Short Stories

စစ်ကြီးအတွင်းက စာရေးဆရာ -၂

“စစ်ကြီးအတွင်းက စာရေးဆရာ -၂” ရေအေး စာရေးဆရာက သူ့ဇာတ်လမ်းကို တော်လှန်ရေးစခန်းတခု ဝင်စီးခံရတာနဲ့ စပြီးဖွင့်တယ်။ ဖွင့်ဖွင့်ချင်း နိဒါန်းမှာပဲ လက်နက်ကြီးသုံးလုံးကို မြန်မြန်ဆန်ဆန် ဖောက်ခွဲပြီး စခန်းတခုလုံးကို မီးလောင်တိုက်သွင်းလိုက်တယ်။ ပြီးတော့ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် တယောက်တည်းကိုပဲ ချန်ရစ်ပြီး ကျန်တဲ့ရဲဘော်တွေ အားလုံးကို တချက်တည်းနဲ့ သတ်ပစ်လိုက်တယ်။ အခု စခန်းတခုလုံး မီးပွားတွေ တဖွားဖွားလွင့်ပြီး လူသွေးနံ့တွေ၊ အသားမီးလောင်နံ့တွေ ထောင်းထောင်းထနေပြီ။ ဒါပြီး ဘာဆက်ဖြစ်ရင် ကောင်းမလဲ။ […]
ကဗျာ

ဘယ်မျက်နှာဖုံးတပ်တပ် မှတ်မိနေတဲ့ ရှင့်မျက်လုံးတွေ

“ဘယ်မျက်နှာဖုံးတပ်တပ် မှတ်မိနေတဲ့ ရှင့်မျက်လုံးတွေ” ချမ်းမီ ရှင့်မျက်လုံးတွေက ကျမအတွက်အန္တရယ်များတဲ့ချောက်ကမ်းပါး‌တွေ။ နက်မှန်းသိပေမယ့် အဲ့ဒီချောက်ကမ်းပါးတွေထဲ ကျမအမြဲခုန်ချနေခဲ့တာ။ ဘယ်မျက်နှာဖုံးတပ်တပ် တခြားတယောက်ဖြစ်မသွားအောင် မှတ်မိစေတဲ့မျက်လုံးတွေ။ အဲ့ဒီမျက်လုံးတွေက ကျမအမြဲငေးနေရတဲ့ အလှဆုံးမြင်ကွင်း၊ ဝေခွဲရခက်တဲ့ ပုံရိပ်ယောင်၊ ဖြေရှင်းရခက်တဲ့ ပုစ္ဆာ၊ ကျမအမြဲဆိုချင်နေပေမယ့် အလွတ်မရတဲ့သီချင်း။ ပထမဆုံးဓမ္မတာကြောင့် အရွယ်ရောက်ခဲ့ပြီဆိုပေမယ့် ရှင့်မျက်လုံးတွေထဲမှာ ကျမကအကောင်တကောင်မဖြစ်သေးတဲ့ ပေါက်ဖက်။ ပြည်တွင်းစစ်၊ ဟဲမင်း‌ဝေး၊ ကပ်ဖ်ကာ၊ ရိုမန်အင်ပါယာကျဆုံးသွားတဲ့အကြောင်းထက် အရင်ရည်းစားနဲ့အဆက်သွယ်ရှိမရှိကို ကျမပိုစိတ်၀င်စားတယ်။ အခုလိုခေတ်မျိုးမှာမဟုတ်ဘဲ လိုချင်တဲ့သီချင်းရောက်ဖို့ တိပ်ရီကော်ဒါလေးကို […]
ကဗျာ

ဒကာကြီးကို YouTuber ဖြစ်လို့ အားမကျမိဘူး၊ ဒါပေမဲ့ မွဲနေမှန်းသိမှ အားကျမိသွားတယ်

‘ဒကာကြီးကို YouTuber ဖြစ်လို့ အားမကျမိဘူး၊ ဒါပေမဲ့ မွဲနေမှန်းသိမှ အားကျမိသွားတယ်’ ရွက်စိမ်း ဒါကတော့ တကွေ့တာမှာ တွေ့ကြုံခဲ့ရတာ။ နာရီလေးထောင်ကလည်း စောင့်ရဦးမယ်။ Subscriber တထောင်ပြည့်ဖို့ကလည်း စောင့်ရဦးမယ်။ တနေ့ကို အနည်းဆုံး ဆယ်နာရီက ဖုန်းနဲ့ ကွန်ပျူတာရှေ့မှာ။ ထမင်းကိုလည်း အမြန်စားရသလို ခေါက်ဆွဲပြုတ်လည်း အမြန် မြိုချရတယ်။ အချိန်မှန်လည်း Video တင်မှရမယ်။ Trend လိုက်ဖို့အချိန်ရှိပေမဲ့ ဂိမ်းဆော့ဖို့ အချိန်မရှိ။ Dry eye […]
သတင်းသုံးသပ်ချက်ဆောင်းပါး

