Short Stories

“ကြားနေမရှိ”သလို ပြည်မက အမှောင်ညများ လွန်ပါစေ

“ကြားနေမရှိ”သလို ပြည်မက အမှောင်ညများ လွန်ပါစေ မြရဲလွင် (ဝေးလွင့်ငှက်) ပြာသိုလပြည့်ကျော် တရက်နေ့၊ ရှမ်းမြောက်ကိုရောက်နေတဲ့ CDM ကျောင်း ဆရာတဦးဟာ လရောင်အောက်က နှင်းမြူတို့ကို ခေါင်းတိုးပြီး ကျနော်ရှိရာ အခန်းဆီ ခေါင်းငိုက်စိုက်ချလျက် ဦးတည်ကာ လာနေခဲ့၏။ ထိုသူ၏ ချောင်းဟန့်သံမှာ ပုံမှန်မဟုတ်၊ အဆုပ်ကို အအေးမိထားသည့်ဟန်ရှိသည်။ သူ၏ချောင်းဆိုးသံကို ကျနော် သတိထားမိနေသည်မှာလည်း ကြာခဲ့ပြီ။ ကျနော်နေသော အခန်းသို့မရောက်မီ သုံးကြိမ်ထက်မနည်း ချောင်းဟန့်လာခဲ့သည်ကို ကြားမိသည်။ အလင်းရောင် […]

ဆောင်းပါး

မန္တလေးမြို့ဟာ ပျက်စီးခဲ့ပြီလား

“မန္တလေးမြို့ဟာ ပျက်စီးခဲ့ပြီလား” ရွယ်မိုး မန္တလေးက မြို့ပျက်တာတင်မဟုတ်၊ လူမှုအဖွဲ့အစည်းရဲ့ယဥ်ကျေးမှုစံနှုန်းတွေ၊ ရိုးရာဓလေ့ထုံးတမ်းနဲ့ အစဥ်အလာတန်ဖိုးတွေရော ပျက်စီးလုမတတ် ဖြစ်သွားတာလို့ အသိတယောက်က ပြောတယ်။ ကျနော်ကလည်း အဲဒီလို မြင်ထားပါတယ်။ ကိုယ့်ဇာတိချက်ကြွေမြို့ ဆိုပေမယ့် အပျက်အစီးတွေ များတာကြောင့် ဓာတ်ပုံတပုံများ မြင်ရရင် ဒါက ဘယ်နေရာလဲလို့ကို မမှတ်မိနိုင်လောက်အောင်ပါပဲ၊ ဒါပေမယ့် သည့်ထက် ပို စိတ်ထိခိုက်စရာတွေ ရှိပါတယ်။ ဒီနေ့ဆို မန္တလေးမြို့ရဲ့ ရပ်ကွက်တခုမှာ အလှူပစ္စည်းနဲ့ပတ်သက်ပြီး လုကြ ယက်ကြ […]

Short Stories

မမျှော်သာသည်

“မမျှော်သာသည်” (ဇာတ်သိမ်း) ညိုသူ “ဟော ၉ နာရီတောင်ခွဲတော့မယ်၊ ပြန်ကြမယ်လေ၊ အဆောင်ပိတ်ချိန်အမှီပြန်မီကောင်းမယ်” နေလင်းက နာရီကိုကြည့်ရင်း ပြောလိုက်၏။ ထိုအခါ ပန်း၀တ်မှုန်က “ဒါဆိုလည်း ပြန်ကြတာပေါ့၊ ချစ်လေး ၀င့်ဝါတို့နဲ့ပဲ ပြန်လိုက်မယ်မောင်၊ မောင်လိုက်ပို့မနေနဲ့တော့” ဟုပြော၏။ ပြီးနောက် “ကိုညိုကြီးရေ ကျွန်မတို့ဝိုင်းရှင်းမယ်” ဟုဆိုကာ ကျသင့်ငွေအားပေးချေပြီး အဆောင်ရှိရာသို့ ပြန်ခဲ့ကြ၏။ ထိုနေ့ ညနေစကားဝိုင်းတွင် သာမန်အရေးကိစ္စတခုသာဖြစ်သော ဝူဟန်ဗိုင်းရပ်စ်ကိစ္စသည် နေ့ချင်းညချင်းပင် ကမ္ဘာ့အရေးအခင်းကြီးတခု ဖြစ်လာခဲ့သည်။၂၀၁၉ ခုနှစ်တွင် […]

Flim Reviews

The Reader (2008)

“The Reader (2008)” ထွင် ဒီရုပ်ရှင်ကြည့်ပြီးတော့ ဘယ်က စ, ပြောရမယ်ဆိုတာ အတော့်ကို စဥ်းစားယူရတယ်။ ကိုယ့်ဘဝမှာ ဝတ္ထုတပုဒ်ရေးဖို့ ကုန်ကြမ်းက ရှိနေပေမယ့် ပိုင်ပိုင်နိုင်နိုင် ချရေးဖို့ အဆင်သင့် မဖြစ်သေးဘူးဆိုရင် ကုန်ကြမ်းမပြည့်စုံသေးလို့လို့ ယူဆပြီး မရေးဘဲ ပစ်ထားလိုက်တယ်။ နောက် ကြုံလာမယ့် အဖြစ်အပျက် တွေက အဲဒီဝတ္ထုရေးဖို့ ကုန်ကြမ်း ပြည့်စုံသွားစေနိုင်တယ်။ ဒီတော့ ကိုယ်လည်း ဒီရုပ်ရှင်ကြည့်ပြီး ဘယ်က စပြောရမယ်မသိ ဖြစ်နေတော့ […]

