ကဗျာ

ပြန်စာ

‘ပြန်စာ’ ‌ယောနသံ ထောင်အုတ်ရိုးပေါ် ကို ဖြတ်တိုက်လာတဲ့ လေထဲမှာ မီးကျွမ်းနေတဲ့ ကျောင်းသုံးစာအုပ်လေးရဲ့ ပြာနံ့ရတယ်။ ရမ်းငွေ့တွေကို ကွေ့ရှောင်ပျံသန်းပြီးမှ ပင်ပင်ပန်းပန်းနဲ့ ရောက်လာခဲ့တဲ့ သတိရစိတ်ကလေး အဲ့ဒီ သတိရစိတ်ကလေးကို ဖွင့်ဖောက်ပြီး ဖတ်ကြည့်လိုက်တော့ “မောင်ရေ… အခုထောင်ဝင်စာက ရေခဲသေတ္တာလေးကို ရောင်းပြီးမှ ပို့ ပေးလိုက်ရတာပါ” တဲ့။ ဘဝတချို့က အကျဉ်းထောင်ထဲမှာ မိုးချုပ်ကြ ဘဝတချို့က ဒုက္ခသည်စခန်းတွေမှာ မိုးချုပ်ကြ ဘဝတချို့က ပြန်စရာ အိမ်မကျန်တော့တဲ့ တောထဲ Read More

Real Life Stories

မင်းသေလို့ မဖြစ်ဘူး

“မင်းသေလို့ မဖြစ်ဘူး” မောင်သုည (ရှပ်ပုံသားလေး) ”တရားသဖြင့်နွှဲနေကြတဲ့ ဒီတိုက်ပွဲမှာ မတရားသဖြင့် သတ်ဖြတ်ခံရတဲ့ လူထုတွေအတွက် ယူကျုံးမရ နာကျည်းနေကြတုန်းပဲ ” x x x ကျနော် စာမရေးဖြစ်တာ တော်တော်ကြာသွားပြီလို့ ပြောရမယ်။ ဒါကလည်း စိတ်ဒဏ်ရာတွေကြောင့် ဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိဘဲ မသိစိတ်က ပြိုလဲနေတာကြောင့်လို့ပြောရင် မှားမယ်မထင်ပါဘူး။ ကျနော့်လိုပဲ ကျနော့်ပတ်ဝန်းကျင်မှာ စိတ်ဓာတ်ကျပြီး ပြိုလဲနေတဲ့လူတွေ ရှိနေတာကိုလည်း တွေ့ရတယ်။ တခြားတခြားသော လူတွေလည်း တက်တက် Read More

သတင်းသုံးသပ်ချက်ဆောင်းပါး

ပြောင်းလဲနေသောကမ္ဘာ အပိုင်း(၂)

“ပြောင်းလဲနေတဲ့ကမ္ဘာ – ၂” – သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ​ကျော်​ဇောခိုင် ‘နိုင်ငံခြားရေးပေါ်လစီ’ အမေရိကန်သမ္မတအသစ် ပြောင်းလဲတိုင်း သူတို့ရဲ့ နိုင်ငံခြားရေးပေါ်လစီတွေကို သမ္မတသက်တမ်းရဲ့ အစပိုင်းမှာ တရားဝင် ထုတ်ဖော်ပြောကြားလေ့ရှိတယ်။ ဘိုင်ဒန်လက်ထက်က နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ ဘလင်ကန်က အမေရိကန်ရဲ့ နိုင်ငံခြားရေးပေါ်လစီကို အကျယ်တဝံ့ ရှင်းလင်းပြောကြားခဲ့တာ တွေ့ရတယ်။ ထရမ့်တက်လာတော့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ၂၀၂၅ ဇန်နဝါရီ ၂၂ မှာ ထရမ့် ဒုတိယသက်တမ်းရဲ့ ဦးစားပေးတွေနဲ့ Read More

