
ပူရှိန်းသကြားလုံး ရုပ်ရှင်
“ပူရှိန်းသကြားလုံး ရုပ်ရှင်” ညီလင်းအိမ် သူဟာ ဘဝတခုလုံး ဒလိမ့်တုံးတလုံးလိုသာ ဖြတ်သန်းသွားရတယ်။ သေသာသွားရော ပူရှိန်းသကြားလုံးကလေးရဲ့ အရသာကို ပြည့်ပြည့်ဝဝ ခံစားခဲ့ရတယ် မထင်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~ လူသားတယောက်ရဲ့ ဘဝအတ္ထုပ္ပတ္တိ သမိုင်းစာမျက်နှာတွေကို ဘယ်အရာတွေက စီရင်ရေးသားလိုက်သလဲ။ ရှေးဘဝက ပြုခဲ့သမျှသော တုံ့တင်ပြုမူခဲ့မှုများရဲ့ စီရင်ချက်တွေကနေလား။ ဘုရားရှင်များရဲ့ မျက်နှာသာပေးမှုတွေကနေလား။ မိမိကျင်လည်ရာ ပတ်ဝန်းကျင်ကနေလား။ သင်ကြားလာခဲ့ရတဲ့ ပညာရေး တွေးခေါ်မြော်မြင်မှုတွေကနေလား။ ကျနော်ကတော့ သူဖြတ်သန်းခဲ့ရတဲ့ ခေတ်ကြီးကပဲ စီရင်ချက်ချသွားတယ်လို့ မှတ်ချက်ပြုမိလိုက်ပါတယ်။ […]