
ခေါ်သံရဲ့မနက်စာ
မနက်ခင်းအတွေး
-၂၀၂၄ စက်တင်ဘာ ၁၆ တနင်္လာနေ့ – ■ မနက်ခင်းအတွေး ထုံးစံအတိုင်းပေါ့လေ။ အားလုံးပြီးမှ ရဲရောက်လာတယ်ဆိုသလိုပေါ့။ နွံဖုံး ရေမျောတဲ့သူတွေရဲ့ ငိုသံအော်သံတွေ ဆက်မထွက်နိုင်တော့တဲ့အချိန်ကျမှ ပီးပေါ်ပီးပေါ်နဲ့ အရေးပေါ်ကားတန်းကြီးတွေ ဆင်းချလာကြ။ ပရိုကင်မရာကြီးတွေထမ်းပြီး လမ်းပေါ်တင်ကျန်ခဲ့တဲ့ ရွှံ့ရေစပ်စပ်မှာ ဘဲသွားသွားပြကြ။ တံတားပေါ်ကနေ အောက်ကချောင်းရေစီးကို ရီဝေမှုန်မှိုင်းနဲ့အကြည့်နဲ့လှမ်းမျှော်ငေးရင်း သမိုင်းရေစီးထဲမှာ တနေ့ကျရင် ငါလည်းအမှိုက်လေးတစလို မျောပါရမှာပါလားလို့ တွေးများတွေးတတ်ခဲ့ရင်။ တယောက်က နိုင်ငံတကာအကူအညီတွေ တောင်းခံရမယ်တဲ့။ တယောက်က မီဒီယာတွေ ပါးစပ်ဆော့လို့ […]