Short Stories

အမဲရိုးရယ်မှ အားမနာ

“အမဲရိုးရယ်မှ အားမနာ” မောင်သုခင် (တမာမြေ) ၁။ “ဘာဟင်းတွေနဲ့ စားကြသတုန်း” ထမင်းစားပြီဆို ဟိုဘက်အိမ်က ဒေါ်ရိုး ရောက်လာပြီ။ အကောင်းလာတာ မဟုတ်ဘူး။ ကျုပ်တို့မိသားစု ဘယ်လို စားသောက်နေလဲ လာစပ်စုတာ။ ဇွန်းသံခွက်သံကြားရင် ကြောင်အိုကြီး ဖိုးညိုလိုပဲ ထမင်းဝိုင်းအနား ရောက်လာပြီ။ “လက်ဘက်သုပ်နဲ့ပါ၊ စားလှည့်ပါဦး” “စားတော့စားချင်သားအေ့ ညည အိပ်မပျော်မှာစိုးသဟဲ့” အမြဲတမ်း ဟင်းကိုကြည့်ပြီး အကြောင်းပြချက်အမျိုးမျိုး ပြတတ်တာလည်း သူ့အကျင့်။ ငါးပိရည်မြင်ရင် သွေးတိုးလို့၊ ကြက်ဥကြော်မြင်ရင် […]

ခင်ဦးဇင်အခန်းဆက်ဝတ္ထုရှည်

ခင်ဦးဇင် အပိုင်း ( ၈ )

“ခင်ဦးဇင်” ​ရေအေး အပိုင်း ( ၈ ) – – – – – – – – – – – စာရေးဆရာကပြောနေတုန်းမှာပဲ ခင်ဦးဇင်နံဘေးက မြင်ကွင်းတွေက ရုတ်ချည်းဆိုသလို ပြောင်းလဲသွားတယ်။ ရေစပ် မတိမ်မနက်နေရာမှာ ဆိုက်ထားတဲ့ လှေတစ်စင်း၊ ပြီးတော့ လှေပေါ်ကနေဆင်းလို့ ကမ်းစပ်ဘက်ကို ဦးတည်ပြီး ရေထဲ ယိမ်းယိမ်းထိုးထိုးလျှောက်နေကြတဲ့ လူတန်းကြီး၊ ခင်ဦးဇင်ရဲ့အရှေ့မှာက အထုပ်တစ်ထုပ်ကို […]

Short Stories

မရယ်ရသော ပြက်လုံး

“မရယ်ရသော ပြက်လုံး” ဖျားသွေး ဆရာပြား ကျေးဇူးကြောင့် ခုတော့ ဖုန်းကိုင်ရပြီ။ သူလည်း ဝယ်လာတာတော့ မဟုတ်။ တနေ့ညက အခန်းကို ပြန်လာတုန်း လမ်းမှာ ကောက်ရခဲ့တာ။ ပိုင်ရှင်လိုက်လာမှာစိုးလို့ SIM Card ဖြုတ်ထားတယ်၊ ကိုယ့်ဖာသာ ထည့်သုံး ဟု ပြောသည်။ သူ့မှာက ဟန်းဆက်သုံးလုံးရှိတာမို့ မင်းကိုပေးတာဆိုပြီး ပေးသွားသည်။ သူ့လက်ထဲရောက်လာသည့် စမတ်ဖုန်းကလေးက စမတ်ဖုန်း ဆိုသည်မျှသာ။ မှန်ပြင်သည် ပွတ်၍ရသေးသော်လည်း မှန်ကာတခုလုံးက ပင့်ကူအိမ်လို […]

