ကဗျာခံစားမှုဆောင်းပါး

ဓါတ်ကြိုးတန်း​ပေါ်က ပျံလွှားငှက်က​လေးတ​ကောင်

■ စာ​ရေးသူ ​ငြိမ်း​ဝေ (ကဗျာ့အိုး​ဝေ) ​ရေးသား​သော “ဓါတ်ကြိုးတန်း​ပေါ်က ပျံလွှားငှက်က​လေးတ​ကောင်” ​ကဗျာခံစားမှု​ဆောင်းပါးကို Yung ခံစားရွတ်ဖတ်ထား​ပါသည်။ – The Call ရဲ့ YouTube Channel (https://youtube.com/@thecall2022) တွင်လည်း Audio Book များကို ခံစားနားဆင်နိုင်ပါတယ်။

ဆောင်းပါး

ကိုယ့်ပြည်က ရုပ်ရှင်အနုပညာ

ညီလင်းအိမ် တိုင်းပြည်တပြည်မှာရှိတဲ့ ရုပ်ရှင်အနုပညာရဲ့ အဆင့်အတန်းကို ဘာနဲ့တိုင်းတာသလဲ။ တကမ္ဘာလုံးက လူတွေ အများကြီး ကြည့်တာနဲ့ သက်ဆိုင်သလား။ လူသိများမှု၊ ဝင်ငွေကောင်း ကျော်ကြားမှုနဲ့ပဲ ပိုင်းဖြတ်သလား။ မဟုတ် ပါဘူး။ မိမိတိုင်းပြည်မှာရှိတဲ့ အကြောင်းအရာတွေကို ဗ‌ဟိုပြုပြီး ရိုက်ကူးတဲ့ ရုပ်ရှင်ကားတွေဟာ လက်ရှိ ကမ္ဘာပေါ်က ဂုဏ်သိက္ခာရှိပြီး အဆင့်အတန်းမြင့်မားတဲ့ ရုပ်ရှင်ပွဲတော်တွေ၊ ပြိုင်ပွဲတွေမှာ ဘယ်လောက်အထိ တိုးဝင်နိုင်ခဲ့သလဲ၊ ဆုတံဆိပ်တွေ ဆွတ်ခူးရရှိခဲ့သလဲ စလို့ အဲဒီလို ရုပ်ရှင်တွေကနေတဆင့်ပဲ မိမိတို့တိုင်းပြည်ရဲ့ […]

Short Stories

မိုးစက်များက ပြောသော

ရွယ်မိုး ပန်ကာသံ တဝီဝီက အိပ်မပျော်သော သူ့အဖို့ နားရှုပ်ချင်စရာကောင်းသည်။ ပုဇဥ်းရင်ကွဲ အော်သံများက ကြီးစိုးနေသည်။ ရံဖန်ရံခါ ဖားအော်သံများကိုပင် တအွမ်အွမ် ကြားနေရတတ်သေးသည်။ ဘေးပတ်ဝန်းကျင်ကို သူ စောင်းငဲ့ကြည့်လိုက်သည်။ သူ ရောက်နေသည်က လူနာဆောင်တခုဖြစ်သည်။ သံကုတင် များပေါ်တွင် အလျှိုလျှို လဲလျောင်းနေကြသည့် လူနာများထံမှ တခူးခူး ဟောက်သံများပင် ခပ်မှန်မှန် ထွက်ပေါ်လာနေသည်။ သူ့ကိုစောင့်ပေးနေသည့် ရဲဘော်ကပင် အိပ်ပျော်သွားသည်မှာ ကြာလှပြီ။ နံရံကပ်နာရီကို ကြည့်မိတော့ မနက် […]

Categories

အ​မှောင်​ခေတ်က ​ပေးတဲ့ဆု

■ စာ​ရေးသူ ​စကယ်ပယ် ​ရေးသား​သော “အ​မှောင်​ခေတ်က ​ပေးတဲ့ဆု” ​ဝတ္ထုတိုကို စန္ဒီ ခံစားရွတ်ဆိုထား​ပါသည်။ – The Call ရဲ့ YouTube Channel (https://youtube.com/@thecall2022) တွင်လည်း Audio Book များကို ခံစားနားဆင်နိုင်ပါတယ်။

