‘လိပ်ပြာလေးတကောင်’ မိုဃ်းဇက်သော် စာအုပ်စင်ပေါ်မှာ လိပ်ပြာလေးတကောင် ဘယ်ဘဝကလာခဲ့တာလဲဆိုတော့ မလှုပ်မယှက်။ မီးမြှိုက်ခံခဲ့ရတဲ့ရွာလေးတရွာဆီက ပြေးလွှားလာခဲ့ရလို့လား ဒါမှမဟုတ် အမေဆီမပြန်နိုင်တဲ့သားတယောက် ခုမှ ပြန်လာခဲ့တာလား ဒါမှမဟုတ် နာကျင်လွန်းခဲ့တဲ့ဝိညာဥ်တကောင်ကောင်လား ဘယ်သူ့ကို …
ကဗျာ
- 
    
 - 
    
‘ဗုဒ္ဓကို မီးလောင်ပြင်မှာ ငါတွေ့ခဲ့တယ်’ သင့်သူ ဗုဒ္ဓကို မီးလောင်ပြင်မှာ ငါတွေ့ခဲ့တယ်။ ဗုဒ္ဓဟာ ကြောင့်ကျတော်မူနေတယ်။ ဗုဒ္ဓဟာ ဆင်းရဲတော်မူနေတယ်။ အမြိုက်ဆေးကို ငါရှာမတွေ့ ဗုဒ္ဓကိုတော့ မီးလောင်ပြင်မှာတွေ့ခဲ့တယ်။ …
 - 
    
 - 
    
‘ရန်ကုန်မှာငေး ရန်ကုန်ဟာဆွေး’ Jo ကြားချင်ပါ့မလားမသိပေမယ့် ရန်ကုန်အကြောင်းငါပြောပြမယ်။ မြက်ရိုင်းတွေထူလာတယ် တောကြောင်တွေပေါလာတယ် နေဝင်စောတဲ့ဆောင်းရာသီမှာ မမှောင်ခင်အိမ်ပြန်ရောက်မှ စိတ်တွေဟာတပူငြိမ်းတယ်။ ရန်ကင်းပန်းခြံထဲ ဂီတာထိုင်တီးတဲ့သူတွေမရှိတော့ဘူး လှည်းတန်းဂုံးတံတားအောက် စကိတ်မစီးကြတော့ဘူး နေ့မှာမျက်နှာသေတွေနဲ့ …
 - 
    
“အသံတိတ်ရုပ်ရှင်” လူရောင်လွင် စစ်ကြီးက ကိုယ်ခန္ဓာတွေကို အစိတ်အပိုင်းသေးသေးလေးတွေအဖြစ် ခွဲခြမ်းစိတ်ဖြာပစ်တယ်။မင်းရဲ့လက်တဖက်က ဘယ်မှာလဲ။ချစ်ရသူရဲ့အိပ်ယာကုတင်ဘေးက ဝက်စုဘူးလေးထဲမှာလား။စပါးကျီရဲ့ထုတ်တန်းမှာ တွဲလွဲချိတ်ထားတာလား။ဆိုင်ကယ်ကို လေဘာကုန်ဆွဲရင်း နားကြပ်ကို တပ်လိုက်တော့ Gun n` Roses …
 - 
    
‘တကိုယ်ရည်စာယားယံမှုကိုကုတ်ခြစ်ဖို့ မဆုံသောလမ်းမှာ’ ထူးထက် ကိုယ်စီရွေးချယ်မှုတွေပါပဲ အားလုံးဟာ ဖြစ်နေတဲ့အခြေအနေတွေကို အားလုံးလည်းသိခဲ့ပြီးမှ ဆက်ပြီးပြောစရာမလိုတော့တာမျိုး မနက်ဖြန်ရှိချင်ရှိမယ် ရှိချင်မှလည်းရှိမယ် မရေရာမှုတွေကိုပဲ နေ့စဥ်ဝါးမြိုနေလိုက်ကြပုံများ လက်ကျန်အသက်ဟာ ဖွဲကြမ်းများလို ကပ်ကာလမှာ …
 - 
    
 - 
    
‘မေ့လိုက်ပါမြနန္ဒာ’ မိုးမြင့်ကျော် အေးစက်စက်ရာသီဥတုထဲ တယောက်တည်းလျှောက်သွားမိတိုင်း အမလက်ဖဝါးနွေးနွေးကိုသတိရတယ်။ အမကြိုက်တဲ့ မြက်ရိုင်းပန်းဖြူတွေ၊ အမ မကြိုက်တဲ့စစ်ပွဲတွေ။ စစ်ပွဲကာလထဲ လေယာဥ်တွေဝဲလာတိုင်း ဗုံးခိုကျင်းလေးထဲ အမကြောက် နေမလား။ ကျနော့လက်တွေကို …
 - 
    
 - 
    
‘မှိန်စုတ်စုတ် ဆေးထိုးအပ်တချောင်း’ပန်းနုဝင်းမှုန်ကုတ်ကုတ် တောင်တန်းပေါ်ကလှုပ်တုတ်တုတ် အလင်းရောင်နောက်လိုက်နေတဲ့မှိန်စုတ်စုတ် ဆေးထိုးအပ်တချောင်း။အသက်ရှုမဝတဲ့ ဆေးရုံကိုရင်နာနာနဲ့ကျောခိုင်းခဲ့တာဘလေဘဇာဖြစ်နေတဲ့ ခေတ်ကို ပြောင်းစေချင်လို့။ငရဲမီးတွေ ငါတို့နယ်ကို မလောင်ခင်ကတည်းကမီးမုန်တိုင်းထဲ တိုးဝင်ခဲ့တာသတ္တိကောင်းလွန်းလွန်းလို့ မဟုတ်ဘူး။အိမ်က အဆင်ပြေလွန်းလို့ မဟုတ်ဘူး။ကြယ်တွေကြွေတာ မကြည့်နိုင်လို့။အေး…ကြယ်တွေကြွေတာ …
 
