မတွေ့ဖူးတဲ့လူတွေကြား ကျွန်တော့်ကို တွေ့မိကြလားလို့ ဘယ်လိုမေးလို့ ရမှာလဲ။ ကျွန်တော့်ကို မြင်ဖူးသူတွေက စစ်ကြီးထဲမှာ အကုန်သေကုန်ကြပြီ ကျွန်တော်ဟာ နောက်ဆုံး မျက်မြင်သက်သေပဲ။ စစ်ကြီးထဲမှာ မှတ်ညာဏ်တွေပါ ဗုံးကျဲခံရတယ်။ သဲလွန်စက ကျွန်တော်ဟာ သက်ြန်မှာ ပျော်ရွှင်ဖူးခဲ့တဲ့ ကလေးတစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ April Read More

ဆောင်းပါး

ငြိမ်းချမ်းရေးအသံများ၊ ဘာလဲ ဘယ်လဲ

‘ငြိမ်းချမ်းရေးအသံများ၊ ဘာလဲ ဘယ်လဲ’ ညီ​ကျော် စစ်ကိုင်းငလျင်ပြီးနောက် မြန်မာနိုင်ငံတွင်းပြည်တွင်းစစ်ပဋိပက္ခတွေကို ရပ်တန်းကရပ်ကာ ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ ဆော်အောတဲ့အသံတွေ ပိုပြီး ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာတယ်။ တော်လှန်ရေးနဲ့ပြည်တွင်းစစ် အချိန်ကြာလာတာနဲ့အမျှ ပြည်သူလူထုဟာ အထွေထွေအကျပ်အတည်းကို ပိုပိုခံစားလာရတယ်။ အဲ့အနေအထားကို ပိုပြီးအသက်ရှူကြပ်လာစေဖို့ အကြောင်းဖန်လာတာက သဘာဝဘေးဖြစ်တဲ့ငလျင်ကြီးပါပဲ။ ငလျင်ကြီးကြောင့် ကျပ်တည်းလက်စပြည်သူလူထုဟာ ပိုပိုပြီး ခက်ခဲကျပ်တည်းလာဖို့ပဲရှိတယ်။ နေထိုင်စရာခက်ခဲမှုတွေ ပိုရင်ဆိုင်ရမယ်၊ စားစရာနဲ့ အလုပ်အကိုင်ဟာ ပိုခက်ခဲလာမယ်၊ ဒီအခြေခံကျတဲ့အရာတွေအပြင် တခြားစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ အများကြီးရင်ဆိုင်ရမှာဖြစ်တယ်။ ဒါ့ကြောင့်ပဲ နိုင်ငံရေးအခြေအနေတည်ငြိမ်ဖို့လိုအပ်ပြီး အဲဒီလို Read More

ဆောင်းပါး

လူခြေတိတ်သွားတဲ့ ပန်းခြံ‌

‘လူခြေတိတ်သွားတဲ့ ပန်းခြံ‌’ တာပလု ပန်းခြံ‌ဘေးတနေရာကို ရောက်လာတဲ့နေ့က မိုးက ဖွဲဖွဲကျနေတယ်။ ပန်းခြံထဲမှာတော့ ခွေးတကောင် ကြောင်တမြီးမှ မရှိသလို လူတွေလဲ တယောက်တလေမှတောင် မရှိဘူး။ ပန်းခြံ သန့်ရှင်းရေး လုပ်တဲ့သူတော့ ရှိသင့်တာပေါ့။ အခုတော့ လူသူကင်းရှင်းနေတဲ့ ပန်းခြံတခုဖြစ်လို့နေတယ်။ ပန်းခြံလို့သာပြောတာပါ။ လေးဖက်လေးလံ ခြံစည်းရိုးခတ်ထားတာဆိုတော့ မြေကွက်လပ်တခုကို ခြံခတ်ထားတာနဲ့တောင် တူနေတယ်။ ခြံစည်းရိုးတနေရာမှာတော့ ပန်းခြံရဲ့နာမည်ကို ရေးထိုးထားလို့သာ ဒီနေရာဟာ ပန်းခြံတခုဖြစ်တဲ့အကြောင်းကို သိရမှာပါ။ ဒီဆိုင်းဘုတ်မရှိဘူးဆိုရင်တော့ ဒီနေရာက Read More