Categories

မကြားသော အသံများ

နေဘုန်းလတ် မိုးပေါ်က ပြုတ်ကျလာတဲ့ ဒုက္ခတွေ မဝေးသေးခင် ခပ်ကြမ်းကြမ်းရေစီးနဲ့ ရောပါလာတဲ့ ဒုက္ခတွေ ထပ်ပိုက်ထွေးကြရ ဘုရားသခင်က လှေတစီးလွှတ်လိုက်မှာလား ဟယ်လီကော်ပတာလွှတ်လိုက်မှာလား ဒါမှမဟုတ် ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေမလား အဲဒီ့မသေချာမှုတွေကိုပဲ … အိမ်ထုတ်တမ်းပေါ်ကနေမျှော် သစ်ပင်ပေါ်ကနေအော် အိမ်ခေါင်မိုးပေါ်ကနေခေါ် အသံတွေ … အသံတွေ … ကူပါ ကယ်ပါ တဲ့ ဒါပေမယ့် … အခုထက်ထိ ကူရာ ကယ်ရာ မဲ့ …။ ။

Editorial

မနက်ခင်းအတွေး

-၂၀၂၄ ​စက်တင်ဘာ ၁၃ ​သောကြာနေ့ – ■ မနက်ခင်းအတွေး မနေ့ကတနေ့လုံး လိုင်းပေါ်က ရေဘေးဒုက္ခတွေကြည့်ပြီး စိတ်ပင်ပမ်းခဲ့ရသည်။ ညနေဖက်ရောက်တော့ ကိုယ်နေသည့်နေရာမှာ ရေမလာတော့။ ပန်းကန်ဆေးလို့မရ၊ ရေအိမ်ဝင်လို့မရနှင့် ကိုယ်တွေပါ ရေဘေးဒုက္ခသည်ဖြစ်သွားသည်။ ဒီမှာလည်း မိုးက ဆက်တိုက်ရွာသည်။ တမြို့လုံးကို ရေပေးဝေသည့် တောင်ပေါ်ကဆည်ကလေးမှာလည်း အခုအချိန်ဆို ရေပြည့်နေလောက်ပြီ။ ရေထိန်းရခက်လာသည့်အခါ ဒီမှာလည်း တခါတလေ ဆည်ကိုရေဖောက်ချတတ်သည်။ ကြိုတော့ပြောကြသည်။ အခုတော့ ဘယ်နှယ့်ကြောင့် ဒီအချိန်ကြီးကျမှ ရေကပြတ်ရသည်မသိ။ […]

Categories

အဓိကကျလာတဲ့ ပွင့်လင်းရာသီအကြို ပြင်ဆင်မှု

ကျော်ဇောခိုင် သြဂုတ်လဝက်ပိုင်း ဝမ်ယီ နေပြည်တော်ကိုလာပြီးတဲ့နောက် ချင်းမိုင်နဲ့ ဘေဂျင်းမှာ မြန်မာပြည်နဲ့ပတ်သက်တဲ့ အစည်းအဝေးတွေလုပ်ခဲ့တယ်။ တရုတ်ရဲ့ဖိအား တော်လှန်ရေးပေါ်မှာ ပိုတင်းကျပ်လာတာ တွေ့ကြရတယ်။ ဒါပေမယ့် တရုတ်လိုချင်နေတဲ့ တည်ငြိမ်ရေးနဲ့ဆန့်ကျင်ဘက် စကစဘက်က မြောက်ပိုင်းညီနောင်တွေကို အကြမ်းဖက်တွေအဖြစ် ကြေညာတယ်။ ဆက်တိုက်ဆိုသလို အရပ်ဘက်နဲ့ စစ်ဘက်ပစ်မှတ်တွေကို စကစရဲ့ ဗုံးကြဲတိုက်ခိုက်မှုသတင်းတွေက ပြီးခဲ့တဲ့တပတ်လုံးကို လွှမ်းမိုးခဲ့တယ်။ ‘ဘာတွေထူးလို့လဲ’ ဒီတော့ သြဂုတ်လဝက်နဲ့ စက်တင်ဘာလဆန်းအကြား ပြည်တွင်းနဲ့ နိုင်ငံတကာမှာ ဘာတွေ ထူးခြားသလဲဆိုတာ ကြည့်တော့ […]

