Short Stories

အ​ဝေးက ​တောင်တန်း​တွေ

■ ​ဆောလျန် ​ရေးသား​သော “​အ​ဝေးက ​တောင်တန်း​တွေ” ​​​ဝတ္ထုတိုကို ​​ပိုင်ဖြိုးသု ရွတ်ဖတ်ထား​ပါသည်။ – The Call ရဲ့ YouTube Channel (https://youtube.com/@thecall2022) တွင်လည်း Audio Book များကို ခံစားနားဆင်နိုင်ပါတယ်။

Flim Reviews

အဖွားတွေကိုလွမ်းစေတဲ့ ရုပ်ရှင်

ညီလင်းအိမ် အသက် ၈၀ ပျှမ်းမျှအရွယ် အဘွားအိုတယောက်ရဲ့ မိသားစု ဘဝသိုက်မြုံကို အခြေခံပြီးရိုက်ပြတဲ့ ထိုင်းရုပ်ရှင်ကို ကြည့်ရတော့ ကျနော့်မှာ မျက်ရည်ဝဲရုံတင်မကဘဲ ငိုချမိတဲ့အထိ ဖြစ်သွားရပါတယ်။ ဘာလို့လဲဆိုတော့ ကျနော့်ဘဝ သုံးပုံနှစ်ပုံနီးပါးက အဖိုးနဲ့အဖွားအရိပ်အောက်မှာ ကြီးပြင်းခဲ့ရလို့ပါ။ ကျနော် လသားအရွယ်မှာတင် အဖေဖြစ်သူက ဆုံးပါးသွားတာမို့ မုဆိုးမဖြစ်သွားရတဲ့ အမေ့ကို အဖိုးနဲ့အဖွားက ပြန်ခေါ်ရာကနေ ကျနော်ဟာ အဖိုးအဖွားအရိပ်မှာ ကြီးပြင်းခဲ့ရတယ် ဆိုပါတော့။ အဲဒီလို နေထိုင်ရမှုက ကျနော့်အတွက် ကံကောင်းမှုတရပ်လို့ […]

Short Stories

ပုလွေဆရာ သေဆုံးခန်း

ရိုင်းစိုင်းသော် (၁) ဒီတခါ သတိလွတ်သွားတဲ့အချိန်ကိုတော့ သေချာမှတ်ထားမယ်လို့ မိနီ တေးထားတယ်။ ဒီနေ့လည်း ထပ်ဖြစ်နိုင်တယ်လို့ သူ့စိတ်က ထင်နေတယ်လေ။ မနက်စာအတွက်တော့ လမ်းဘေးမှာ ကလေးတယောက်ယောက် ကျနေခဲ့ပုံရတဲ့ ဘိန်းမုန့်အပဲ့တခုကို သူစားပြီးပြီ။ ဈေးလမ်းကြားမှာ မြေပဲသီးတောင့်နည်းနည်း ထပ်တွေ့တာကို အသိုက်ထဲ ကိုက်ချီသွားမလို့ စိတ်ကူးနေတုန်းမှာပဲ ကြိမ်နှုန်းမြင့် အသံတခုကို ကြားလိုက်ရတယ်။ “စပြီနော် စပြီ” လို့ သူ့ကိုယ်သူ ပြန်သတိပေး ရေရွတ်ရတယ်။ အသံကို မကြားရအောင် ဖုံးထားနိုင်မလားဆိုပြီး […]

စကားပြေကဗျာ

ဗုံးခိုကျင်း

■ ​​​​ရွက်စိမ်း ရေးဖွဲ့သော “​​ဗုံးခိုကျင်း” စကား​ပြေကဗျာကို ​​​​​စန္ဒီ ခံစားရွတ်ဆိုထားပါသည်။ – The Call ရဲ့ YouTube Channel (https://youtube.com/@thecall2022) တွင်လည်း Audio Book များကို ခံစားနားဆင်နိုင်ပါတယ်။

သတင်းသုံးသပ်ချက်ဆောင်းပါး

ဝဋ်ဒုက္ခဟာ ရေမီးအစုံအလင်နဲ့

– သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ကျော်ဇောခိုင် စက်တင်ဘာ ၁ ရက်နေ့က ဖိလစ်ပိုင် အနောက်ဘက်ပင်လယ်ပြင်မှာ ရာဂီမုန်တိုင်း အစပျိုးတယ်။ ၄ ရက်နေ့မှာ တရုတ် ဟာဝိုင်ယီလို့ တင်စားခေါ်တဲ့ ဟိုင်နန်ကမ်းခြေကို တိုက်တယ်။ ဟိုင်နန်ကျွန်းနဲ့ ပြည်မကြီးရဲ့ ရေလက်ကြားကိုဖြတ်ပြီး မြောက်ဘက် ဂွန်ဒေါင်းပြည်နယ်ကို တိုးဝင်တယ်။ ရှန်ဟိုင်းမှာတော့ နှစ် ၇၀ အတွင်း အပြင်းထန်ဆုံး မုန်တိုင်းလို့ သတင်းတွေမှာတွေ့ရတယ်။ ‘မုန်တိုင်းရဲ့ခြေရာ’ တရုတ်နဲ့အပြိုင် မုန်တိုင်းဟာ […]