ကဗျာ

ဒီလက ဂျွန်လဖြစ်တယ်

‘ဒီလက ဂျွန်လဖြစ်တယ်’ လိပ်နင်ဂျာ ဂျွန်လဟာ မိမိပဲ သူမကိုယ်ထဲမှာ ပုန်းအောင်းနေထိုင်တဲ့၊ မိခင်ဖြစ်သူအတွက် မကောင်းဆိုးဝါး မိစ္ဆာ ထိုသူတို့အတွက် မမြင်အပ် မကြားအပ်တဲ့၊ ကောင်းနိုးရာရာ နတ်မင်းများကို ပင့်ခေါ်ပြီး တိုက်ထုတ်ရမယ့် ကံနိမ့်လို့ ဝင်ပူးနေတာ ပင်လယ်ကြမ်းပြင်အောက်က ကျောက်တုံးများကြား ညှပ်ကျန်ခဲ့သော လျှာ တခါက ပူစီများကြား အလုပ်များခဲ့သော လျှာ ပြည်တွင်းစစ်က လျှာကို စားသွားပြီ ဂျွန်လရောက်တိုင်း ဖရန့်အိုဟာရာဆီ မရောက်မဖြစ် အိမ်ပြန်ရဖို့ဟာ အဆုံးစွန်ဆုံးသော Read More

သတင်းသုံးသပ်ချက်ဆောင်းပါး

စိနပါဝါအခင်းအကျင်း အပိုင်း(၂)

“စိနပါဝါအခင်းအကျင်း – ၂” – သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ​ကျော်​ဇောခိုင် ဇွန်လ ၂ ရက်နေ့က ဘေဂျင်းမှာ အရင် တရုတ် ဗဟိုစစ်ကော်မရှင်ရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်ခဲ့တဲ့ အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီး ရွှီကျီလျန်း (Xu Qiliang) ကျန်းမာရေး ဆိုးဝါးလာရာကနေ ကွယ်လွန်ခဲ့တယ်။ ရွှီဟာ ဗဟိုစစ်ကော်မရှင်မှာ ၂ ကြိမ်ဆက် (၂၀၁၂ – ၂၀၂၂) တာဝန်ယူခဲ့သူဖြစ်တယ်။ ဒီသက်တမ်း ၂ ခုဟာ Read More

ကဗျာ

ငယ်ဘဝဆီ သွားကြစို့

‘ငယ်ဘဝဆီ သွားကြစို့’ မောင်တင်သစ် ဟောဒီကန်သင်းရိုးကလေးအတိုင်း လျှောက်ရင် မင်းငယ်ဘဝဆီ ရောက်လိမ့်မယ် ခြေသံကြားတာနဲ့ လယ်ပုဇွန်လုံးတွေက မြေကျစ်စာတွင်းထဲ ဆင်းပြေးကြမှာပေါ့ ရေစပ်စပ်မှာ ငါးရှဥ့်တကောင်တလေ ရွှံ့လူးနေတာ တွေ့ဦးမယ် တနှစ်သား တလင်းပြင်ထဲ စပါးနယ်နေတုန်း မင်းကို လည်ပြန်ခတ်တဲ့ ကျွဲဂျိုကား မှတ်မိသေးလား သူရှိသေးရင် ခုအချိန် သူလည်း ရွှံလူးနေမှာပေါ့ ကတွတ်ပေါက်မှာ မြုံးထောင်ရင် ငါးမြွေထိုး အကြီးအသေး တထွေးကြီးလည်း ရတတ်တယ် ငရုတ်စပ်စပ်နဲ့ ပင်စိမ်းအုပ်ပြီး လွေးရုံပဲ Read More