Short Stories

မမျှော်သာသည်

“မမျှော်သာသည်” ညိုသူ တီတီ… တီတီ… တီတီ… နာရီနှိုးစက်သံကြောင့် ‌နေလင်း အိပ်ရာမှ နိုးလာသည်။ စနေနေ့ ကျောင်းပိတ်ရက်ဖြစ်သော်လည်း နေလင်းသည် အိပ်ရာစောစော ထလိုသဖြင့် ယမန်နေ့ညကတည်းကပင် နာရီနှိုးစက်ကို နံနက်၅နာရီခွဲတွင် အသံမြည်စေရန် အချက်ပေးသံ ဖွင့်ထားခဲ့ခြင်းဖြစ်သည်။ သာမန်‌စနေနေ့များတွင် နေလင်းသည် နံနက် ၁၀ နာရီ ကျော်မှ အိပ်ရာမှထလေ့ရှိသည်။ ယနေ့တွင်မူ နေလင်းစောစောထရပေမည်။ သူ၏ချစ်သူ ပန်း၀တ်မှုန်၏ မွေးနေ့ဖြစ်သောကြောင့်ဖြစ်၏။ သူမ​၏မွေးနေ့တွင် သူတို့ ချစ်သူနှစ်ဦး […]

ဆောင်းပါး

အလှူအိမ်လား

‘အလှူအိမ်လား’ ရီဗော်တီ သူ့နာမည်က ဒေါ်လုံးတဲ့။ ကျနော်တို့က အမေကြီးလုံးလို့ခေါ်တယ်။ အမေ့ညီမတဦးပေါ့။ အမေကြီးလုံး သင်ပေးထားတဲ့ စည်းကမ်းတခုရှိတယ်။ သင်ပေးထားတယ်ဆိုပေမယ့် ဒါက ဒီလို ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရဆိုပြီး နှုတ်တိုက်သင်ပေးတာမျိုးတော့ မဟုတ်ဘူးဗျ။ စကားပြောရင်း ချီးမွမ်းရင်းနဲ့ အမေကြီးလုံးပြောတဲ့စကားကို အတည်ဖြစ်အောင် လိုက်နာကျင့်သုံးရင်းက ဖြစ်တည်ခဲ့တဲ့ စည်းကမ်းလေးတခု အကျင့်လေးတခု ဆိုပါတော့။ အဲဒါက ဘာလဲဆိုရင် ထမင်းဝိုင်းမှာ ဟင်းစားတဲ့အခါ အလိုလောဘမကြီးဘဲ စည်းနဲ့ကမ်းနဲ့ စားတတ်စေတာပါပဲ။ အဲဒီစည်းကမ်းလေး ဘယ်ကနေ […]

Real Life Stories

ဖြစ်ပုံ ကိုယ်တွေ့တခု

“ဖြစ်ပုံ ကိုယ်တွေ့တခု” ထွင် ကျွန်ုပ်သည် တော်လှန်စားဖိုမှူးဖြစ်သော်လည်း မိဘအိမ်တွင် အလုပ်များ မနိုင်မနင်း ဖြစ်နေသည့်အခါ ပကဖခေါင်းဆောင်အား ခွင့်တောင်းပြီး မိဘအလုပ် ကို ဝင်ရောက် ကူညီ လုပ်ကိုင်ပေးရပါသည်။ မိဘများက တောင်သူလုပ်သဖြင့် ပျိုးကြဲသည့်အခါနှင့် မြေပဲဖော်သည့်အခါ ကျွန်ုပ်သည် အိမ်သို့ မပြန်မဖြစ် ပြန်ရသည်။ အိမ်ပြန်သည့် အတောအတွင်းလေးတွင် သည်စာမူရေးရန်အတွက် ဖြစ်ပုံကိုယ်တွေ့တခု ကြုံခဲ့ရသည်။ ထို ဖြစ်ပုံလေးက ရင်နာဖွယ် ကောင်းလှသည်။ နယ်မြေ သိပ်ပြီး […]