ဆောင်းပါး

စစ်မီးပြီးဖို့ အချိန်တန်ဖို့ လိုတယ်

ဆူးနတ်သန် မြန်မာနိုင်ငံထဲက လူတွေမှာ စစ်မီး ဘယ်တော့ပြီးမလဲ ဆိုတဲ့ စိတ်ခံစားချက် အမြင့်ဆုံးအနေအထား ဖြစ်နေပါတယ်။ နောက် ဒီပဋိပက္ခကြားထဲက စိတ်ဒုက္ခအရောက်ဆုံး အခြေအနေတွေ ဖြစ်နေပါတယ်။ လူတော်တော်များများမှာ ဘဝတွေ အစကနေ ပြန်စဖို့ ရပ်တန့်နေတဲ့အလုပ်တွေ အရင်လို ပြန်လည်ပတ်နိုင်ဖို့ မျှော်လင့်ချက်ဆိုတာ စစ်မီးပြီးဖို့ပဲ ဖြစ်ပါတယ်။ ဒါဆို စစ်မီးပြီးအောင် ဘာလုပ်သင့်လဲ၊ ဘာတွေ လိုအပ်လဲ။ စစ်မီးပြီးဖို့ အချိန်တန်ဖို့ လိုအပ်ပါတယ်။ အချိန်ဆိုတာကလည်း လူ့အဖွဲ့အစည်းက ချိန်ကိုက် […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ” -၂၀၂၄ ​စက်တင်ဘာ ၁၈ ဗုဒ္ဓဟူးနေ့ – သွားလေသူ အဖိုး ပြောသွားတာလေး မကြာခဏ အမှတ်ရမိတယ်။ “စစ်တပ်က သနပ်ခါးလိမ်းတာ သိပ်ကြိုက်တာကွ” တဲ့။ “အပေါ်ယံ ရွှေမှုန်ကြဲ ဟန်လုပ်ပြတာလောက်ပဲ စိတ်ဝင်စားတဲ့ကောင်တွေ” တဲ့။ ၁၉၆၂ မှာ နေဝင်း အာဏာသိမ်းပြီးနောက်ပိုင်း ဆိုရှယ်လစ်စီးပွားရေးဆိုတာကို အကြောင်းပြပြီး ပုဂ္ဂလိကလုပ်ငန်းတွေ ပြည်သူပိုင်သိမ်းတော့ အောင်မြင်နေတဲ့ မိသားစုလုပ်ငန်းလေး အသိမ်းခံရမှာ စိုးလို့ […]

Short Stories

နှစ်စိတ်-တစ်ကိုယ်

ညိမ်းအေး စိတ်ဟာစိတ်နဲ့ လုံးထွေးသတ်ပုတ်နေရတယ် ချစ်တဲ့သူက ချစ်တယ် ညစ်တဲ့သူက ညစ်တယ် ချစ်တဲ့သူကိုလည်း ပြန်ချစ်ဖို့ ညစ်တဲ့သူကိုလည်း ပြန်ချစ်ဖို့ တပြားသားမှ မလျော့လေစေနဲ့ ငါတို့ရင်းထားရတာ စက္ကူစာရွက်စုတ်တစုတ်ပေါ်က ဆေးမှင်သားတွေမဟုတ် အသက်တွေ၊ ဘဝတွေ ၊ အနာဂတ်တွေ သာ၏နာ၏မရှိ ငါတို့အားလုံးဟာ မိုးပြိုနေတဲ့သူတွေချည်းအတူတူ ဒီလှေကိုလှော်ဖို့ ဒီတက်တွေညီဖို့လို ဒီခရီးပေါက်မြောက်ဖို့အဓိက ချစ်ခြင်းမေတ္တာဟာ ဖြေဆေးပဲ ဂရုဏာပါထပ်ပေါင်းရင် ပိုပြီးဆေးစွမ်းထက်လိမ့်မယ် သည်းခံခွင့်လွှတ်မှုနဲ့ အနာကိုဆေးရင်း ဒီခရီးကို ဖြောင့်စေရအောင် ဒါကြောင့် […]

ကဗျာ

ဖရဲသီး

ကိုကိုသက် အထဲကနီပြီး အပြင်ကစိမ်း ဆိုပေမယ့် ထင်သလောက် မရိုးရှင်း အစိမ်းနဲ့အနီကြားမှာ အဖြူရောင် အနီထဲမှာ အနက်ရောင်အစေ့လေးတွေ အတွင်းသားဝါတဲ့ ဖရဲသီးလည်းရှိရဲ့ စနိုက်ပါ လေ့ကျင့်သူများကတော့ လူ့ခေါင်းလောက်အရွယ်ရှိပြီး ကျည်ထိရင် လူ့ခေါင်းလို ဂွမ်းကနဲ ပွင့်ထွက် အထဲက သွေးရောင် လျှံထွက်လာတဲ့ ဖရဲနီကို သဘောကျကြတယ် လူ့ခေါင်းခွံဟာ ဖရဲခွံလို မာကြောပြီး လူ့ဦးနှောက်ဟာ ဖရဲသားလို နူးညံ့တယ် ဆိုပေမယ့်— ဖရဲသီးမှာ နားရွက်မပါဘူး ဖရဲသီးမှာ အသက်မပါဘူး […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

-၂၀၂၄ ​စက်တင်ဘာ ၁၇ အင်္ဂါနေ့ – ■ မနက်ခင်းအတွေး ဗုဒ္ဓဘာသာဝင်တွေအတွက် ရန်သူမျိုး ငါးပါးဆိုတဲ့ ဗုဒ္ဓရဲ့ ဟောကြားသင်ပြချက်တခု ရှိပါတယ်။ ဗုဒ္ဓဘာသာဝင်တွေအတွက်ဆိုပေမယ့် ဒါကို မြန်မာနိုင်ငံက လူအားလုံးလိုလို ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်နေနိုင်ပါတယ်။ “ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သောသူ” ဆိုတာမှာ မူကွဲတခုအနေနဲ့ “ရေ၊ မီး၊ မင်း၊ ခိုးသူ၊ အမွေခံဆိုး” လို့လည်း တွေ့ရပါတယ်။ ဒီနေရာမှာတော့ ပိုရင်းနှီးပြီးသားဖြစ်တဲ့ […]