ဆောင်းပါး

တော်လှန်ရေးချဥ်ခြင်း

‘တော်လှန်ရေးချဥ်ခြင်း’ ကိုနီတွက် “တော်လှန်ရေး” ဆိုသည့် အဓိပ္ပါယ်ကို စဥ်းစားကြည့်မိသည်။ တော် (တြိ) သင့်လျော်သည်၊ လျောက်ပတ်သည်၊ အံကျသည်။ တော်လှန် (တြိ-၁) ခေတ်ဟောင်း စနစ်ဟောင်းမှ ခေတ်သစ် စနစ်သစ်သို့ ရောက်ရှိအောင်လုပ်သည်။ (တြိ-၂) ဖီဆန်သည်၊ ပုန်ကန်သည်၊ ကာပြန်သည်။ (တြိ-၃) စနစ်တခုမှ တခုသို့၊ အခြေအနေတခုမှ တခုသို့ ပြောင်းလဲပစ်သည်။ တော်လှန်ရေး (န) ခေတ်ဟောင်း စနစ်ဟောင်းမှ ခေတ်သစ် စနစ်သစ်သို့ ရောက်ရှိအောင် Read More

ကဗျာ

နောက်ဆုံးပွဲ (ဝါ) ယနေ့မနက်ဖြန် ကြည့်ရှူရန်သင့်တဲ့အစီအစဥ်

‘နောက်ဆုံးပွဲ (ဝါ) ယနေ့မနက်ဖြန် ကြည့်ရှူရန်သင့်တဲ့အစီအစဥ်’ ပန်းတော်ဆက် ကင်မရာက ခြင်္သေ့ကိုတလှည့် ကျွဲ အုပ်ကိုတလှည့် ရိုက်ပြတယ် ကျွဲအုပ် ဟာ …. အန္တရာယ်ကို မသိခင် သူ့စားကျက်မှာသူ… စားသူစား ၊ကစားသူကစား မေထုံမှီဝဲ ၊ရေစုန် မှာ တနေကုန် အေးအေးလူလူ ရေစိမ်မြဲ ကင်မရာက ကျွဲအုပ်ကိုတစ်လှည့် ချောင်းမြောင်းနေတဲ့ ခြင်္သေ့ကို တလှည့်ရိုက်ပြတယ်…။ ကျွဲအုပ်ဟာ ရုတ်တရက် ဆိုသလို ခြင်္သေ့ကို တွေ့လိုက်ရချိန် လဲသူလဲ Read More

ဆောင်းပါး

ဘယ်မှာလဲ J Me ၊ ဘယ်မှာလဲ စိုင်းစိုင်းခမ်းလှိုင်

‘ဘယ်မှာလဲ J Me ၊ ဘယ်မှာလဲ စိုင်းစိုင်းခမ်းလှိုင်’ Simon မန်းလေးမှာ အသက် ၂၄နှစ်အရွယ် rapper လေးတယောက်အသတ်ခံလိုက်ရတယ်။ ဘယ်လို အသတ်ခံလိုက်ရတာလည်းဆိုရင် စစ်တပ်လက်ပါးစေ ပျူစောထီးဆိုတဲ့ ကျွန်တွေက ဒီကောင်လေးကို သူ့ရဲ့နေအိမ်မှာ လာဖမ်းပြီး စစ်ကြောရေးမှာ သတ်ပစ်လိုက်တာ။ ဘာကြောင့်လာဖမ်းတာလဲဆိုတဲ့ အကြောင်းပြချက်လည်း မပေးနိုင်သလို ဘာကြောင့် သတ်ပစ်လိုက်တယ်ဆိုတဲ့ အကြောင်းပြချက်လည်း မပေးနိုင်ဘူး။ ညကလာဖမ်းတယ် မနက်ရောက်တော့ မိသားစုကို အလောင်းလာထုတ်ခိုင်းပြီး ချက်ချင်း သဂြိုလ်ခိုင်းလိုက်တယ်။ Read More

