Categories

အဓိကကျလာတဲ့ ပွင့်လင်းရာသီအကြို ပြင်ဆင်မှု

ကျော်ဇောခိုင် သြဂုတ်လဝက်ပိုင်း ဝမ်ယီ နေပြည်တော်ကိုလာပြီးတဲ့နောက် ချင်းမိုင်နဲ့ ဘေဂျင်းမှာ မြန်မာပြည်နဲ့ပတ်သက်တဲ့ အစည်းအဝေးတွေလုပ်ခဲ့တယ်။ တရုတ်ရဲ့ဖိအား တော်လှန်ရေးပေါ်မှာ ပိုတင်းကျပ်လာတာ တွေ့ကြရတယ်။ ဒါပေမယ့် တရုတ်လိုချင်နေတဲ့ တည်ငြိမ်ရေးနဲ့ဆန့်ကျင်ဘက် စကစဘက်က မြောက်ပိုင်းညီနောင်တွေကို အကြမ်းဖက်တွေအဖြစ် ကြေညာတယ်။ ဆက်တိုက်ဆိုသလို အရပ်ဘက်နဲ့ စစ်ဘက်ပစ်မှတ်တွေကို စကစရဲ့ ဗုံးကြဲတိုက်ခိုက်မှုသတင်းတွေက ပြီးခဲ့တဲ့တပတ်လုံးကို လွှမ်းမိုးခဲ့တယ်။ ‘ဘာတွေထူးလို့လဲ’ ဒီတော့ သြဂုတ်လဝက်နဲ့ စက်တင်ဘာလဆန်းအကြား ပြည်တွင်းနဲ့ နိုင်ငံတကာမှာ ဘာတွေ ထူးခြားသလဲဆိုတာ ကြည့်တော့ […]

Editorial

မနက်ခင်းအတွေး

-၂၀၂၄ ​စက်တင်ဘာ ၁၂ ကြာသပ​တေးနေ့ – ■ မနက်ခင်းအတွေး ဒုက္ခဆိုတာ သူ့ချည်းပဲမလာဘူး။ အဖော်အပေါင်းနဲ့လာတာတဲ့။ မနက်အသက်ဆက်ရှင်နေသေးရင်တော့ လာကူကြပါဦးဗျာတဲ့။ စာကလေးတကြောင်းပေမယ့် ရင်ထဲဆို့ရတယ်။ ခေါင်မိုးက ထုပ်တန်းပေါ် ဆင့်ကလေးထိုးပြီး တက်နေရတဲ့ မိသားတစုအတွက် လွတ်လမ်းက ဘယ်မှာလဲလို့ ကိုယ့်မေးခွန်းထဲ ကိုယ်ပြန်မွန်းကြပ်ရတယ်။ ဓာတ်ပုံကလေးတပုံပေမဲ့ အသက်ရှုမဝတော့ဘူး။ ရေမြုပ်နေရတဲ့အထဲ ငလျင်ကလှုပ်သေးသတဲ့။ အဲဒီနေရာမှာ မဟုတ်တာအကုန်လုပ်ပြီး ကြွက်တွင်းထဲဝင်ပုန်းနေကြမယ်ဆိုတဲ့ သတ္တဝါတစုအတွက် ဆုကတောင်းဖြစ်အောင် တောင်းလိုက်မိသေးတယ်။ တံတားတစင်းဆောက်ရင် တိုက်တလုံးကျန်တယ်။ […]

Categories

မန္တလေးဖြစ်စစ်သမိုင်း (သို့မဟုတ်)စစ်ပွဲတွေထဲက မန္တလေး

သူရိန် မန္တလေးမြို့သက်တမ်းက နှစ် ၁၇၀ နီးပါးရှိပါပြီ။ လက်ရှိအချိန်မှာ စစ်ရိပ်တွေသန်းနေပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတခွင်က စစ်ရှောင်ပြည်သူတွေလည်း ရောက်ရှိနေသလို မန္တလေးမြို့သူ၊ မြို့သားတွေကိုယ်တိုင် စစ်ဘေးရှောင်ဖြစ်လာတော့မယ့် အနေအထားတွေ ဖြစ်နေပါတယ်။ တကယ်တော့ မန္တလေးမှာ စစ်တွေဖြစ်တာ၊ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်တာက မန္တလေးမြို့တည်ကာစ၊ ပထမဆယ်စုနှစ် မပြည့်ခင်ကတည်းကပဲဖြစ်ပါတယ်။ တကယ်တော့ မန္တလေးမြို့ တည်ထောင်ရခြင်း အကြောင်းတရားတွေထဲမှာကိုက စစ်ပွဲ၊ လက်နက်ကိုင်ပဋိပက္ခတွေ အရင်းခံပါဝင်နေပါတယ်။ မန္တလေးဟာ ဒုတိယ အင်္ဂလိပ်-ဗမာစစ်ပွဲနဲ့ မင်းတုန်းမင်းသား (နောင်တွင် မင်းတုန်းမင်း) […]

