Short Stories

အခန်းဖော်

‘အခန်းဖော်’ ရာမွန် “မနက်ဖြန် ငါ့ကို ဖမ်းမယ်လို့ အသံထွက်နေကြတယ်။ သတင်းတွေထဲမှာ ငါတို့အကြောင်းတွေချည်းပဲ” ပြတင်းပေါက်ဖက်ကို ငေးပြီး သူက ကျနော့်ကို ကျောခိုင်းထားရင်းနဲ့ ပြောတယ်။ အဲဒါဆို ငါက ဘာလုပ်ရမှာလဲလို့ ကျနော် မေးတော့ တောဖက်ကိုပြေးလေ၊ ဘဝကို အဲဒီ့မှာ အသစ်ပြန်စ တဲ့။ သူ့စကားကို ကြားတော့ ကျနော် အားငယ်နေမိတယ်။ အခန်းထဲက နံရံတွေမှာ သူကပ်ထားတဲ့ စာသားတွေနဲ့ ပြည့်လို့။ ဒါတွေက ကျနော့် […]
ကဗျာ

တခြားရပ်ရွာတခုမှာ ကျန်နေခဲ့သူတဦး

‘တခြားရပ်ရွာတခုမှာ ကျန်နေခဲ့သူတဦး’ မျက်သွယ် မင်းလက်ဖဝါးမှာ ပွင့်တဲ့ပန်းတွေ ကိုယ်ယူလာတယ်။ မင်းကျခဲ့တဲ့သွေးကြောင့် လမ်းတလျှောက် အပင်တွေ စိမ်းလန်းခဲ့ပေါ့။ အခုတော့ မင်းအနားရပါပြီ မင်းမနားချင်သေးတာ ကိုယ်တို့သိပေမယ့် မင်းနားလို့ရပြီ။ ကုန်းမြေရဲ့တဝက်ဟာ ပြိုကွဲနေတာဖြစ်ပြီး ရေထုရဲ့ တဝက်ဟာ မျက်ရည်တွေချည်းပါ။ ကိုယ်တို့အသံတွေအခုတော့ ဆွံ့အနေပေါ့ ကိုယ်တို့ အနာဂတ်ကို ဘယ်သူတွေ တည်ဆောက်ကြမှာလဲ အခု ကိုယ်ရပ်နေတဲ့နေရာမှာ မင်းရှိနေပြီး ကိုယ်ထွက်ခွါသွားရင် မင်းက ကျန်နေခဲ့တော့မယ် အချစ်ရေ ပန်းတွေဟာ နီစွေးလို့ […]
အက်ဆေး

ဖွင့်ထားတဲ့ မျက်ခွံပါးပါးလေးအောက်က ကိန်းအောင်းနေမှုတွေကို ဘာသာပြန်ဆိုဖို့ရာ မရဲပါ

‘ဖွင့်ထားတဲ့ မျက်ခွံပါးပါးလေးအောက်က ကိန်းအောင်းနေမှုတွေကို ဘာသာပြန်ဆိုဖို့ရာ မရဲပါ’ မြကေခိုင် ဒီခေတ်၊ ဒီစစ်ကြီးအတွင်းမှာ ဘယ်သူ့မျက်လုံးကိုမှ သေချာ စိုက်မကြည့်နိုင်ခဲ့တာ ကြာပါပြီ။ ဘယ်အချိန်က စဖြစ်ခဲ့လဲ မသေချာပေမယ့် အိမ်ကထွက်လာကတည်းက ဖြစ်ဖို့များပါတယ်။ ဒါဟာ နှုတ်ကထွက်ရတဲ့ စကားလုံးတွေထက် မျက်လုံးတွေကနေတဆင့် ဆက်သွယ်ရတာ ပိုပြီး အဆင်ပြေတဲ့ ကျမအတွက်တော့ အတော့်ကို သက်သောင့်သက်သာမဖြစ်တဲ့ ကိစ္စတခုပါ။ အဲဒီလို မျက်လုံးကနေတဆင့် သိမှုတွေမှာ နေသားကျခဲ့ပေမယ့် အခုအချိန်မှာတော့ တယောက်ယောက်ရဲ့ မျက်လုံးတွေထဲကို […]
သတင်းသုံးသပ်ချက်ဆောင်းပါး

တရုတ်ပါဝါအခင်းအကျင်း အပိုင်း(၃)

