ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ” -၂၀၂၄ ​​နိုဝင်ဘာ ၂၁ ​​ကြာသပ​တေးနေ့ – ■ မနက်ခင်းအတွေး The world is stage We are players ဆိုသည့် အဆိုအမိန့်တခုကို ငယ်ငယ်ထဲက ကြားဖူးထားသော်လည်း အဓိပ္ပါယ်အစစ်အမှန်ကို ကြီးလာမှ ခံစားတတ်လာသည်။ ဘဝဆိုတာ မလိုချင်တာက ၇၀ ရာခိုင်နှုန်း၊ လိုချင်တာက ၃၀ ရာခိုင်နှုန်းနဲ့ သွားနေတာလို့ ဆရာတယောက်က ပြောဖူးသည်။ […]

သတင်းသုံးသပ်ချက်ဆောင်းပါး

တောင်ပိုင်းကိုအားပြုပေးမယ့် ဒီပလိုမေစီ

“တောင်ပိုင်းကိုအားပြုပေးမယ့် ဒီပလိုမေစီ” – သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ကျော်ဇောခိုင် နိုဝင်ဘာ ၂၀ ရက်နေ့က တရုတ်နယ်စပ်က ကန်ပိုက်တီကို ကေအိုင်အေက သိမ်းလိုက်တဲ့အတွက် ကချင် အထူးဒေသ (၁) တခုလုံး ကေအိုင်အေလက်အောက်ကို ကျရောက်သွားပြီဖြစ်တယ်။ တရုတ် ဟန့်နေတဲ့ကြားက သိမ်းလိုက်တာဖြစ်လို့ ကေအိုင်အေဟာ ပထဝီဝင်အရ တရုတ်သြဇာနဲ့ နီးကပ်စွာ ဆက်ဆံနေရပေမယ့် နိုင်ငံရေးအရ အတိုင်းအတာတခုအထိ ကောင်းစွာ (လွတ်လပ်စွာ) ရပ်တည်နိုင်တဲ့သဘောကို ဖော်ပြလိုက်တာဖြစ်တယ်။ ‘လားရှိုးနဲ့ […]

Multimedia

ဟက်ပီးဘက်ဒေး… The Call-ခေါ်သံ

နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြရင်း… ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် စတင်ခဲ့သည့် “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းသည် ယ​နေ့တွင် နှစ်နှစ်တင်းတင်း ပြည့်မြောက်ပြီ ဖြစ်ပါသည်။ စာဖတ်ပရိသတ်များအ​နေဖြင့် နှစ်နှစ်တာကာလအတွင်း “The Call – […]

Real Life Stories

ရယ် (မော) စရာ-၃

“ရယ် (မော) စရာ-၃” “ကတုတ်ကျင်းနှင့် မီးလောင်ပြင်” ရေး “လေယာဉ်က ခြောက်ပတ်လောက် ပတ်ပျံပြီးမှကြဲတော့ ပျော်သွားတာပေါ့သားရယ်။ ပုန်းစရာရှာချိန် ရလိုက်တာကိုး” လွန်ခဲ့သည့်အပတ်က ကျေးရွာတရွာလုံးနီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ရွာလေးတရွာဆီသို့ ကျနော်တို့အဖွဲ့ ရောက်ရှိခဲ့ကြသည်။ မီးလောင်ပြင်အတိ ဖြစ်သွားပြီဖြစ်သော ထိုရွာလေးမှအပြန်တွင် မနီးမဝေး တောအုပ်ထဲ၌ ဖြစ်သလို ယာယီတဲထိုး၍ နေ‌နေကြရသည့် ရွာခံလူထုရှိရာဆီသို့ မိမိတို့တပ်ဖွဲ့မှ ကူညီနိုင်မည်များကို မေးမြန်းရန် ဝင်သွားခဲ့သည်။ ထိုနေ့ကအဖြစ်အပျက်ကို တယောက်တပေါက် ပြန်ပြောပြနေကြ၍ ထိုင်နားထောင်နေကြရာမှ […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ” -၂၀၂၄ ​​နိုဝင်ဘာ ၂၀ ​​ဗုဒ္ဓဟူးနေ့ – ■ မနက်ခင်းအတွေး ဒီနေ့ဟာ The Call နှစ်နှစ်ပြည့် မွေးနေ့ပါ … Happy Birthday ပါ The Call … လွန်ခဲ့တဲ့ နှစ်နှစ် ဒီလိုရက်မတိုင်ခင်မှာ အခုလို အွန်လိုင်းမဂ္ဂဇင်းတခုလုပ်ဖို့ စပြီး တိုင်ပင် ခေါင်းချင်း ရိုက်ကြ… စမ်းတဝါးဝါး ပုံဖော်ကြ… လုပ်ချင်တဲ့ […]