Editorial

မနက်ခင်းအတွေး

-၂၀၂၄ ​စက်တင်ဘာ ၁၁ ဗုဒ္ဓဟူးနေ့ – ■ မနက်ခင်းအတွေး ဒီရက်ပိုင်း အတွေးထဲမှာ ထပ်ခါပေါ်နေတဲ့ စကားလုံးနှစ်လုံးက ‘အဖြူရောင် သိုင်းသမား’ နဲ့ ‘အနက်ရောင် သိုင်းသမား’ ဆိုတဲ့ စကားလုံးတွေပါပဲ။ ကိုယ်တွေ ဆယ်ကျော်သက်အရွယ်က မြန်မာစာပေလောကမှာ လျှမ်းလျှမ်းတောက်ခဲ့တဲ့ သိုင်းဝတ္ထု စာအုပ်ခေတ်ကို ဒီကနေ့ခေတ်လူငယ်တွေ မသိလောက်ပါဘူးလေလို့ အထင်ရောက်ပြီး Google လုပ်ကြည့်လိုက်တာ … လား … လား … မျက်လုံးပြူးသွားရပါလေရော။ […]

Categories

ယဉ်ကျေးမှုများ တိုးတိုက်မိခြင်းနဲ့ စံနှုန်း

အော်စွန်းမိုင် ဆင်မြူရယ် ဟန်တင်တန်ဟာ ဟားဗာ့ဒ် ပါမောက္ခအဖြစ် ထင်ရှားခဲ့တဲ့သူပါ။ နောက်တော့ ဟားဗာ့ဒ်တက္ကသိုလ်ရဲ့ နိုင်ငံတကာဆက်ဆံရေးစင်တာမှာ ဒါရိုက်တာဖြစ်လာပါတယ်။ စာအုပ်တွေ ရေးသားထုတ်ဝေခဲ့တယ်။ ယဉ်ကျေးမှုများ ထိပ်တိုက်တိုးခြင်းနဲ့ ကမ္ဘာ့အစဉ်အလာသစ် ဖန်တီးခြင်း (၁၉၉၆) က ထင်ရှား တိုးထွက်လာတဲ့ စာအုပ်ဖြစ်ပါတယ်။ သူ့ရဲ့အမြင်တွေ၊ အယူအဆတွေ၊ ကောက်ယူပုံတွေဟာ စဉ်းစားစရာများလည်း ဖြစ်ခဲ့ပါတယ်။ အငြင်းပွားစရာများလည်းဖြစ်ခဲ့တယ်။ ကမ္ဘာ့ပဋိပက္ခတွေနဲ့ ပတ်သက်လို့ သူပြောခဲ့တာက ဟောဒီလိုပါ။ “ကျနော့်ရဲ့အမြင်မှာ ဒီနေ့ခေတ်ကမ္ဘာမှာ ပေါ်ပေါက်လာမယ့် ရန်ဘက်ပဋိပက္ခတွေရဲ့ […]

Categories

ခေါင်းငုံ့ခံရန် အကြောင်းမရှိ

မောင်မိုးအေး ငွေများတရားနိုင်တဲ့ကွာ ဟာသပဲ အသက်နဲ့ အချစ်ထက် ဘာက ပိုများမလဲ ဘာက ပိုများမှာမို့လဲကွာ ထပ်တလဲလဲ စတေးခဲ့ ပေးခဲ့တဲ့ အသက်တွေကမှ အလေးမသာခဲ့ရင် ဒီတရားဆိုတဲ့ အရာကိုလည်း ငါတို့ စီရင်သင့်ရဲ့ ဖောက်ပြန်လေသော လောကဓမ္မကို ခေါင်းငုံ့ခံရန် အကြောင်းမရှိ။ 12:02 pm 22th July 2024