အက်ဆေး

ကိုတို့ဟာ ပစ်တိုင်းထောင်လေးတွေပါ ယုမေ

“ကိုတို့ဟာ ပစ်တိုင်းထောင်လေးတွေပါ ယုမေ” ဘရိုင်ယံရိန်း (၁) စိန်လက်စွပ်က ဆယ်သိန်းငါးသောင်း။ ရွှေဆွဲကြိုးက ဆယ်သိန်းသုံးသောင်း ငါးထောင်။ Confirm နော် ညီမ။ ခဏနေ ပိုက်ဆံလွှဲမယ်။ (၂) မနက်စောစောကြီး ကိုတို့ online marketing ပိုင်းမှာ customer တယောက်က စိန်လက်စွပ်တကွင်းနဲ့ ရွှေဆွဲကြိုးတပင် ဈေးဦး စဖောက်ပေးသွားတယ် ယုမေ။ ပိုင်ရှင်တွေတော့ ဒီပမာဏလေးအတွက် ပျော်ရဲ့လား မသိနိုင်ပေမယ့် ကိုတို့ Online Marketing Read More

သီတင်းတပတ်စစ်ရေးစစ်ရာ

စစ်ရေးစစ်ရာ တပတ်တာ (၃၄)

“စစ်ရေးစစ်ရာ တပတ်တာ (၃၄)” နောင်လူသစ် – မေလ (၁၈) ရက်မှ မေလ (၂၄) ရက်အထိ ☆ ၂၀၂၅ ခုနှစ် မေလ (၁၈) ရက်မှ မေလ (၂၄) ရက်အထိ တပတ်အတွင်း မြန်မာနိုင်ငံတဝန်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား လက်နက်ကိုင်တိုက်ပွဲ ကြီးငယ်ပေါင်း (၃၉) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။ ☆ တပတ်တာအတွင်း စစ်ကောင်စီက အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးဖြင့် Read More

Short Stories

စိတ်ကုထုံးဝတ္ထု

‘စိတ်ကုထုံးဝတ္ထု’ ရေအေး ၁။ စစ်ပွဲက ပြန်လာပြီးတဲ့နောက် ဖိုးစီ လူမဖြစ်ချင်တော့ဘူး။ လူဖြစ်ရတာ မပျော်တော့ဘူး။ လူဖြစ်ရတာ မကောင်းဘူး၊ လူဖြစ်ရတာ အကျိုးမရှိဘူး၊ လူတွေနဲ့ ဆက်ဆံရတာ အလကားပဲလို့ တွေးလာတယ်။ လူတွေမှာ ကောင်းကွက်ရယ်လို့ မရှိဘူး၊ လူတိုင်းလူတိုင်း တမျိုးစီ ဆိုးနေကြတာပဲပေါ့။ ဒါနဲ့ပဲ ဖိုးစီက လူအဖြစ်မနေတော့ဘဲ သူ့စိတ်ထဲရှိတဲ့အတိုင်း သူ့ကိုယ်သူ ပုံစံတွေပြောင်းပြီးနေတယ်။ တချို့ရက်တွေမှာ စိမ်းရင့်ရင့် ပန်းရုံထက်မှာ စွင့်စွင့်လေးပွင့်နေတဲ့ စံပယ်ပွင့်လေးပေါ့။ တချို့ရက်တွေကျ Read More

Flim Reviews

The Lady (2011)

“The Lady (2011)” ထွင် ဒီရုပ်ရှင်ကြည့်ဖူးတာ ကြာပဲ ကြာခဲ့ပါပြီ။ ​စ, ကြည့်ခဲ့တုန်းက လူမှန်းတောင်မသိသေးတဲ့ ဆယ်ကျော်သက်အရွယ်လောက်က ဖြစ်မယ်။ ၂၀၁၁ ခုနှစ်မှာ ရုပ်ရှင်ထွက်ခဲ့တာဆိုတော့ ရုပ်ရှင်ထွက်အပြီး မကြာခင်လေးမှာ ကြည့်ခဲ့ရတယ်ထင်တာပဲ။ DVD ပြားကို အောက်စက်ထဲထည့်ပြီး ကြည့်ခဲ့ရတာ။ အဲဒီတုန်းက ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတချို့ကို ပီပြင်လွန်းတယ်ဆိုပြီး ကြောက်ရွံ့ခဲ့မိတာ မှတ်မိသေးတယ်။ အကြားအမြင်ဆရာမကြီးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သတ်ပစ်ခိုင်းလို့ သေနတ်နဲ့ပစ်သတ်တဲ့အခန်းနဲ့ အကျဥ်းသားတယောက်ကို ကန်ကျောက်ပြီး အလုံပိတ်အခန်းထဲ Read More