ကဗျာ

မင်းကိုပေးခဲ့တဲ့ကတိ

‘မင်းကိုပေးခဲ့တဲ့ကတိ’ မိုးမြင့်ကျော် ကိုယ့်ရင်ဘတ်မှာခဏခဏ လာစိုရွှဲနေတဲ့ ကိုယ်ပြန်လာမှ ဖာထေးဖြစ်မယ့် မင်းအခန်းက မိုးယိုပေါက် မင်းလက်နဲ့ပြန်ချုပ်ပေးမယ်ဆိုတဲ့ ကိုယ့်အင်္ကျီချုပ်ရိုး ဒီတမိုးလည်း ကိုယ်ပြန်မလာဖြစ်ဘူး မင်းအခန်းကပျဥ်ချပ် မိုးစနဲ့ဆွေးမြည့်လောက်ပြီ ကိုယ်တော့ ပြဲနေတဲ့ချုပ်ရိုးကို ချည်ပြန်ထိုးထားလိုက်တယ် ကိုယ်သိပါတယ် မင်းကတော့ မိုးယိုပေါက်ကို ဒီအတိုင်းထားလို့ ကိုယ့်ကတိကို စောင့်နေတော့မယ်။ ။
ကဗျာ

နှင်းဝေတဲ့ကျောင်း

‘နှင်းဝေတဲ့ကျောင်း’ ကိုငြိမ်းချမ်း(တံတားဦး) တိုင်းပြည်က မှိုင်းရီနေတဲ့အချိန် အရုဏ်ဦးမှာ ရောင်နီကိုခူးဖို့ ခေတ်အရွေ့မှာ အသစ်တစ်ခု ရွှေ့ရင်း အခုကျနော် ကျောင်းဆရာလုပ်နေတယ်အမေ … ဘယ်တုန်းကမှ စိတ်မကူးမိဖူးခဲ့တဲ့ဘဝမှာ လက်တွေ့ကျကျ ဖြတ်သန်း နွမ်းနေတဲ့ ပန်းလေးတွေလန်းဖို့အတွက် လက်နက်အစား မြေဖြူကိုင် နိုင်ရာဝန် ထမ်းရင်းပေါ့ … တကယ်တော့ တောင်ပေါ်ကျောင်းဆရာဘဝဆိုတာ သိပ်တော့ အထာမကျလှဘူးပေါ့အမေရယ် ဟင်းနဲ့ဆန်ကောင်းမှ ထမင်းစားဝင်တတ်တဲ့ကျနော် မုန်ညင်းစောကို ဟင်းလျာလုပ် တောင်ယာဆန်စီးညိုနဲ့ ဝမ်းစို မြိန်ရှက်တတ်နေပုံများ … […]
ကဗျာ

ဆူဆိုက်ဟွန်းန်

‘ဆူဆိုက်ဟွန်းန်’ ဓီရ်ခေတ်အိမ် လီးမှပြန်မလာဘူးဟေ့လိုအော်ပြောပြီး မြင်ကွင်းထဲကပျောက်သွားတဲ့ အရူးကိုငါမြင်လိုက်ရတဲ့နေ့ကပေါ့ ကုန်သည်လမ်းမှောင်ရိပ်အောက်မှာ ဘီယာဗူးဖွက်ပြီး ထိုင်သောက်နေတုန်း မယုံတော့တဲ့အကြောင်းကို ငါယုံတဲ့လူတယောက်ယောက်ကို ပြောပြတော့သူမယုံဘူး၊ သားကြီး မင်းရှင်သန်ဖို့လိုတယ်တဲ့ အပင်တွေဘယ်လိုနေကြလဲလို့၊ ကျီးဟာ သူသာရမယ့်နွေကိုပျောက်နေတုန်း မြစ်တွေဆီငါဆန်တတ်ပြီးပြီ တော်ပါပြီ ကားဟာထွက်သွားခဲ့ပြီ ကူးမယ့်လမ်းဟာနီသွားပြီ၊ ရဲဘော်တွေကျဆုံးကုန်ပြီ ငါ့အခန်းဆီမိုးရေတွေအလည်လာတော့ ရန်ကုန်ဟာပင်ပန်းနေပြီ၊ ငါတို့တမျိုးဆက်လုံး သေနတ်ကျည်အောက်ပြေးဝင်ဖို့သွားနေပေါ့၊ တစ်ဇာတ်လုံးသယ်လာတဲ့သေနတ် နောက်ဆုံးခန်းမှာ လွတ်ကျသွားတဲ့အခန်းပေါ့၊ ငါတို့လက်ကုန်ရွာပြီးနေပြီ ဆုရီ၊ ဒီထပ်ဘာပေးရဦးမလဲလို့ ဇာတ်ကောင်ကိုအော်မေးတော့ မင်းတို့မှာဘာရှိနေလို့လဲလို့တဲ့ လေတချက်အဝေ့မှာ ပြိုကျပျက်စီးသွားတဲ့သဲအိမ်တွေလိုပဲ […]
ကဗျာ