Short Stories

အမြဲမှတ်မိနေမယ့် ရန်သူတဦး

“အမြဲမှတ်မိနေမယ့် ရန်သူတဦး” ရဲချမ်းအောင် သူ့အဆင့်က ဗိုလ်ကြီး၊ ဒုစစ်ကြောင်းမှူးလည်းဖြစ်တယ်။ တရက်မှာ သူတို့စစ်ကြောင်းက ကျနော်တို့ဘက်က ကင်းပုန်းတွေကိုကျော်ပြီး ရွာထဲဝင်သွားတယ်၊ စီစဉ်ထားတာက ရွာပြင်ကနေ စောင့်တိုက်ဖို့ပဲ၊ စည်းပေါက်ပြီး ရွာထဲရောက်သွားတာကို သတင်းအတိကျရတဲ့ ကျနော်တို့ဘက်က တပ်စိတ်သုံးစိတ်ခွဲပြီး ဝင်စီးဖို့ ကြိုးစားတဲ့အခါ အမှားလေးတခုသာ မလုပ်မိလိုက်ရင် ကြက်ကလေးငှက်ကလေးဖမ်းသလို ဖမ်းနိုင်မှာ။ အဲဒီအမှားကြောင့် ထိတွေ့ဖြစ်တယ်၊ ရုတ်တရက်ဆိုတော့ ဒီကောင်တွေ ဟိုပြေးသည်ပြေးတွေ ဖြစ်ကုန်တယ်၊ ကြောက်ပြီး ပုန်းတဲ့သူက ပုန်းပေါ့။ ဗိုလ်ကြီး […]

Short Stories

စစ်ဘေးဒုက္ခသည်

“စစ်ဘေးဒုက္ခသည်” မောင်သုည (ရှပ်ပုံသားလေး) (၁) စစ်သည် စစ်ပီသပါပေ၏။ ထို့ကြောင့် ဘယ်ဘုရားမှ အသက်ပိုမပေးသော သတိတရားသည် သူ့ရင်ထဲ ကိန်းဝပ်လျက် ရှိသည်။ သူ့ရှေ့၌ အသက်နှင့်ခန္ဓာ အိုးစားကွဲသွားရသည့် ရွာသားများကိုလည်း အကြိမ်ကြိမ်အဖန်ဖန် သူတွေ့မြင်ခဲ့ဖူးသည်။ အသက်ရူနေသူများကို ကြည့်ပြန်သော်လည်း ခေါင်းမလှုပ်သာ ခြေမလှုပ်သာနှင့် ကျောပြင်က ခြင်းတောင်းထဲတွင် အိုး၊ ခွက်၊ ပန်းကန်၊ ကလေးနှီးအပြည့်။ ပုခုံးတွင် စလွယ်သိုင်းလွယ်ထားသော ကလေးမှာမူ နို့မဝ၊ ရေမဝနှင့် အမေတယောက်၏ […]

ခင်ဦးဇင်အခန်းဆက်ဝတ္ထုရှည်

ခင်ဦးဇင် အပိုင်း ( ၇ )

“ခင်ဦးဇင်” ​ရေအေး အပိုင်း ( ၇ ) – – – – – – – – – – – အဲဒါတွေက နင့်ငယ်ဘဝတစ်လျှောက် ကြားနာခဲ့ရ၊ သင်ယူခဲ့ရတာတွေပဲတဲ့။ ဘယ်လိုပြောရမလဲ၊ အမုန်းတွေက နင့်စိတ်အတွင်းတစ်နေရာမှာ သစ်သားထဲ ရိုက်ထည့်ထားတဲ့ သံချောင်းလို ရိုက်သွင်းခံထားရတာ၊ ဒါကြောင့် နင်က အကြောင်းပြချက်မလိုဘဲကို မူစလင်တွေကို ကြောက်နေတာ၊ ပြီးတော့ မုန်းနေတာ၊ […]