ဆောင်းပါး

ဟီးရိုးလား ဇီးရိုးလား

‘ဟီးရိုးလား ဇီးရိုးလား’ ​မောင်​ရွှေရည် ငလျင်ကြီးလှုပ်တော့ မခိုင်မာတဲ့ တိုက်တာအဆောက်အအုံတွေ ပြိုကျသလိုပါပဲ၊ ခေတ်ကြမ်းကြီးကို ဖြတ်သန်းကြရချိန်မှာ ခံယူချက် ရပ်တည်ချက်မခိုင်မာသူတွေ ‘မြောင်းထဲ’ ရောက်သွားကြတာ သဘာဝကျပါတယ်။ ခေတ်ကြမ်းကြီးကိုကြုံရတော့ ဒဏ်မခံနိုင်သူတွေက အသံတွေထွက်လာတယ်။ ထွက်လာတဲ့ အသံတွေကို နားစွင့်ကြည့်လိုက်ရင် သူ့ရပ်တည်ချက် ခံယူချက်တွေ အရိပ်အမြွက်ပါလာတာ တွေ့နိုင်တယ်။ ရိုက်ပုတ်တဲ့ဒဏ်ကို ကြံ့ကြံ့မခံနိုင်တဲ့အခါ အချို့က တကိုယ်ကောင်းဆန်ချင်လာတယ်။ ‘ဘယ်သူသေသေငတေမာရင်ပြီးရော’ လမ်းကြောင်းကို ရွေးချယ်တယ်။ ဒူးထောက် လက်မြှောက်ပြီး ကျရှုံးသွားတယ်။ ပြည်သူလူထု Read More

သတင်းသုံးသပ်ချက်ဆောင်းပါး

စစ်နဲ့ တော်လှန်ရေးအတွေးအခေါ်

⁨”စစ်နဲ့ တော်လှန်ရေးအတွေးအခေါ်” – သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ​ကျော်​ဇောခိုင် ဇွန် ၁၃ ရက်နေ့က အစ္စရေးလ်ဟာ အီရန်မြို့တော် တီဟီရန်ရဲ့ တောင်ဘက်မှာရှိတဲ့ နတ်တန်ဇ်က ယူရေနီယမ် သန့်စင်စက်ရုံကို ဗုံးကြဲ တိုက်ခိုက်လိုက်တဲ့အတွက် အမြဲလိုရန်စောင်နေတဲ့ အစ္စရေးလ်-အီရန်စစ်ပွဲဟာ တကယ် အသက်ဝင်လာခဲ့ပြီဖြစ်တယ်။ စစ်ပွဲ ၆ ရက်ကြာလာတဲ့အခါမှာ ထင်ရှားလာတာတခုက အစ္စရေးလ်ရည်ရွယ်ချက်ဟာ အီရန်ရဲ့ နျူကလီးယားအိပ်မက်ကို အနည်းဆုံး ဟန့်တားထားနိုင်ဖို့နဲ့ အခွင့်သာရင် ဖျက်ဆီးပစ်ဖို့ ဆိုတာဖြစ်တယ်။ Read More

ဆောင်းပါး

ကိုကြီးညိုပြောပြတဲ့ သူဌေးသားအဖဝတ္ထု

“ကိုကြီးညိုပြောပြတဲ့ သူဌေးသားအဖဝတ္ထု” အော်စွန်းမိုင် ငလျင်လှုပ်ခတ်အပြီးမှာ မန္တလေးက ကိုကြီးညိုတို့အိမ်ကြီး ဘာမှမဖြစ်ဘဲ အကောင်းပကတိနီးပါး တည်ရှိကျန်ရစ်ကြောင်း သတင်းကြားရတဲ့အတွက် နည်းနည်းတော့ စိတ်သက်သာရာ ရရှိပါတယ်။ ကိုကြီးညိုတို့ မိဘနှစ်ပါးက နှစ်ရှည်လများ အပတ်တကုတ် ကြိုးစားပမ်းစား လုပ်ကိုင်ဆောင်ရွက်ခဲ့ရာကနေ ယနေ့အနေအထားအထိ တည်တံ့ခိုင်မြဲတဲ့ လူနေမှုစနစ်နဲ့ ပြည့်စုံကောင်းမွန်တဲ့ နေရေး၊ စားရေးမှာ ယုံကြည်စရာကို ယုံကြည်သက်ဝင်၊ သစ္စာရှိစရာကို သစ္စာရှိခဲ့၊ အလုပ်အကိုင်လိုသူအတွက် အလုပ်အကိုင် ဖန်တီးပေးခဲ့နိုင်ပြီး နောက်လူတွေကို မြေတောင်မြှောက်ပေးနိုင်ခဲ့တဲ့ ဘဝများနဲ့ Read More