Categories

ကယောင်ကတမ်း ရောင်နီအောက်က ငြိမ်းချမ်းရေးပွဲစားတို့ ဆုံရာ

နေသစ်တည်ဇ ဒီရက်ထဲမှာ မြန်မာပြည်က ရော့ခ်ကာတဦးဖြစ်တဲ့ ဇော်ဝင်းထွဋ် သီချင်းအသစ်တပုဒ် ထွက်လာပါတယ်။ မထွက်ခင် တရက်ကတည်းက Teaser လေးတင်ပြီး လူစုထားတာ တွေ့လိုက်တယ်။ အဲဒီ့အချိန်မှာကတည်းက ပရိသတ်တွေက တင်ကြိုခန့်မှန်းချက်တွေနဲ့ အားပေးဖို့ တာဆူနေကြပြီးသားပါ။ တချို့လည်း သီချင်းတပုဒ်လုံး နားမထောင်ရသေးခင်ကတည်းက အမှတ်တွေရော၊ ဂုဏ်ထူးတွေပါ သာသာထိုးထိုး သိဒ္ဓိတင်ပေးနေကြတာ တွေ့ရပါတယ်။ ပထမအကြောင်းတချက်ကတော့ သီချင်းမထွက်တာကြာနေတဲ့ ရော့ခ်ဘိုးအေကြီးမလို့ နဂိုချစ်ခင်စိတ်နဲ့ ဝိုင်းအားပေးကြတာပါ။ ဒုတိယ အကြောင်းတချက်ကတော့ သီချင်းရဲ့စာသားနဲ့ ခေါင်းစဥ်ကြောင့်ပါ။ […]

Categories

ဒို့အိမ်ဒို့ဘဝ မပြို​စေချင်ရင် စနစ်ကိုဖြိုရမယ်

■ ​​​​မြားအိမ် ​ရေးသား​သော “​​ဒို့အိမ်ဒို့ဘဝ မပြို​စေချင်ရင် စနစ်ကိုဖြိုရမယ်” ကဗျာကို ​​စန္ဒီ ခံစားရွတ်ဆိုထားပါသည်။ – The Call ရဲ့ YouTube Channel (https://youtube.com/@thecall2022) တွင်လည်း Audio Book များကို ခံစားနားဆင်နိုင်ပါတယ်။

Flim Reviews

တတိယကမ္ဘာစစ်ထဲကလူ

ညီလင်းအိမ် သူ့ကို ကြည့်ပါဦး လို့ပြောပြီး ခင်ဗျားကို ထပ်မံ အကဲဖြတ်ခိုင်းမယ်။ တယောက်ယောက်နဲ့ တူလား ဆိုပါစို့ သူ့ကို ဟစ်တလာနေရာကို သရုပ်ဆောင် ထည့်ခိုင်းမယ်ဗျာ ဆိုပြီး ထပ်ပြောရင်ကော မတူဘူး ထင်တယ်နော်လို့ပဲ ပြောကြမယ် ထင်ပါရဲ့။ သာမန် လူလတ်အရွယ် ပုံပန်းသာရှိပြီး နှုတ်ခမ်းမွှေးစစနဲ့ သူ့သွင်ပြင်က ဘဝထဲကပေးလိုက်တဲ့ အနိမ့်အမြင့်တွေကြောင့်ဖြစ်မယ်။ ပိုလို့ အိုစာနေပုံပေါက်တယ်။ သူ့လို ဖြစ်ရပ်မျိုးကလည်း ထပ်တူကြုံရသူတိုင်း ရှိရင်းစွဲထက် အိုမင်းရင့်လျော်သွားမယ်။ ဒါမှမဟုတ် […]

Real Life Stories

ရယ် (မော) စရာ-၂ “ဈာပန အလေးပြု

ရေး “ဟာ ဟေ့ရောင် နှပ်တွေပါ ထွက်ကုန်ပြီလား၊ ဟာကွာ မင်းတို့ကလည်း သင်တန်းပြီးလို့ ခွဲရတာပဲဟာ၊ ဘာလို့ အဲ့လောက် ငိုနေကြတာတုန်း၊ ငါတို့ ပြန်မဆုံတော့မဲ့လူတွေ ကျနေတာပဲ။” အခြေခံစစ်သင်တန်းပြီးဆုံးပြီး ကျရာတာဝန် ထမ်းကြရတော့မည်ဖြစ်၍ ခွဲခွာရတော့မည့် ရာနှင့်ချီသော သင်တန်းသားတို့၏ အသံများကြားတွင် ဟိန်းထွက် လာသော အသံတသံ။ “အေး ဟုတ်တယ် မိုက်တီးပြောတာ အမှန်ပဲ၊ ငါ့တပည့်တို့ရေ ဆရာတို့ ပြန်ဆုံကြမယ်ကွာ၊ သူသေ သူသေပဲနော် ဆရာထပ်ပြောမယ်၊ […]

