ကဗျာ

မြေနိမ့်ရာလှံစိုက်တာပေါ့

“မြေနိမ့်ရာလှံစိုက်တာပေါ့” ■ မောင်ဇိုဖေ “မြေနိမ့်ရာလှံစိုက်တာပေါ့” ဆိုကြတော့ နိုင်ငံတော်ကရယ်တယ်။ “ကံဆိုးမသွားလေရာမိုးလိုက်ရွာ”နေတော့တာပဲဆိုကြပြန်တော့ နိုင်ငံတော်ဟာခွက်ထိုးခွက်လန်ကိုထိုင် ရယ်ချတော့တာပဲ။ ပြီးတော့သူ့မျက်ရည်တွေကိုလူမသိအောင်သုတ်တယ်။ အမလေးရယ်လိုက်ရတာဖတ်ဖတ်မော ရင်ဘတ်နောက်မှာကျောဆိုပြီး ဆို့နင့်စွာသူငိုပြန်တယ်။ ဆောင်းဦးတဲ့၊မိုးဦးနဲ့နွေနှောင်းရယ်တဲ့ အရပ်ရှစ်မျက်နှာကမိသားစုတွေကမ္ဘာမြေပေါ်ကအဓိပ္ပာယ်မဲ့ရုတ်တရက် ပျောက်ဆုံးနေကြရ။ လကွယ်တပေါင်းသမားညိုမှာ ဘီလူးနက္ခတ်ရောင်ဝါအောက် တဆွေလုံးတမျိုးလုံးမြေကြီးအောက် အရှင်လတ်လတ်ပျောက်သွားမယ်လို့ ဘယ်သူထင်ပါ့မလည်းဆိုတော့ နိုင်ငံတော်ဟာဆံပင်ဖားလျားနဲ့ စိတ်လွတ်ကိုယ်လွတ် တဟားဟားရယ်ချလိုက်တယ်ပြီးတော့ ရုတ်တရက်အရယ်ရပ်ပြီးမြေကြီးပေါ်လေးဖက်ထောက်ကပ် နားထောင်ပြီးရှုးတိုးတိုးခဏလောက်တိတ်တိတ်နေကြစမ်းဆိုပြီးလှမ်းငေါက်လိုက်တယ် တလောကလုံးတိတ်စီတ်သွားပြီဆိုတော့မှမြေထဲကျွံကျနေတဲ့ကွန်ကရစ်ပုံထဲကထိုးထွက်နေတဲ့အုတ်မြစ်ချထားတဲ့သံတိုင်ကြီးကြီးတချောင်းကိုတဒေါက်ဒေါက်ခေါက်ပြီးဆက်နားထောင်လို့နေတယ်။ ထပ်ထပ်ခေါက်တယ် ခဏနေတော့ဝမ်းသာအားရထရယ်ပြီးအောက်မှာလူရှိနေသေးတယ်ဒီနေရာကိုဆက်တူးကြဆိုပြီးနိုင်ငံတော်ဟာအရူးတယောက်လို့နောက်တနေရာကိုထွက်ခွါသွားလေရဲ့။ မတ်.၂၉.၂၀၂၅ မတ်-၂၈-၂၀၂၅ခုနှစ်ငလျင်ဘေးကြုံရသောမိသားစုဝင်များသို့။
အက်ဆေး

ဒါ … ရန်သူ့နယ်မြေ

‘ဒါ … ရန်သူ့နယ်မြေ’ ရီဗော်တီ ကျနော် ကားဂိတ်ကိုရောက်တော့ ညနေ အတော်စောင်းနေခဲ့ပါပြီ။ လှည်းတန်းကနေ အောင်မင်္ဂလာကားဝန်းဆီ သွားတဲ့လမ်းတလျှောက် ကျနော်ဟာ အတွေးများစွာနဲ့ ငေးမောရင်း သက်ပြင်းတွေချမိတာလည်း အခါခါပါပဲ။ “ဘယ်အချိန်မှ ငါဟာ ရန်ကုန်မြို့ကြီးဆီ ပြန်ရောက်မှာလဲ” ဆိုတဲ့ အတွေးအပြင် “ပြန်ရော ရောက်ဖြစ်ပါဦးမလား” ဆိုတဲ့ အတွေးတွေကြောင့်ပဲ ဖြစ်ပါတယ်။ အခုသွားမယ့်ခရီးဟာ တော်လှန်ရေးနယ်မြေ၊ လွတ်မြောက်နယ်မြေလို့ အများက သက်မှတ်ထားကြတဲ့ ကရင်ပြည်နယ်ဆီကိုပါ။ အစစ်အဆေးများတဲ့ကာလဖြစ်လို့ ညဘက်ကိုရွေးပြီး […]
သတင်းသုံးသပ်ချက်ဆောင်းပါး

ပထဝီနိုင်ငံရေး မိုင်းကွင်းများ

“ပထဝီနိုင်ငံရေး မိုင်းကွင်းများ” – သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ​ကျော်​ဇောခိုင် မတ်လ ၁၃-၁၆ ကုလအတွင်းရေးမှူးချုပ် ဂူတာရက်ရဲ့ ဘင်္ဂလားဒေ့ရှ်ခရီးစဥ် နောက်ပိုင်းမှာ ရိုဟင်ဂျာအရေးဟာ အရင်အချိန်တွေကထက်စာရင် ပိုပြီးတိကျတဲ့ လုပ်ငန်းစဥ်တွေ ရှိလာတဲ့သဘော မြင်တွေ့လာရတယ်။ မတ်လ ၂၄-၂၅ မှာ အမေရိကန် ပစိဖိတ်စစ်တပ်ရဲ့ ဒုဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဂျိုရယ်ဗိုဝယ်နဲ့ အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်ကို ရောက်လာတယ်။ နှစ်နိုင်ငံ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေအတွက်လို့ သတင်းထုတ်ပြန်တယ်။ ‘စီခါလီ စင်္ကြန်လမ်းစီမံကိန်း […]
ဆောင်းပါး

ရိုက်ချက်ပြင်းတဲ့ သဘာဝတရား

“ရိုက်ချက်ပြင်းတဲ့ သဘာဝတရား” အော်စွန်းမိုင် အကြောင်းရှိရာ အကျိုးလာ၏ ကောင်းငှါဆိုးငှါ ရှေးကြမ္မာလျှင် ခွင့်သာရောက်ငြား ထိုသူအားကို ဘုရား မကယ်နိုင်စွာတည်း။ ။ (မန်လည်ဆရာတော်ဘုရားကြီး၏ မဃဒေဝလင်္ကာသစ်မှ ) စစ်ကိုင်းပြတ်ရွေ့နဲ့ မန္တလေးအောက်က ကျောက်ချပ်လွှာတို့ တိုးတိုက် ပွတ်ခြေခဲ့ကြတာ သီတင်းပတ် အတော် ကျော်လွန်လာခဲ့ပြီ။ ဒါပေမယ့် သဘာဝတရားရဲ့ ရိုက်ချက်က ပြင်းထန်လွန်းတော့ စုတ်ပြတ်သတ်ပြီး ပျက်စီးယိုယွင်းနေကြတဲ့၊ ပြိုကျပျက်သုဉ်းနေကြတဲ့ ဘာသာရေးအဆောက်အအုံတွေ၊ ဘုရားပုထိုးစေတီနဲ့ လူနေတိုက်တာအိမ်ခြေတွေကတော့ မြေပြင်ပေါ်မှာ ဝပ်တွား […]