လမ်း

‘လမ်း’ အောင်ဖြိုးဝေ လူစိတ်ပျောက်လောက်အောင် တစ်ပတ်လုံးမိုးရွာနေတာတောင် မိုးကာခြုံထားတဲ့ဘဝတွေ ရွေ့နေတုန်းပဲ တစ်နေ့တစ်နေ့ အညာဒေသလို ရွေ့ရင်း ရန်ကုန်ကို မျှော်ကြည့်လိုက်ရင် မီးခိုးမြူတွေနဲ့ လူငယ်နံ့တွေ နေရောင်ကို မြင်ရတာလို အဓိပ္ပါယ်အပြည့်နဲ့ သတင်းတွေ ပေါင်ငါးရာဗုံးတွေရဲ့ လားရာလမ်းကြောင်းဟာ ငါတို့နေ့စဥ်ဘဝဆိုလည်း အေးအေးဆေးဆေး ငါတို့ ဘန်ကာတူးမှာ ငါတို့အရှေ့မြောက်ဘက်မှာ ခွေးတွေနွားလို ပြေးနေတာ ရုရှားလုပ်တွေနဲ့ ဘားမားသားသတ်သမား စောက်ခွက်ကို အခုထိ မြင်နေရတုန်းပဲ ပါရီတွေကိုင်ပြီး သွားနေတဲ့ တိုက်ပွဲဆီက အလင်းရောင်၊ […]
ကဗျာ

အသစ်တဖန် မနက်ဖြန်များ

‘အသစ်တဖန် မနက်ဖြန်များ’ ချောဘသစ် လေကွယ်ရာမီးညှိရသလို ဘဝကမလွယ်ဘူး အသက်ကမလွယ်ဘူး ဆေးလိပ်ကလေးဖွာချင်တော့လည်း ရအောင်ညှိရ မီးကူးရ အသက်ရှင်ချင်တော့ အသက်ကိုရအောင်ကူးရ မေတ္တာတရားကို ရအောင်ကူးရ တယောက်အရိပ်ဟာ တယောက်ကိုမိုးရင်း အေးမြကြရစမြဲ…။ ခင်ဗျားမှာရှိတဲ့ရေတချို့တဝက်က ကျုပ်ငတ်နေတာကိုပြေမယ် ကျုပ်မှာရှိတဲ့ ပေါင်မုန့်တချို့တဝက်ဟာ ခင်ဗျားဝမ်းမီးကိုငြိမ်းမယ် ။ နေပဲကွယ်ကွယ် လပဲကွယ်ကွယ် နှလုံးသားတွေလင်းနေဖို့ပဲမဟုတ်လား မုန်တိုင်းပြီးရင် လေပြည်လေညင်းလာရစမြဲ အသက်တွေကိုမျှယူထမ်းလို့ ရောက်မလာသေးတဲ့သောကြာနေ့ဆီသွားကြမယ် တနေ့နေ့ရှိနေသမျှ အသက်ရှင်ကြပါစို့ရဲ့ တနေ့နေ့မှာ ပုံပြင်ဆိုးတပုဒ်ကို ဟားတိုက်ရယ်မော ပျော်ရွှင်ကြပါစို့ရဲ့…။ […]
ကဗျာ