တော်လှန်ရေးကာလအတွင်း နိုင်ငံရေးအရ ရင့်ကျက်မှု

“တော်လှန်ရေးကာလအတွင်း နိုင်ငံရေးအရ ရင့်ကျက်မှု” – သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ​ကျော်​ဇောခိုင် ဧပြီလကုန် (၂၈ နဲ့ ၂၉) ကူမင်းမှာလုပ်တဲ့ စကစနဲ့ ဆွေးနွေးပွဲကို တအာင်းက မေလဆန်းမှာ ထုတ်ပြန်လာတယ်။ ဒူးလောက်တင်မှ ရင်လောက်ကျဆိုတဲ့ သဘောအရများလားမသိ။ အရင် တအာင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ နမ့်ဆန်နဲ့ မန်တုံကလွဲလို့ ကျန် သိမ်းပိုက်ထားတဲ့ မြို့အားလုံးကနေ ပြန်ဆုတ်ပေးရမယ်လို့ စကစဘက်က တောင်းဆိုလာတယ်။ ‘တအာင်းဆွေးနွေးပွဲများ’ ဆွေးနွေးပွဲက ဧပြီ […]
အက်ဆေး

ကျနော်တို့ သူငယ်ချင်းတွေ

“ကျနော်တို့ သူငယ်ချင်းတွေ” မောင်သစ်အောင် အာဏာသိမ်းကာလမစခင် ကိုဗစ်ကာလထဲက ကျနော်တို့သူငယ်ချင်းတွေ ကွဲကွဲပြားပြား ဖြစ်ကုန်ကြတယ်။ ခု‌တော့ တချို့ကလည်း အလုပ်ခွင်ထဲမှာ မိန်းမတွေ ဘာတွေရ၊ တချို့ကလည်း မိသားစုကို ပြန်ထောက်ပ္ပံကြရ၊ တချို့ကတော့ ဘယ်တော့ပြန်လာရမယ် မသိတဲ့လမ်းကို လျှောက်ကုန်ကြရဲ့။ အရင်က ဂိမ်း အတူတူဆော့ဖူးကြတဲ့ အချိန်တွေ၊ ထန်းရည် တူတူခိုးသောက်ကြတဲ့ အချိန်တွေ ၊ရန်ဖြစ်ခဲ့ကြတဲ့ အချိန်တွေ အကုန်လုံးဟာ အမှတ်ရစရာတွေချည်းပဲ။ သူငယ်ချင်းတွေထဲမှာ ခိုတဲ့ကပ်တဲ့ကောင် တချို့ကိုတော့ ကျနော်တို့ […]
ဆောင်းပါး

ကိုယ်ပိုင် စုပေါင်းအမှတ်လက္ခဏာအတွက် အိမ်စာ ပြီးပြီလား

“ကိုယ်ပိုင် စုပေါင်းအမှတ်လက္ခဏာအတွက် အိမ်စာ ပြီးပြီလား” မသီတာ (စမ်းချောင်း) ဒီ ၂၀၂၅ ခုနှစ်အတွင်းနဲ့ နောက်ပိုင်း ကမ္ဘာမှာ နိုင်ငံတနိုင်ငံအနေနဲ့ဖြစ်စေ လူတယောက်အနေနဲ့ဖြစ်စေ နိုင်ငံ့ (အမျိုးသား) အမှတ်လက္ခဏာ၊ ကိုယ်ပိုင်အမှတ်လက္ခဏာ အသီးသီးကို ပြန်လည်ရှာဖွေပြီး ဖော်ထုတ်ဖွင့်ဟလာလိမ့်မယ်လို့ ပညာရှင်တချို့က ပြောကြပါတယ်။ ဒါဟာ သိပ်စိတ်ဝင်စားစရာပါ။ တကယ်တော့ နိုင်ငံအနေအထားမှာဆို တကမ္ဘာလုံးမှာ နှစ်ပေါင်းများစွာ (တချို့တွေအတွက်ဆို တသက်လုံး) က နားလည်ထားကြတဲ့ အမှတ်လက္ခဏာတွေဟာ ကပြောင်းကပြန် ကမောက်ကမတွေ […]
အယ်ဒီတာစကား