“တရုတ်ပါဝါအခင်းအကျင်း – ၃” – သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ​ကျော်​ဇောခိုင် တော်လှန်ရေးအောင်မြင်လို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်တဲ့ ၁၉၄၉ နောက်ပိုင်း မော်နဲ့အပြိုင် နှိုင်းယှဥ်ဖော်ပြခံရတဲ့ ရှီကျင်းပင်ရဲ့ ပြိုင်ဘက်ကင်းပါဝါဟာ ၂၀၂၄ ခုနှစ်ဝက်လောက်ကတည်းက တအိအိကျဆင်းလာတဲ့သဘောရှိတယ်လို့ တရုတ်လေ့လာသူတွေကဖော်ပြခဲ့ပြီးဖြစ်တယ်။ ခု ဒီအသံတွေပိုပြီး ကျယ်ကျယ်လောင်လောင်ဖြစ်လာရတာက မေလအတွင်းလူမြင်ကွင်းက ၂ ပတ်‌ကျော် ပျောက်ဆုံးနေတာ၊ သူ့ပါဝါကိုကန့်သတ်ခံထားရတယ်လို့ယုံကြည်ရတဲ့ တခြားဖြစ်ရပ်တွေနဲ့အတူ ဇွန် ၃၀ ရက်နေ့ကလုပ်ခဲ့တဲ့ ပေါ်လစ်ဗျူရိုအစည်းအဝေးက ထုတ်ပြန်ချက်ကြောင့်လည်းဖြစ်တယ်။ ‘တရုတ်ကွန်မြူနစ်ပါတီအစည်းအဝေးများ’ […]
ဆောင်းပါး

ကျနော်နဲ့ ထိုလေးယောက်

‘ကျနော်နဲ့ ထိုလေးယောက်’ နွေဦးအောင်ပွဲ ကျနော် အကျဉ်းထောင်ထဲကနေ ပြန်ထွက်လာတော့ ဩဂုတ်လထဲ ရောက်နေပြီ။ ဇွန်လ အစောပိုင်းထဲကနေဆို အချုပ်ရက်တွေကော၊ ကွာရတင်းရက်တွေနဲ့ပါ ပေါင်းလိုက်ရင် ၂ လနီးပါးလောက် ကြာသွားတယ်။ ထောင်မကြီးရဲ့ အပေါက်၀ရောက်တော့ စဝင်တုံးက အပ်ထားတဲ့ ပစ္စည်းတွေကို ပြန်ထုတ်ပေးတယ်၊ စက်ပိတ်ထားရတာ ကြာပြီဖြစ်တဲ့ ဖုန်းကို ပြန်ဖွင့်တော့ ဖုန်းအား ၁၂ ရှိသေးတယ်၊ အချုပ်ကို ပြန်ပို့မဲ့ ရဲကားကို စောင့်နေတုံး အင်တာနက်ဖွင့်ကြည့်တော့ မက်ဆေ့ပေါင်းများစွာ […]
ကဗျာ

လှည်းတန်းကို ပြန်ရောက်တယ်’

‘လှည်းတန်းကို ပြန်ရောက်တယ်’ မေရီသော် တောင်ကုန်းကို မသိမ်းပိုက်ဘဲ လှည့်ပြန်ပြီး တရေးအိပ်ဖြစ်ခဲ့ ငါ့ရဲ့ပြားချပ်ချပ်ရင်သားပေါ်မှာ စိမ်းပြာရောင်ငါးကြေးခွံတွေ စတက်လာတဲ့နေ့ မသေမျိုး ပန့်ခ်တွေ စိတ်ပျက်လက်ပျက် ဘုရားရှိခိုးကြတဲ့နေ့ ကုန်းကျော်တံတားဟာ တယောက်ယောက်ရဲ့ ခေါင်းကို ထိမှန်ပြီး ထုတ်ချင်းပေါက်ထွက်သွားမလိုလို တောအုပ်ထဲက‌ နေပြေးထွက်လိုက်တာနဲ့ မှော်ဆန်မှုတွေ ပျောက်ကွယ်သွားတာပဲ စိတ်မကောင်းပါဘူး ခင်ဗျားရဲ့အကောင်းမြင်နိုင်စွမ်းကလေး ပုတ်တော့မှာမို့ အရင်းကနေဖြတ်ရတော့မယ် မျက်နှာကျက်က ကြမ်းပြင်ထိ နီယွန်ဆိုင်းဘုတ်ချည်း ကားတာယာတွေ၊ ရေနက်ကွင်းတွေနဲ့ ကျီးကန်း‌တွေ ချန်ခဲ့ရတဲ့အရိပ်တွေ များလွန်းလို့ […]
အက်ဆေး

