Editorial

မနက်ခင်းအတွေး

-၂၀၂၄ ​စက်တင်ဘာ ၄ ဗုဒ္ဓဟူးနေ့ – ■ မနက်ခင်းအတွေး နေရာထိုင်ခင်း တနေရာကနေ တနေရာ ပြောင်းရွှေ့ရတာ အတော့်ကို အချိန်ပေးရပြီး အတော် အလုပ်ရှုပ်လှတဲ့ ကိစ္စတခုပါပဲ။ နေရာတနေရာမှာ တနှစ် နေလိုက်တယ်ဆိုရင် အဲဒီတနှစ်လုံး ကိုယ်သုံးခဲ့တဲ့ပစ္စည်းက နည်းနည်း၊ မသုံးဖြစ်ခဲ့တဲ့ပစ္စည်းက များများဆိုတာ ကိုယ်လိုပဲ မကြာခန ပြောင်းရွှေ့ဖူးသူတိုင်း သဘောတူနိုင်မယ်ထင်ပါတယ်။ အဲဒါကြောင့်လည်း ဒီကနေ့ ခေတ်ကာလမှာ Minimalism ဆိုတဲ့ အယူအဆ ပေါ်လာတာ […]

ကဗျာ

ညီလေးတယောက်ကပြောတယ်

ဆူးရစ်နွယ် လွတ်လပ်လမ်းကို ကျနော့်အသားစတွေနဲ့ ခင်းမယ် လွတ်လပ်အလံတော်ကို ကျနော့်သွေးနဲ့ အရောင်ခြယ်မယ် မင်းကဘာဖြစ်ချင်သလဲဆိုတော့ ကြယ်ဖြူဖြူလေးပါပဲတဲ့။ နေ့တိုင်းပဲ ကျောပိုးအိတ်ထဲမှာ ဒီမိုကရေစီတွေအပြည့်ထည့် အိမ်ပြန်မှချစီးမယ့် ရာဘာဖိနပ်ကလေးတရံ အရမ်းမုန်းတဲ့ စခန်းကုန်းတွေကို တကုန်းပြီးတကုန်းကျော် ပြုံးနေတဲ့အပျော်တွေက ကျနော့်ရဲ့ ၁၂လရာသီ ရိက္ခာခြောက်တွေပေါ့။ အကိုသိလား ဒိုင်ဗင်ထိုးချလို့မရတဲ့ ပင်လယ်တခုအကြောင်း နာကျည်းညည်းညူသံတွေရဲ့ အဆုံး စစ်သီချင်းတပုဒ်ကို ပင်လယ်ထံ ဆိုပြမယ် ပဲ့တင်လာတဲ့အသံဟာ ငြိမ်းချမ်းရေးလို့ မြည်ဟီးတယ်။ အကိုသိလား ရိုးရိုးသားသားလှီးချထားတဲ့ လိုအင်တွေ […]

Editorial

မနက်ခင်းအတွေး

-၂၀၂၄ ​စက်တင်ဘာ ၃ အင်္ဂါနေ့ – ■ မနက်ခင်းအတွေး ဗမာစကားမှာ ဆွေးနွေးတာနဲ့ ငြင်းခုန်တာကိုတွဲပြီး ‘ဆွေးနွေးငြင်းခုန်’ လို့ သုံးတတ်ကြပါတယ်။ တကယ်ကတော့ ဒီ စကားလုံးနှစ်ခုဟာ အနှစ်သာရ အတန်ကွာခြားပါတယ်။ Cambridge အဘိဓာန်က ဆွေးနွေး (discussion) ကို အခုလို အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ “အကြောင်းအရာတရပ်နှင့် စပ်လျဥ်း၍ လူများ ပြောဆိုကြပြီး သူတို့၏ စိတ်ကူးများ သို့မဟုတ် ထင်မြင်ယူဆချက်များကို အပြန်အလှန် ပြောဆိုကြခြင်း။” […]

ဆောင်းပါး

တော်လှန်အနုပညာရှင်နဲ့ ဂုဏ်ထူးဆောင်ဆုတံဆိပ်

“တော်လှန်အနုပညာရှင်နဲ့ ဂုဏ်ထူးဆောင်ဆုတံဆိပ်”နေသစ်တည်ဇပြီးခဲ့တဲ့ရက်ပိုင်းက သတင်းကောင်းကြားရတယ်။ ဒါရိုက်တာဏကြီးနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုကို Oldenburg ရုပ်ရှင်ပွဲတော်က Honorary Tribute Award ပေးသတဲ့။ နည်းတဲ့သတင်းတော့ မဟုတ်ဘူး။ ပြီးတော့ ဆုကလည်း အကြီးကြီးပဲ။ တကမ္ဘာလုံးက ရုပ်ရှင်သမားတွေထဲကမှ သေသေချာချာ ရွေးပြီးတော့ပေးတာ။ ၁၉၉၄ ခုနှစ်မှာ စပြီး နှစ်တိုင်းပေးလာခဲ့တာ၂၀၂၄ ခုနှစ်အတွက်ကို သူတို့နှစ်ယောက်ကို ရွေးပြီးပေးတာတဲ့။ နှစ်အလိုက်ပေးတဲ့ ရုပ်ရှင်အနုပညာရှင်တွေထဲမှာ နာမည်ကျော် ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေ ပါဝင်ပါတယ်။ ကမ္ဘာကျော်သရုပ်ဆောင် နီကိုးလပ်ကေ့ဂျ်က […]