စကားပြေကဗျာ

သို့. . .လူကလေး ကြယ်

“သို့. . .လူကလေး ကြယ်”စံပယ်ဖြူနုအမေအိုဟာ အိမ်တံခါးကို လေအလျဉ်လို ခပ်သွက်သွက် ဆွဲဖွင့်တယ်ခြံတံခါးမှာ ခေါင်းလောင်းသံ တငြိမ့်ငြိမ့် မြည်လို့စည်းရိုးနံဘေးမှာ တောပန်းလေးတွေ တလှုပ်လှုပ် ယိမ်းနွဲ့လို့မြက်ခင်းပေါ်က ကြောင်ဝါလေးတစ်ကောင် သမ်းဝေရာက ခေါင်းငဲ့ကြည့်လို့တဒုန်းဒုန်း ခုန်နေတဲ့ နှလုံးနေရာကို ခပ်ဖွဖွ ဖိတယ်လူကလေး အိမ်ပြန်လာတာမှ မဟုတ်ပဲနော်။စောင့်မျှော်ကာလဟာ ရှည်လျားလွန်းလှပါတယ်အမေအိုက လွမ်းလေတိုင်း ပန်းကလေးတွေ ပျိုးတယ်လေသင့်ရာ မွှေးတဲ့ ပန်းရနံ့ဟာ လူကလေး ငယ်စဉ်က ပါးပြင်နုဖွေး နမ်းရှိုက်ခဲ့ရသလိုအပင်လေးတွေ တစစ ကြီးထွားလာတာဟာဖြင့် […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ” -၂၀၂၄ ​​နိုဝင်ဘာ ၁၉ ​​အင်္ဂါနေ့ – ■ မနက်ခင်းအတွေး တန်ဆောင်မုန်းလပြည့်နေ့ညက ပံ့သကူကောက်ရင်း နည်းအမျိုးမျိုးနဲ့ ထိခိုက် ဒဏ်ရာရ သေဆုံးကြတဲ့ သတင်းတွေကို ဖတ်ရတော့ ကြည့်ခဲ့ဖူးပြီး စွဲနေတဲ့ ဟောလီးဝုဒ် ရုပ်ရှင်ဇာတ်ကားတခုထဲက အမှတ်ရရ ရှိနေတဲ့ စကားတခွန်း ခေါင်းထဲမှာ ဒီရက်ပိုင်း ထပ်ခါတလဲလဲ ပေါ်လာနေတယ်။ ရုပ်ရှင်နာမည်က ‘Emancipation’။ အမေရိကန်မှာ ကျွန်စနစ်ရှိခဲ့တဲ့ ကာလတခုတုန်းက […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

“The Call ရဲ့ မနက်စာ” -၂၀၂၄ ​​နိုဝင်ဘာ ၁၈ ​​တနင်္လာနေ့ – ■ မနက်ခင်းအတွေး မနက်လင်းတော့ ငိုသံနဲ့စတယ်။ မျက်နှာချင်းဆိုင်တန်းလျားက လူတယောက် ညကဆုံးသွားတယ် တဲ့။ ရင်ဘတ်အောင့်တယ်ဆိုပြီး ဆေးရုံကားခေါ်တယ်။ ဆေးရုံကားက နာရီဝက်လောက် နောက်ကျပြီးမှ ရောက်လာတယ်။ ဆေးရုံရောက်တော့ အသက်မမီတော့ဘူး။ အခုတော့ ရင်ခွဲရုံမှာ။ ဗုံးကြဲခံရတာလည်းမဟုတ်၊ ချောင်းပစ်ခံရတာလည်းမဟုတ်။ ညကပဲ စက်ဘီးကလေးနဲ့အပြင်ထွက်ပြီး တခုခုသွားဝယ်တာ တွေ့တဲ့သူက တွေ့လိုက်သေးတယ်။ သေခြင်းတရားက […]

ဆောင်းပါး

မျက်စိရှေ့က ပျောက်ကွယ်သွားတဲ့ အနုပညာများ

“မျက်စိရှေ့က ပျောက်ကွယ်သွားတဲ့ အနုပညာများ” Simon တနေ့က Linkin park ရဲ့ Two Faced ဆိုတဲ့ သီချင်းတပုဒ်ထွက်လာတယ်။ နားထောင်ကြည့်လိုက်တော့ ကျနော်တို့ ဆယ်ကျော်သက်အရွယ်က ခံစားချက်မျိုးကို ပြန်ရလိုက်တယ်။ တကယ်တော့ အာဏာသိမ်းပြီးတဲ့အချိန်ကတည်းက အနုပညာအလုပ်တွေနဲ့ တော်တော်လေး ဝေးသွားခဲ့တာကြာပြီ။ အထူးသဖြင့် ကိုယ် အရမ်းဝါသနာပါတယ်ဆိုတဲ့ ဂီတနဲ့ပါ အဝေးကြီးဖြစ်ခဲ့ပြီး သူစိမ်းပြင်ပြင်ပါ ဖြစ်ခဲ့ရတယ် ပြေးရ၊လွှားရ၊ ရှောင်ရ၊ တိမ်းရနဲ့ ကိုယ့်အသက်အန္တရာယ်ရော၊ တခါမှ မတွေးမိခဲ့တဲ့ […]

အယ်ဒီတာစကား

နှစ်နှစ်မှသည် နှစ်များစွာသို့

“နှစ်နှစ်မှသည် နှစ်များစွာသို့” ■ အယ်ဒီတာ့စကား The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းကို စတင် တည်ထောင်ခဲ့သည်မှာ မကြာခင် ရက်ပိုင်းအတွင်း နှစ်နှစ်တင်းတင်း ပြည့်မြောက်တော့မည်ဖြစ်သည်။ ပြီးခဲ့သည့် နှစ်နှစ်တာကာလကို ပြန်လည် ငဲ့စောင်းကြည့်သည့်အခါ ကျေနပ် အားရမိသည်ဟု မဆိုနိုင်သော်ငြား The Call ၏ မူလရည်ရွယ်ချက်ကို ပြည့်မီခဲ့သည်ဟု ဆိုချင်သည်။ The Call ၏ ရပ်တည်ချက်ကို မဂ္ဂဇင်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် အောက်ပါအတိုင်း အတိအလင်း […]