Short Stories

စစ်ပွဲ = စစ် + ပွဲ

“စစ်ပွဲ = စစ် + ပွဲ” မောင်မူ ၁။ စစ်ပွဲအကြောင်း ဝတ္ထုရေးဖို့ ဆုံးဖြတ်ပြီးတဲ့နောက် စာရေးဆရာက စစ်ပွဲကနေပြန်လာတဲ့ ရဲဘော်တယောက်ဆီကို ရောက်သွားတယ်။ အသားညိုညို ပိန်ပိန်ပါးပါးနဲ့ ရဲဘော်လေး၊ သူ့မျက်လုံးတွေက ခပ်ပြူးပြူးကိုမှ အပြုံးအရယ်မရှိတဲ့ မျက်နှာနဲ့။ မကြိုဆိုတဲ့ ခံစားချက်လို့ ပြောရမလား။ စာရေးဆရာက သူ စစ်ပွဲအကြောင်း ဝတ္ထုရေးဖို့အတွက် မေးမြန်းချင်တာလေးတွေရှိလို့ လာခဲ့တာပါဆိုတော့ “ကောင်းတာရယ်လို့ မရှိပါဘူး” တဲ့၊ တုံးတိတိအသံနဲ့ ဖြေတယ်။ […]

ခင်ဦးဇင်အခန်းဆက်ဝတ္ထုရှည်

“ခင်ဦးဇင်” အပိုင်း ( ၆ )

“ခင်ဦးဇင်” ​ရေအေး အပိုင်း ( ၆ ) – – – – – – – – – – – မနေ့ကအတိုင်းပဲ၊ နင် စာမရေးခင် အချက်အလက်တွေ တစ်ချက်ပြန်ကြည့်ရမယ်၊ ဒီတစ်ခါတော့ အွန်လိုင်းကနေယူပြီး ဖုန်းထဲသိမ်းထားတဲ့ စာတွေပဲ ကြည့်ပေါ့။ စာရေးဆရာရဲ့စကားနဲ့အတူ ခင်ဦးဇင်ရဲ့လက်ထဲကို ဖုန်းတစ်လုံး ဖျတ်ခနဲရောက်လာတယ်။ ပြီးတော့ ဖုန်းမျက်နှာပြင်မှာက စာရေးဆရာပြချင်တဲ့မှတ်စုတွေ။ ကွင်းပြင်ထဲ […]

Short Stories

အိမ်ပြေး (သို့) အိမ်အဝေး

“အိမ်ပြေး (သို့) အိမ်အဝေး”နွေအလင်း (CDM)ခရီးက အတော်အတန်ရောက်လောက်ပြီ။ “အင်း ငါထွက်လာခဲ့တာ မနက်ခြောက်နာရီဆိုတော့ …” လင်းခန့် ပြန်စဥ်းစားရင်း အချိန်တွေကို လက်ချိုးရေကြည့်သည်။ “အခုက ကိုးနာရီဆိုတော့ အင်း သုံးနာရီလောက်တောင်ကြာပြီပဲ” လင်းခန့် ပျော်သွားသည်။ ဒီလောက်ဆို အဖေ လိုက်မရှာနိုင်တော့။ ဟုတ်သည်လေ နယ်မြို့အစွန်ရှိ တခုတည်းသော ကားဂိတ်လေး၏ တစီးတည်းသော လိုင်းကားကို သူစီးလာသည်မို့ အဖေ လိုက်ရှာရန်မလွယ်တော့။ ရွှီခနဲ လေတချက်ချွန်ရင်း အဝေးပြေးကား၏ ပြတင်းပေါက်မှ […]

ခင်ဦးဇင်အခန်းဆက်ဝတ္ထုရှည်

“ခင်ဦးဇင်” အပိုင်း ( ၅ )

“ခင်ဦးဇင်” ​ရေအေး အပိုင်း ( ၅ ) – – – – – – – – – – – (၃) ဒီတခါ ခင်ဦးဇင် ဝတ္ထုထဲကိုရောက်တာက မနက်ခင်းရှစ်နာရီတဲ့။ အမှန်တော့ ခင်ဦးဇင်က ဝတ္ထုထဲကိုရောက်တယ် ဆိုတာထက် စာရေးဆရာက ဝတ္ထုထဲကိုရောက်လာတာလို့ ဆိုရမယ်။ တစ်ညလုံး အမှောင်ပြင်ကြီးထဲမှာ အတွေးတွေတသီတတန်းနဲ့ မငြိမ်မသက်ဖြစ်နေခဲ့တဲ့ ခင်ဦးဇင်ဆီကို စာရေးဆရာက […]