စိမ်းမြသစ်တော နွေနေ့လယ်ခင်း‌များ

‘စိမ်းမြသစ်တော နွေနေ့လယ်ခင်း‌များ’ ဆူးနတ်သန် ခရီး‌တထောက်နားပါ။ ရေကြည်အေး တခွက်သောက်ပါ။ စာအုပ်များ ယူဖတ်ခွင့် ရှိပါတယ်။ စာမျက်နှာများ ကျော်လွှား မဖတ်ပါနဲ့။ ဘဝဆိုတဲ့ စက္ကန့်တွေကို အပြည့်အဝ ခံစားပါ။ စကားလုံးတွေရဲ့ လေးနက်မှုဟာ ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်ပါတယ်။ စကားလုံးရဲ့ ဩဇာကြောင့်ပဲ ကမ္ဘာကြီး ရှင်သန်နေတာ မဟုတ်ပါလား။ ဓာတ်ပုံလေးတပုံ မြင်လိုက်ရတယ်။ မိုင်ပေါင်းများစွာ ဝေးကွာတဲ့အရပ်က လူတယောက် Facebook ပေါ်ကို ရိုက်တင်ထားတဲ့ ပုံတပုံ။ ရေညှိစိမ်းရောင် […]
သီတင်းတပတ်စစ်ရေးစစ်ရာ

စစ်ရေးစစ်ရာ တပတ်တာ (၃၉)

“စစ်ရေးစစ်ရာ တပတ်တာ (၃၉)” ■ နောင်လူသစ် ဇွန်လ (၂၉) ရက်မှ ဇူလိုင်လ (၆) ရက်အထိ ☆ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၉) ရက်မှ ဇူလိုင်လ (၆) ရက်အထိ တပတ်အတွင်း မြန်မာနိုင်ငံတဝန်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား လက်နက်ကိုင်တိုက်ပွဲ ကြီးငယ်ပေါင်း (၅၄) ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့သည်။ ☆ တပတ်တာအတွင်း စစ်ကောင်စီက အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှု […]
အက်ဆေး

အပြာရောင်မီးမွှားမှ ဖွင့်ဆိုချက် (My Side)

‘အပြာရောင်မီးမွှားမှ ဖွင့်ဆိုချက် (My Side)’ အိမ့်ဘုန်းစစ်သော် “ဒိုင်း!” တချက် “ဒိုင်း!” နှစ်ချက် “ဒိုင်း!” သုံးချက် “ရဲဘော်…ကိုယ်ပိုင်အမှတ်(၀….) သည် နိုင်ငံတော်သစ်နှင့် လူထုလွတ်မြောက်‌ရေး အတွက် တိုက်ပွဲ၀င်ခဲ့ပြီးဖြစ်၍…… သင်သွားလိုရာသို့ သွားနိုင်ပါပြီ” မီးလောင်နေတဲ့ ကြွပ်ကြွပ်အိတ်ကို ထင်းပုံထဲက ကြားတနေရာဆီ ပစ်ချလိုက်တယ်။ တစတစနဲ့ မီးတွေကတောက်လောင်လာတယ်။ ပြီးတော့ သိပ်မြတ်နိုးခဲ့ရတဲ့ ခန္ဓာကိုယ်တခုနဲ့ အထပ်ထပ်အခါခါတန်ဖိုးထားခဲ့ရတဲ့ အစိတ်အပိုင်းတခုချင်းဟာ တဖြည်းဖြည်းနဲ့ ပြာအဖြစ်ကို ဦးတည်လာခဲ့တယ်။ “လေးစားပါတယ် […]
Flim Reviews

စတာလင်သေဆုံးခြင်း

‘စတာလင်သေဆုံးခြင်း’ ညီလင်းအိမ် ကမ္ဘာကို ကစဉ့်ကလျား ဖြစ်အောင် လုပ်ခဲ့ကြတဲ့ အာဏာရှင်တွေ အကြောင်းကို ပြောမိကြတိုင်း ရုပ်ရှင်ကားနှစ်ကားကို သတိရမိပါတယ်။ ရုပ်ရှင်ဇာတ်ကြောင်းတွေက နာဇီအစွန်းရောက် အာဏာရှင် ဟစ်တလာနဲ့ ရုရှားက စတာလင်တို့ ဘဝပုံရိပ်ကို ပြန်ပြောင်းအခြေခံထားတာပါ။ နှစ်ကားစလုံးက သူတို့တွေကို သရော်ထားတဲ့ ရုပ်ရှင်တွေ ဖြစ်ပါတယ်။ ဟစ်တလာကို အခြေခံထားတဲ့ ရုပ်ရှင်ကတော့ Time Travel ပုံစံမျိုးနဲ့ ဒီဘက်ခေတ်မှာ ပြန်လည် အသက်ဝင်လာတဲ့ ဟစ်တလာကြီး အဖြစ် […]