‘ကျွန်တော်သိတဲ့သူပုန် (ဝါ) အထောက်အထားမဲ့ကဗျာဆရာ’ ခွန်းနီ အထောက်အထားမဲ့ ကဗျာဆရာတစ်ယောက် ခေတ်ကြီးနောက် ကောက်ကောက်ပါအောင်လိုက်ခဲ့ ဂုဏ်မဲ့၊ဒြပ်မဲ့နဲ့ ဖြစ်သလိုကဗျာဆရာပါ။ ခေတ်ကြီးကခပ်လှုပ်လှုပ်ဆိုတော့လည်း ကဗျာဆရာ့အိမ်မက်တွေလည်း ခပ်မြုပ်မြုပ်ပါပဲ ခေတ်ကြီးများဆိုးတော့ အနာဂတ်တွေပါကျိုးရော။ ကဗျာဆရာတွေစစ်တိုက်ကြတဲ့ခေတ်ကို ရောက်နေပြီ တစ်ချို့က လူလုပ်တဲ့သေနတ်တွေကိုင်လို့ တစ်ချို့က ရင်ထဲကထွက်တဲ့စကားလုံးတွေနဲ့တိုက်လို့။ ကဗျာဆရာဟာလည်း စစ်ကြီးထဲကိုမိုက်မိုက်မဲမဲတိုးခဲ့တယ် အသိုက်အမြုံတွေကို အရေခွံတွေလိုပုံထားခဲ့ပြီး ပြာပုံထဲကနေထပြီး ဒဏ်ရာတွင်းထဲခုန်ဆင်းခဲ့သလိုမျိုး။ ရုန်းရင်းကန်ရင်းနဲ့ကျော်လွှားရတဲ့ သက္ကရာဇ်တွေမှာ ကဗျာဆရာဟာ အနည်ထိုင်လာခဲ့ပြီထင်ပါရဲ့ ဒုက္ခဆိုရင် ဆွတ်နေကျရေမွှေးလိုသင်းပျံ့လို့နေရဲ့။ အတောင်တွေရုပ်သိမ်းထားလိုက်ပါ ကဗျာဆရာ […]