
ကဗျာ
စစ်ရှောင်စခန်းက ရေးတဲ့စာ
‘စစ်ရှောင်စခန်းက ရေးတဲ့စာ’ ဂျော့လင်းညို အိမ်ယာမဲ့တစ်ယောက်က လုံးချင်းတိုက်ကို မျှော်မှန်းသလိုမျိုး ကျွန်တော် ခင်ဗျားကိုလွမ်းတယ်… ခင်ဗျားက အရှေ့အရပ်ပါ အရုဏ်နေမင်းရဲ့အောက်မှာ ပျော်ရွှင်ခြင်းတွေပွင့်ဖူးကြ အထက်တန်းလွှာတွေ ဖန်ခွက်ခြင်းတိုက်ကြ မင်္ဂလာရဲ့ မင်္ဂလာတွေစုပုံကြ… အဲဒီ အရပ်မှာပဲ ဂန္တဝင်ဂီတတွေ ရှိတယ် စစ်မှန်တဲ့ အနုပညာတွေ(ပြောကြတာပဲ) ရှိတယ် သိမ်းပိုက်ခြင်းကင်းသော အတုမရှိချမ်းသာသူတွေ… အဆုံးမဲ့ ငြိမ်းချမ်းခြင်းတွေရောပေါ့… ဒီမှာဘက် အနောက်အရပ်ကတော့ ညှိုးရော်ထစ်ချုန်း လောကဓံတဒုန်းဒုန်းနဲ့ ရုန်းကြကန်ကြ ထွက်ပြေးကြ… ပြေးတမ်းလိုက်တမ်း ကစားပွဲခနနားရင် […]