မောင်ဇိုဖေ စိမ်းညို့တဲ့ထင်းရှူးတောမယ် နွေရာသီတောင်ယာခုတ်ချိန်ဆို ခေါင်ရေချိုအေးကရေငတ်ပြေတယ်။ ပြောင်းကြမ်းလည်းထောင်းတယ် ဆောင်းလေလည်းကြမ်းတယ် ခြေဖနောင့်ပါကွဲတယ်၊ ချင်းမလေးခြေသလုံးလည်းတောင့်တယ်။ ငါတို့ပြောတဲ့စကားတော့ တူမီးသံဝဲတယ်။ ချယ်ရီရာသီရောက်ရင်ငါ့နှမလေးတွေ တောင်ယာသွားတော့ပလိုင်းတဖက် ဓါးတလက်နဲ့ ထင်းပါခုတ်တယ်။ ငါ့ညီအကိုတွေအမဲလိုက်သွားရင် ဓါးမြှောင်ခါးထိုး၊တူမီးဖက်ရင်း တောင်ယာစောင့်တယ်။ ငါတို့မက်တာ တူမီးအိပ်မက်။ ဧည့်သည်ကိုဆိုဆွေမျီုးအရင်းလို လိုင်မီးနဲ့ဧည်ခံတယ် မီးဖိုနဘေးနွားသရေခင်းပြီး အဖွားရက်တဲ့ခြုံစောင်နဲ့နွေးစေတယ်၊ ရန်သူဆိုလည်းရန်သူလိုပဲရွာထိပ်ကနေ တူမီးနဲ့ ကြိုတယ်။ တတောင်ကျော်ရင်စကားတမျိုးကွဲတယ်၊ စကားအမျိုးပေါင်း(၆၀)ကျော်တယ်၊ ဒီနွေဦးတော့ ဘယ်သူမှ တောင်ယာမခုတ်ဘူး။ ဟိုဖက်တောင်ရော ဒီဖက်တောင်ရော (ဘုံ)စကားတမျိုးပဲပြောတယ်၊ အားလုံးလည်းနားလည်တယ်၊ […]