လူငယ်တွေရဲ့သမိုင်း

‘လူငယ်တွေရဲ့သမိုင်း’ အီဗရာဟင် ​ခေါင်​နေတဲ့ မိုးက ​ သဲသဲမဲမဲ ရွာနေပြီ ​အော်ခဲ့ရတဲ့ ပါးစပ်​တွေ ​ခုထိ မပျော်နိုင်သေးဘူး မာယာများတဲ့ကမ္ဘာထဲ အစာဝဖို့ အစာငတ်ခံဆန္ဒပြခဲ့ကြတယ် အံကြိတ်ငိုခဲ့ရဖူးတဲ့ ရွှေရောင်စျာပနတွေက အရိပ်ပေါ် အရိပ်ဆင့်လို့ တူမီးကနေ မောင်းပြန်တောင် ပြောင်းခဲ့ရသေးတာပဲ နတ်ဆိုး​တွေလောက်တော့ ဒီကမ္ဘာမှာ ဘယ်သူမှ ကြောက်မနေတော့ဘူး ​ သမိုင်းဆိုတိုင်း စပယ်အရိုင်းတွေက လူတိုင်းနဲ့မတည့်နိုင်ဘူးပေါ့ ။ ။
ကဗျာ

အိမ်ကိုလွမ်းတဲ့အကြောင်း….

‘အိမ်ကိုလွမ်းတဲ့အကြောင်း….’ ရိုးငှက် အိမ်ဟာနွေးထွေးတဲ့အသိုက်အမြုံဖြစ်ကြောင်း ငါတို့အားပါးတရပြောချင်စိတ်ဖြစ်တော့ ငါတို့ဟာအိမ်နဲ့မိုင်ပေါင်းအဝေးကြီးမှာ ဒုက္ခတရားအပြည့်နဲ့ .. ။ လမ်းမကြီးကိုကြောက်ရွံ့‌မုန်းတီးရင်း ကိုယ်နဲ့မဆိုင်တဲ့နယ်ပယ်မှာငြီးငွေ့ရင်း ကိုယ့်ကိုယ်ကိုတောင်မေ့လျော့လာရင်းနဲ့ အိမ်ကိုပိုတမ်းတဖြစ်လာတယ် ။ ညတွေရဲ့ ခပ်စိပ်စိပ်ကယောက်ကယက်အိပ်မက်တွေထဲမှာ အိမ်အကြောင်းပဲအပ်ကြောင်းထပ်ရင်း မိုးလင်းမှာကို ကြောက်နေရတယ် ။ အိမ်ပြန်ချင်စိတ်ကြီးစိုးတဲ့ညတွေမှာဆို စွန့်စားခဲ့ရတဲ့ ရည်မှန်းချက်ကြီးကို ပစ်ထားခဲ့ချင်ပြန်တယ် ။ ညဉ့်နက်နက်ရဲ့အမှောင်ထုထဲကို ဗလာမျက်လုံးနဲ့ငေးနေရင်း အိမ်ရဲ့ပုံရိပ်တွေမြင်မိတဲ့အခါဆို စီးကရက်မီးခိုးတွေနဲ့ပုလင်းလွတ်တွေဟာ ဘေးနားမှာ ငိုချင်းချလို့ ။ ‌ဒါပေမယ့်လေ ပြန်စရာအိမ်တွေ ပြာဖြစ်သွားတဲ့လူတွေအကြောင်း ရပ်ရွာတွေရှေ့က […]
ကဗျာ