PDF တပ်မတော် တည်ထောင်ခြင်း – ၄ နှစ်ပြည့် အထိမ်းအမှတ်

“PDF တပ်မတော် တည်ထောင်ခြင်း – ၄ နှစ်ပြည့် အထိမ်းအမှတ်” အမှတ်တရ ထုတ်ဝေမည့် လက်ရွေးစင် ကဗျာစာအုပ်အတွက် ကဗျာစာမူများပေးပို့ရန် ဖိတ်ခေါ်ခြင်း PDF တပ်မတော် တည်ထောင်ခဲ့သည်မှာ ယနေ့ဆိုလျှင် ၄ နှစ်တင်းတင်း ပြည့်မြောက်ပြီဖြစ်ပါသည်။ PDF ၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းက ကမကထပြု၍ အမှတ်တရ ကဗျာစာအုပ်တအုပ် ထုတ်ဝေရန် စီစဥ်နေပါသည်။ ထိုကဗျာစာအုပ်အတွက် ကဗျာစာမူများ […]
Short Stories

အမယ်အိုကြီးရဲ့ ခံတက်ချဥ်

“အမယ်အိုကြီးရဲ့ ခံတက်ချဥ်” ရွယ်မိုး ခေါင်းခုပုဆိုးခွေကို ဖြည်ရင်း မောကြီးပန်းကြီးနဲ့ ချွေးသုတ်​နေတဲ့ အမယ်အိုကြီးရဲ့လက်ဟာ ဇရာရဲ့သဘောကို ဆောင်နေတယ်။ အကြောပြိုင်းပြိုင်း မြင်နေရတယ်။ နောက်ပြီး မဲသလဲနေတယ်။ ချွေးဝနေတဲ့ ညစ်ထေးထေး ဖျင်နီကြမ်းအင်္ကျီဟာ ချုပ်ရာကြောင်းတချို့ ရှိရဲ့။ အောက်ချထားတဲ့ စျေးဗန်းကြီးထဲမှာက တိုလီထွာထီ စုံလှသားကလား။ ကန်စွန်း၊ မုန်လာ၊ ပဲသီး၊ သရက်ချဥ်၊ ကိုက်လန်၊ ဘူးသီး၊ ခဝဲညွန့်၊ ငရုတ်သီးစိမ်းကလေးတွေ၊ ချင်းတက်ကလေးတွေ စသဖြင့် တွေ့ရပါတယ်။ မြေအိုးငယ်လေးတလုံးလည်း […]
Flim Reviews

ကျန်ရစ်ခဲ့ရခြင်းတွေ

“ကျန်ရစ်ခဲ့ရခြင်းတွေ” ညီလင်းအိမ် ကျနော်တို့ လူသားကမ္ဘာကြီးဆိုတာက ဖို မ၊ မ ဖို၊ ကျား မ၊ မ ကျား စလို့ ဒီစုံတွဲနဲ့ပဲ ပေါင်းစပ်အလုပ်လုပ်ရတာ ဖြစ်ပေတဲ့ ဘာရယ်ကြောင့်များ ခေတ်အဆက်ဆက်မှာ မ ဆိုရင် အဖြည့်ခံသဘောမျိုးပဲ စံထားချင်တာ။ မီးဖိုချောင်သုံး သတ္တဝါနဲ့ မျိုးပွားကိရိယာငယ်သဘောပဲ မှတ်ယူလာကြတာတွေစလို့ အရိုးစွဲဘာသာတရားမှာအထိ အမျိုးသမီးက ဘုရားမဖြစ်ရဘူးတွေ၊ တစက္ကန့်မျှ အခွင့်သာရင်တောင် ဖောက်လွဲဖောက်ပြန်ဖြစ်ဖို့ တာစူနေကြတဲ့ ရာဂတဏှာကြီးမားသူတွေအဖြစ်၊ နောက် […]
ဖတ်/ညွန်း

သုဝဏ္ဏသျှံ ထမ်းလာသော ရွှေအိုး

“သုဝဏ္ဏသျှံ ထမ်းလာသော ရွှေအိုး” အော်စွန်းမိုင် စာအုပ်အမည် – ကဗျာပေါင်းချုပ် ရေးသားသူ – မင်းသုဝဏ် ထုတ်ဝေသူ – The Key Collection ပုံနှိပ်မှတ်တမ်း – တတိယအကြိမ် ဖေဖော်ဝါရီ၊ ၂၀၂၅ အုပ်ရေ – ၅၀၀ တန်ဖိုး – ၅၀,၀၀၀ မျက်နှာဖုံး – မုတ်သုံ စာမျက်နှာ – ၉၂၃ ‘သပြေညို’ သူ့ခေါင်းမှာတဲ့ သပြေညို […]