Editorial

မနက်ခင်းအတွေး

-၂၀၂၄ ​စက်တင်ဘာ ၁၂ ကြာသပ​တေးနေ့ – ■ မနက်ခင်းအတွေး ဒုက္ခဆိုတာ သူ့ချည်းပဲမလာဘူး။ အဖော်အပေါင်းနဲ့လာတာတဲ့။ မနက်အသက်ဆက်ရှင်နေသေးရင်တော့ လာကူကြပါဦးဗျာတဲ့။ စာကလေးတကြောင်းပေမယ့် ရင်ထဲဆို့ရတယ်။ ခေါင်မိုးက ထုပ်တန်းပေါ် ဆင့်ကလေးထိုးပြီး တက်နေရတဲ့ မိသားတစုအတွက် လွတ်လမ်းက ဘယ်မှာလဲလို့ ကိုယ့်မေးခွန်းထဲ ကိုယ်ပြန်မွန်းကြပ်ရတယ်။ ဓာတ်ပုံကလေးတပုံပေမဲ့ အသက်ရှုမဝတော့ဘူး။ ရေမြုပ်နေရတဲ့အထဲ ငလျင်ကလှုပ်သေးသတဲ့။ အဲဒီနေရာမှာ မဟုတ်တာအကုန်လုပ်ပြီး ကြွက်တွင်းထဲဝင်ပုန်းနေကြမယ်ဆိုတဲ့ သတ္တဝါတစုအတွက် ဆုကတောင်းဖြစ်အောင် တောင်းလိုက်မိသေးတယ်။ တံတားတစင်းဆောက်ရင် တိုက်တလုံးကျန်တယ်။ […]

Categories

မန္တလေးဖြစ်စစ်သမိုင်း (သို့မဟုတ်)စစ်ပွဲတွေထဲက မန္တလေး

သူရိန် မန္တလေးမြို့သက်တမ်းက နှစ် ၁၇၀ နီးပါးရှိပါပြီ။ လက်ရှိအချိန်မှာ စစ်ရိပ်တွေသန်းနေပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတခွင်က စစ်ရှောင်ပြည်သူတွေလည်း ရောက်ရှိနေသလို မန္တလေးမြို့သူ၊ မြို့သားတွေကိုယ်တိုင် စစ်ဘေးရှောင်ဖြစ်လာတော့မယ့် အနေအထားတွေ ဖြစ်နေပါတယ်။ တကယ်တော့ မန္တလေးမှာ စစ်တွေဖြစ်တာ၊ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်တာက မန္တလေးမြို့တည်ကာစ၊ ပထမဆယ်စုနှစ် မပြည့်ခင်ကတည်းကပဲဖြစ်ပါတယ်။ တကယ်တော့ မန္တလေးမြို့ တည်ထောင်ရခြင်း အကြောင်းတရားတွေထဲမှာကိုက စစ်ပွဲ၊ လက်နက်ကိုင်ပဋိပက္ခတွေ အရင်းခံပါဝင်နေပါတယ်။ မန္တလေးဟာ ဒုတိယ အင်္ဂလိပ်-ဗမာစစ်ပွဲနဲ့ မင်းတုန်းမင်းသား (နောင်တွင် မင်းတုန်းမင်း) […]

Editorial

မနက်ခင်းအတွေး

-၂၀၂၄ ​စက်တင်ဘာ ၁၁ ဗုဒ္ဓဟူးနေ့ – ■ မနက်ခင်းအတွေး ဒီရက်ပိုင်း အတွေးထဲမှာ ထပ်ခါပေါ်နေတဲ့ စကားလုံးနှစ်လုံးက ‘အဖြူရောင် သိုင်းသမား’ နဲ့ ‘အနက်ရောင် သိုင်းသမား’ ဆိုတဲ့ စကားလုံးတွေပါပဲ။ ကိုယ်တွေ ဆယ်ကျော်သက်အရွယ်က မြန်မာစာပေလောကမှာ လျှမ်းလျှမ်းတောက်ခဲ့တဲ့ သိုင်းဝတ္ထု စာအုပ်ခေတ်ကို ဒီကနေ့ခေတ်လူငယ်တွေ မသိလောက်ပါဘူးလေလို့ အထင်ရောက်ပြီး Google လုပ်ကြည့်လိုက်တာ … လား … လား … မျက်လုံးပြူးသွားရပါလေရော။ […]