ခေတ်တွေဟာ

‘ခေတ်တွေဟာ ‘ အာကာဘုန်းဝေ လူတွေဟာ ခေတ်တွေဆီသို့ သွားနေတာလား ခေတ်တွေကပဲ လူတွေဆီသို့ လာနေတာလား အရာရာဟာ မသဲမကွဲ ။ ကျောက်ခေတ် ကြေးခေတ် သံခေတ် နည်းပညာခေတ် ခေတ်တွေဟာ တဖြည်းဖြည်း ပြောင်းလဲလာခဲ့ရတယ် ။ အချစ်နှင့်အနုပညာခေတ်ကို မရောက်နိုင်သေးဘူးမဟုတ်လား ။ အလင်းနှစ်သန်းပေါင်းများစွာ ဖြတ်ကျော်လာခဲ့ရတယ် ။ ကမ္ဘာဟာ ဒဏ်ရာတွေကို တကယ်မဖြေဖျောက်နိုင်သေးဘူးမဟုတ်လား ။ ကမ္ဘာဟာ ခက်ထန်ကြမ်းတမ်းတဲ့ နေ့ရက်တွေနှင့်အတူ ခက်ထန်ကြမ်းတမ်းတဲ့ ဘဝတွေနှင့်အတူ […]
စကားပြေကဗျာ

သောင်ရင်းနိုက်ဘား

‘သောင်ရင်းနိုက်ဘား’ ဓီရ်ခေတ်အိမ် ဘီယာတဗူးကို ဘတ် ၃၀ နဲ့ သစ်မြစ်ဆုံပေါ် တင်သောက်လို့ရတဲ့နေရာကို သောင်ရင်းနိုက်ဘားလို့ ငါနဲ့ ငါ့ဘော်ဒါနာမည်ပေးလိုက်တယ်။ ရန်ကုန်က စထွက်ကတည်းက ရိုက်စရာမရှိ ရှာကြံရိုက်ပြတဲ့ စစ်အစိုးရခေတ်တီဗီအစီအစဉ်တွေထဲက မြင်ကွင်းတွေလို လှိုင်သာယာကို စာမေးပွဲခန်းထဲဝင်ခါနီး ဒီအပုဒ်ပါမယ်ကြားလို့ မရ-ရအောင် ခေါင်းထဲရိုက်သွင်းသလိုမျိုး ငါကြည့်ရတာ ရွံစရာပဲ။ ငါငယ်ငယ်တုန်းကတော့ ဖိနပ်လေးချွတ်ပြီး ခွေးကုတက်ကနေ သိန်းဌက်သူရဲခေါင်းကြည့်ချင်လို့ ၇နာရီထိုး မျက်နှာချိုသွေးခဲ့ရတာပေါ့။ ကြီးလာတော့ ဂိတ်တဂိတ်ရောက်တိုင်း ကျနော်တို့က ရိုးသားတဲ့ဖိုးသခွားလေးတွေပါဆိုတဲ့ပုံပေါက်အောင် သရုပ်ဆောင်ရတဲ့အထိ […]
ကဗျာ

လွယ်အိတ်လေးတွေ

‘လွယ်အိတ်လေးတွေ’ လင်းလင်းနိုင် (ပခုက္ကူ) အရောင်စုံအသွေးစုံလွယ်အိတ်လေးတွေရယ်ပါ။ နိုင်ငံတော် သီချင်းကို လည်းမဆိုနိုင်ကြတော့ဘူး။ နေခြည်မှာလည်း ရွှေရည် မလောင်းနိုင်ကြတော့ဘူး။ ရောင်စုံဘောလုံး၊ ရောင်စုံဘောလုံး၊ တစ်လုံးငါးပြား၊ တစ်လုံးငါးပြား လို့ ပြိုင်တူမရွတ်ဆိုနိုင်ကြတော့ဘူး။ မေေမေဖေဖေရဲ့ ဆည်းလည်းသံလေး။ ဖိုးဖိုးဖွားဖွားရဲ့ အသည်းကြော်လေး။ လွယ်အိတ်လေးတွေဟာ အေ၊ ဘီ၊ ရှီ၊ ဒီ မရွတ်ဖတ်နိုင်ကြတော့ဘူး။ နိုင်မြန်မာရဲ့ ကမ္ဘာမကြေဘူးသီချင်းကို မသိဘူး။ အရေးကြီးပြီညီနောင်အပေါင်းတို့ သီချင်းကိုမသိဘူး။ မာလာရှမ်းကောကို မသိဘူး။ မောက်ချိုက် ကိုမသိဘူး။ […]