Categories

မင်းအောင်လှိုင် ရူးသွားပြီလား

Simon ပြီးခဲ့တဲ့ရက်တွေက အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီး သူ့ဘက်ကရော၊ ကိုယ့်ဘက်ကရော အသံတွေ ထွက်လာကြတာရှိတယ်။ အဲ့ဒါဘာလဲဆိုတော့ မင်းအောင်လှိုင်တယောက် စိတ်သိပ်မမှန်တော့ဘူးဆိုတာပါ။ သူ့ဘက်ကလူတွေ ကိုယ်တိုင်ပြောတဲ့စကားမှာ မင်းအောင်လှိုင်က အစည်းအဝေးခန်းတွေမှာ တောင်စဥ်ရေမရ စကားတွေကို နာရီနဲ့ချီပြီး ပြောတဲ့အပြင် သူပြောတဲ့စကားတွေကိုလည်း သူကိုယ်တိုင်မမှတ်မိဘူး ဆိုတဲ့အကြောင်းပါ။ ဒီလိုမျိုး အသံတွေထွက်လာတော့ ကျနော့်မျက်လုံးထဲ ပြေးပြီးမြင်မိတာ တချိန်က ခင်ညွန့်၊ သန်းရွှေတို့ရဲ့ စီနီယာဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်ကိုပါ။ ဘာကြောင့်လဲဆိုတော့ လက်ရှိ မင်းအောင်လှိုင်ရဲ့ […]

Editorial

မနက်ခင်းအတွေး

-၂၀၂၄ ​စက်တင်ဘာ ၂ တနင်္လာနေ့ – ■ မနက်ခင်းအတွေး ခုလိုအချိန်ကာလမျိုးမှာ ကိုယ်ချစ်ခင်ရသူတွေနဲ့ ပြန်ပြီး ဆုံတွေ့ခွင့်ရတဲ့အခါ ဖြစ်ပေါ်လာတဲ့ ခံစားချက်ဟာ ဖော်ပြဖို့ အင်မတန်ခက်ခဲတဲ့ ခံစားချက်တမျိုးပါပဲ။ ပြန်ဆုံတွေ့ဖို့ မရေရာလှတဲ့ ကာလမျိုးမှာ ဆုံတွေ့ခွင့် ရခဲ့တာကြောင့်လည်း ဖြစ်မယ်ထင်ပါရဲ့။ ဆုံတွေ့ပြီးတဲ့နောက် ခွဲကြရတော့လည်း ဆုံတွေ့ချိန်ကလိုပဲ ဖော်ပြဖို့ခက်ခဲတဲ့ ခံစားချက်မျိုး ထပ်ရပြန် တာပါပဲ။ ဒီခံစားချက်ကတော့ ဆုံတွေ့ချိန်က ရတဲ့ခံစားချက်ထက် ပိုလို့တောင် ဆိုးရွားမယ် ထင်မိတယ်။ […]

Categories

စစ်ရေးစစ်ရာ တလတာ

■ နောင်လူသစ် သြဂုတ်လ ၁ ရက်နေ့ မှ သြဂုတ်လ ၃၁ ရက်နေ့ထိ ☆ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့မှ ဩဂုတ်လ (၃၁) ရက်နေ့အထိ တလတာအတွင်း မြန်မာနိုင်ငံတဝန်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား လက်နက်ကိုင်တိုက်ပွဲ ကြီးငယ်ပေါင်း (၃၃၈) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။ ☆ အဆိုပါ တိုက်ပွဲ (၃၃၈) ကြိမ်တွင် နှစ်ဘက် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပစ်မှတ်များကို […]

Categories

အနီရောင်မော်တော်ကား

ငွေကြယ်စင် အခန်း (တစ်) အိမ်ရှေ့ကနေ မနက်ခုနစ်နာရီခွဲရင် ကားအနီရောင်လေးတစီး ဖြတ်သွားတတ်တာကို မနက်တိုင်း ကျနော် စောင့်ကြည့်မိနေတတ်တယ်။ မမ လှလှလေး တယောက် မောင်းသွားတာ။ ကျနော်က ခုနှစ်တန်းကျောင်းသားအရွယ်ပဲ ရှိသေးတော့ ဘာဘာညာညာစိတ်မျိုး မရှိပါဘူး။ ကျနော့်အမအရင်း ဖြစ်ရင်ကောင်းမှာလို့ စိတ်တော့ဖြစ်ဖူးတယ်။ ဘာလို့လဲဆိုတော့ ကျနော် အဲ့ဒီကားကို စီးချင်လို့ပါ။ ကျနော်တို့မိသားစုက အဲဒီလိုကားကို စီးရဖို့မပြောနဲ့ ကားအနားကိုတောင်ကပ်ဖို့ မထိုက်တန်ပါဘူး။ သူများအိမ်ဘေးမှာ အဖီလေးထိုး၊ အဖေက ကြုံရာကျပန်းလုပ်ပြီး […]