သတင်းသုံးသပ်ချက်ဆောင်းပါး

လားရှိုးကို သင်ယူခြင်း

“လားရှိုးကို သင်ယူခြင်း” – သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ​ကျော်​ဇောခိုင် လားရှိုးကို တရုတ်ရဲ့ မြန်မာအထူးကိုယ်စားလှယ် တိန့်ရှီကျွန်းအပါအဝင် တရုတ်ဘက်က အပစ်အခတ်ရပ်စဲရေးစောင့်ကြည့်အဖွဲ့တွေ ဧပြီ ၁၉ ရက်နေ့က ရောက်လာတယ်။ အဲဒီရက်ကနေ ဧပြီ ၂၁ ရက်နေ့အထိ စကစရဲ့ အရပ်ဘက်ဝန်ကြီးဌာန (အထူးသဖြင့် လူဝင်မှုကြီးကြပ်ရေးနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) က အရာရှိတွေ၊ ဝန်ထမ်းတွေ ရောက်လာတယ်။ ဧပြီ ၂၂ ရက်နေ့ကစပြီး လားရှိုးမြို့ပေါ်ကို စကစအုပ်ချုပ်ရေး […]

ဆောင်းပါး

တော်လှန်ရေး ဘယ်တော့ပြီးမလဲ

“တော်လှန်ရေး ဘယ်တော့ပြီးမလဲ” နေဘုန်းလတ် တော်လှန်ရေး ဘယ်တော့ပြီးမလဲ ဆိုတဲ့ မေးခွန်းတခု ရှိပါတယ်။ ကိစ္စရပ်တခု ပြီးပြတ်တယ်ဆိုတာဟာ အဲဒီကိစ္စတခုအတွက် သတ်မှတ်ထားတဲ့ ပန်းတိုင်၊ ဦးတည်ရာတွေဆီကို ရောက်ရှိသွားခြင်းဖြစ်တယ်လို့ ဒီလိုပဲ မှတ်ယူပါတယ်။ ဒါ့ကြောင့် အထက်ကမေးခွန်းနဲ့ ပတ်သက်ပြီး အဖြေပေးကြတဲ့နေရာမှာ ပန်းတိုင် သို့မဟုတ် ဦးတည်ရာ သတ်မှတ်ပုံ မတူညီခြင်းတွေအပေါ်မှာ အခြေခံပြီး အဖြေတွေ ကွာခြားသွားနိုင်မယ် ထင်ပါတယ်။ အခု ဒီဆောင်းပါးမှာတော့ လက်ရှိ နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ […]

ကဗျာ

ရွက်နုတရွက်ကြွေလွင့်ခဲ့တယ်

‘ရွက်နုတရွက်ကြွေလွင့်ခဲ့တယ်’ ခွန်းနီ ခပ်သုန်သုန်တိုက်တဲ့လေရူးကို အတ္တမဲ့စွာခံစားကြည့်လိုက်တယ် ဘာပြန်ရလိုက်သလဲဆိုရင် လွတ်လပ်စွာအထီးကျန်မှုပဲရှိမယ်။ တိုက်ချင်ရာတိုက်ခဲ့ပြီး မိုက်ချင်ရာမိုက်ခဲ့ကြလို့လေ လွတ်လပ်ပေါ့ပါးတယ်ထင်ရပေမဲ့ အထီးကျန်ခြင်းဟာလေးလံလွန်းပါတယ်။ မင်းမရှိရင်မဖြစ်ဘူးဆိုပြီး မင်းမရှိလဲတစ်ဖွဖွဆိုမိနေတတ်တုံး လက်ပံတွေပွင့်ရင်လဲပြန်လာမှာမဟုတ်တော့ဘူး ဒီနွေဦးဟာမင်းနဲ့မဆိုင်တော့သလိုမျိုး။ ဒါဟာငါ့ထင်မြင်ယူဆချက်ပါပဲ မင်းပြန်လာတာမျိုးလဲဖြစ်နိူင်တာပဲလေ မသိစိတ်ရဲ့တောင်းတမှုကို သိစိတ်ဟာမဖြည့်ဆည်းနိူင်မှတော့လွမ်းရတာပါပဲ။ နွေဦးရဲ့ရွက်ကြွေတွေဟာသစ္စာရှိတယ် ရွက်နုဆိုတာတစ်ရွက်မှမပါဘူး ကြွေသမျှရွက်ဟောင်းတွေလဲဘာကိုမှမဆန့်ကျင်ဘူး အားလုံးဟာသူ့ဆင့်ကဲဖြစ်စဥ်တွေအတိုင်းပဲ။ ငါတို့နွေဦးမှာတော့ကြွေသမျှကရွက်နုတွေများတယ် မင်းဟာလဲအချိန်အခါမဟုတ်ကြွေခဲ့ရတာ နှမြောတသဖြစ်ခြင်းနဲ့ဂုဏ်ယူရခြင်းရဲ့ကြားမှာ ငါရပ်နေခဲ့တာကြာပါပြီအမ်စောရယ်။ ငါတို့တွေမပြီးသေးဘူးဆို အခုကျပြီးပြီလား မင်းရဲ့အေးစက်စက်ခန္ဓာကိုယ်လေး တိမ်တွေအဖြစ်ပြောင်းသွားတာငါမြင်ရတယ်။ အဲ့ဒီနေ့ကငါမငိုဖြစ်ခဲ့ဘူးရယ် တစ်နေ့တည်း ကုန်မယ့် မျက်ရည်မှမဟုတ်တာ ငါ့ကြေကွဲမှုဟာဒီတစ်ရက်နဲ့မလုံလောက်ခဲ့ဘူး […]