Editorial

မနက်ခင်းအတွေး

-၂၀၂၄ ​စက်တင်ဘာ ၁၀ အင်္ဂါနေ့ – ■ မနက်ခင်းအတွေး အသင်းအဖွဲ့နဲ့ အလုပ်လုပ်ရင် အသင်းအဖွဲ့စိတ်ဓာတ် မွေးနိုင်ဖို့လိုပါတယ်။ အသင်းအဖွဲ့စိတ်ဓာတ် မမွေးနိုင်ဘဲနဲ့ အသင်းအဖွဲ့နဲ့ အလုပ်လုပ်လို့ မရနိုင်ပါဘူး။ ဆိုတော့ အသင်းအဖွဲ့စိတ်ဓာတ်ဆိုတာ ဘာလဲ … စဥ်းစားစရာ ဖြစ်လာပေတာပေါ့။ အသင်းအဖွဲ့ စိတ်ဓာတ်ဆိုတာကို ကိုယ်နားလည်သလို အဓိပ္ပါယ်ဖွင့်ရရင်တော့ တကိုယ်တော် ထင်ရာမစိုင်းတဲ့ စိတ်ဓာတ်မျိုး ရှိဖို့ပါပဲ။ တကိုယ်တော် ထင်ရာစိုင်းတယ်ဆိုတာ ဘာလဲ … ထပ်တွေးစရာ […]

Categories

ခေတ်နောက်ပြန် နောက်ပြန်ခေတ်

Simon “ဟိုကောင်လေး အဖေနဲ့လိုက်မှာလား” အပြင်မှာကစားပြီး ပြန်လာတဲ့ ကျနော့်ကို ကားရေဆေးနေတဲ့ ကျနော့်အဖေက လှမ်းမေးတာပါ။ “ကား ဆီသွားထုတ်မလို့လား” “အေး … ဟုတ်တယ်” “အဖေ သားကို ရေခဲမုန့် ဝယ်ကျွေးမှာလား” “ကျွေးမယ်ကွာ ကျွေးမယ် ဒါပေမယ့် မင်းလိုက်မှ ကျွေးမှာနော် မင်းမလိုက်ရင်တော့ ညီမလေးကိုပဲ ခေါ်သွားမှာ” “ဟာ … အဖေကလည်း သားလိုက်မှာပေါ့ ညီမလေးက လိုက်လာပြီးရင် သူက ဂျီပဲကျနေတာ သားကဖြင့် […]

Editorial

မနက်ခင်းအတွေး

-၂၀၂၄ ​စက်တင်ဘာ ၉ တနင်္လာနေ့ – ■ မနက်ခင်းအတွေး သမိုင်းထဲက တကယ့်အဖြစ်အပျက်လား၊ စိတ်ကူးဇာတ်လမ်းလားတော့မသိဘူး။ တရုတ်ဝတ္တုတပုဒ်ထဲမှာ လူတယောက်က မိုးပေါ်မှာ ပျံသန်းတဲ့အတတ်ပညာကို တီထွင်ပြီး ဘုရင်ကြီးကို ပြသခဲ့တယ်။ လူတွေလည်း တအံ့တဩနဲ့၊ ဘုရင်ကြီးကလည်း အရမ်းသဘောကျတော်မူတယ် တဲ့။ ဒါနဲ့ အဲဒီမိုးပေါ်ပျံပြတဲ့သူကို ရှေ့တော်မှောက်သွင်းစေတယ်။ ဆုတော်လာဘ်တော်တွေ ချီးမြှင့်တော့မယ်လို့ ထင်ကြတာပေါ့။ ဒါပေမဲ့ ဘုရင်ကြီးက အဲဒီလူကို ကွပ်မျက်ပစ်လိုက်ပြီး သူ့အတတ်ပညာကိုပါ ဖျက်ဆီးပစ်လိုက်ပါသတဲ့။ ရိုက်စ်ညီနောင် […]

Categories

စစ်ရေးစစ်ရာ တပတ်တာ (၁၂)

နောင်လူသစ် စက်တင်ဘာလ (၁) ရက်နေ့မှ (၇) ရက်နေ့အထိ ☆ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့မှ (၇) ရက်နေ့အထိ တပတ်တာအတွင်း မြန်မာနိုင်ငံတဝန်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား လက်နက်ကိုင်တိုက်ပွဲ ကြီးငယ်ပေါင်း (၅၈) ကြိမ် ထက်မနည်းဖြစ်ပွားခဲ့သည်။ ☆ အဆိုပါတိုက်ပွဲ (၅၈) ကြိမ်တွင် နှစ်ဘက် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပစ်မှတ်များကို စစ်ကောင်စီက တဘက်သတ် လေကြောင်းတိုက်ခိုက်မှု (၉) ကြိမ်နှင့် […]