ဆောင်းပါး

တော်လှန်အနုပညာရှင်နဲ့ ဂုဏ်ထူး​ဆောင်ဆုတံဆိပ်

■ စာ​ရေးသူ ​​​နေသစ်တည်ဇ ​ရေးသား​သော “​​​တော်လှန်အနုပညာရှင်နဲ့ ဂုဏ်ထူး​ဆောင်ဆုတံဆိပ်” ​​​ဆောင်းပါးကို ​ကောင်းသန့်သာ ရွတ်ဖတ်ထား​ပါသည်။ – The Call ရဲ့ YouTube Channel (https://youtube.com/@thecall2022) တွင်လည်း Audio Book များကို ခံစားနားဆင်နိုင်ပါတယ်။

ကဗျာ

ငရဲမင်းရဲ့ကိုယ်လုပ်တော်

◼️မောင်နွေဦး တောကျီးကန်းတစ်ကောင်လို မိုးတိမ်တွေမဲမှောင်နေတဲ့ ရက်တစ်ရက်မှာပေါ့ ။ သူမ ရွက်လာတဲ့ခေါင်းတလားကိုအသာချ ကျမပါ ၊ ကြူကြူလှပါ တဲ့  ခေါင်ရမ်းပန်းဝတ်ဆံလို  တွဲလောင်းကျနေတဲ့လျှာနဲ့ သူ့ကိုယ်သူ မိတ်ဆက်တယ် ။ မြေကြီးကိုတောင် ကောင်းကင်ဖြစ်အောင် လိမ်ညာနိုင်တဲ့မိန်းမပါ ၊ ဝံပုလွေအလှနဲ့ မုဿားမလေးပါ ၊ ပြည့်တန်ဆာရဲ့ ဧည့်ဝတ်ကျေနည်းနဲ့ စိဥ္ဇမာနရဲ့ နေနည်းထိုင်နည်းအထိ ကျွမ်းကျင်တဲ့ တသွေမတိမ်းသူ မိန်းမပျက်ပါ တဲ့ ။ သံသရာအဆက်ဆက်မှာ ရမ္မက်ပင်လယ်ရဲ့ ရွှေငါးလေးဖြစ်ခဲ့ပြီးတော့ […]

Editorial

မနက်ခင်းအတွေး

-၂၀၂၄ ​စက်တင်ဘာ ၆ ​သောကြာနေ့ – ■ မနက်ခင်းအတွေး လက်ရေးလေးတွေက ရှက်သွေးဖြာနေလေရဲ့။ အခုအချိန်မှာ ကိုယ့်လက်ရေးလေး ကိုယ်ပြန်မြင်လိုက်ရတာ လွမ်းစရာကောင်းလိုက်တာ။ ကျောက်သင်ပုန်းတို့ လေးကြောင်းမျဉ်းလက်ရေးလှစာအုပ်တို့၊ ဒီကမှ တရုတ်ကွန်ပါဘူး၊ ယုဖင်မှာ အပေါက်ချည်းနဲ့လို့ အော်အော်ပြီးနောက်ပြောင်ခဲ့ကြတဲ့ ဖောင်တိန်ကိုင်တဲ့အသက်အရွယ်ရလာ။ စာရေးစားပွဲပေါ် ပစ်ပေါက်ပြီးစိုက်လို့ဆော့လို့ရတဲ့ နစ်ချွန်ချွန်နဲ့ ပိုင်းလော့ဖောင်တိန်။ ကဗျာလေး မတောက်တခေါက်ရေးလာတော့ မင်ဆို အနက်မှ၊ ပလီကင်မှ။ လက်ရေးလှအောင် ကိုယ်အကြိုက်ဆုံးသူငယ်ချင်းရဲ့လက်ရေးနဲ့တူအောင် ကျင့်ရတာလည်းတမော။ တထပ်တည်းမဟုတ်တောင် သူငယ်ချင်းတွေကြား […]

ဆောင်းပါး

သံလွင်ချောင်းခြား

– သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ကျော်ဇောခိုင် ‘တာထွက်မကောင်းတဲ့ဆင်ဖြူရှင်’ သြဂုတ်လကုန်ပိုင်း (၂၉ ရက်နေ့) က TNLA ကို တိုက်ပွဲတွေရပ်တန့်ဖို့ တရုတ် (ရွှေလီ) ဘက်က ခြိမ်းခြောက်စာပို့တဲ့ စာအတုသတင်းဟာ တော်လှန်ရေးအင်အားစုတွေအတွင်း တရုတ်ဆန့်ကျင်ရေးကို မီးထပ်ထိုးပေးခဲ့ပြီး ခုတော့ ငြိမ်သက်သွားတာ တွေ့ရတယ်။ စက်တင်ဘာလဆန်း (၃ ရက်နေ့) မှာ လူကြိုက်များတဲ့ သတင်းတခုက ဒုချုပ်စိုးဝင်း ဆင်ဖြူရှင် စစ်ဆင်ရေးအတွက် မန္တလေးကိုရောက်လာချိန်မှာ တော်လှန်ရေးတပ်တွေက […]

Editorial

မနက်ခင်းအတွေး

-၂၀၂၄ ​စက်တင်ဘာ ၅ ကြာသပ​တေးနေ့ – ■ မနက်ခင်းအတွေး ဒီဘက်ကမ်းမှာလည်း အခန်းတွေ မီးပိတ်ပြီး စောစောအိပ်ကြရတယ်။ ဟိုဘက်ကမ်းမှာလည်း လက်နက်ကြီးသံတွေ တညလုံးကြားနေရတယ်။ ပြေးစရာ မြေမှရှိသေးရဲ့လားလို့ အားငယ်တတ်တဲ့သူတွေကလည်း တွေးနေကြမှာပဲ။ အဖြေမမှန်တဲ့အခါ ပုစ္ဆာတပုဒ်ထဲကိုပဲ အခါခါပြန်တွက်ကြရသလိုပေါ့။ ပြည်သူနာမှာစိုးတယ်ဆိုတဲ့ စကားတခွန်းနဲ့ ကိုယ့်တာဝန်ကိုယ်မကြေခဲ့ကြသူတွေ ရှက်ကြဖို့ကောင်းတယ်။ တန်းစီဆိုလည်း စီလိုက်ကြတာပဲ။ စာအုပ်နဲ့မှ ဆီပေးမယ်ဆန်ပေးမယ်ဆိုတော့လည်း စာအုပ်ကလေးတွေ ပြေးလုပ်ကြရတာပဲ။ ကိုယ့်ရင်သွေးကို ကိုယ့်အိမ်ပေါ်က လာဆွဲထုတ်တာတောင် ဘာမှမတတ်နိုင်ကြတဲ့ဘဝတွေ။ […]

အက်ဆေး

ငါတို့ စစ်-ပွဲကြီးထဲ ရောက်ရှိပြီး ပိတ်မိနေတဲ့အကြောင်း

မောင်မူ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူချင်တဲ့ စစ်ဗိုလ်ချုပ်တယောက် ကောင်းကင်တခုလုံးကို အနက်ရောင် ဆေးခြယ်ပြီး အမှောင်ချလိုက်တာနဲ့ ဇာတ်လမ်းစတယ်။ အဲဒီနောက်တော့ ပိန်းပိတ်အောင်မှောင်တဲ့ အမှောင်အောက်မှာ ငါတို့တွေ ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရတော့ဘဲ မျက်ကန်းနဲ့မခြား ဖြစ်သွားတယ်။ ငါတို့အလင်းရောင် ငါတို့ ပြန်ပေး၊ ငါတို့ကောင်းကင် ငါတို့ ပြန်ပေး၊ ငါတို့မျက်လုံးတွေ ငါတို့ ပြန်ပေး။ အလင်းကို ဆုံးရှုံးခဲ့ရတဲ့ ငါတို့တွေရဲ့တောင်းဆိုသံက ကနဦးတော့ တိုးတိုးမှန်မှန်ပဲ။ ဒါပေမဲ့ စစ်ဗိုလ်ချုပ်က အဲဒီအသံတွေကို […]