ပင့်သက်များ အခန်းဆက်ဝတ္ထုရှည်

ပင့်သက်များ (အပိုင်း ၇)

“ပင့်သက်များ” ခခ အပိုင်း (၇) – ဇာတ်သိမ်း ဖုန်းထဲကနေ အဖေနဲ့ အမေရဲ့အသံကို ကြားရချိန်မှာ ကျမ ဘယ်လိုမှ မျက်ရည်မဆည်နိုင်။ ဖုန်းမဆက်ခင်ကအထိ ကျမ မငိုမိသေးဘူး။ ထွန်းမင်းဝယ်ကျွေးတဲ့ ကြက်ကြော်ကို အားပါးတရစားရင်း အထဲမှာ ဘယ်လောက်အထိ အစားအသောက် ခက်ခဲခဲ့လဲဆိုတာကို ပြောပြနေခဲ့တယ်။ ကျမအဖြစ်က အိပ်မက်ဆိုးကနေ နိုးထလာရတဲ့သူလိုပဲ။ တော်ပါသေးရဲ့လို့ ရေရွတ်ရင်း စိတ်သက်သာရာတော့ ရပါရဲ့။ မက်ခဲ့တာက တသက်လုံး မေ့မရတော့လောက်အောင် ဆိုးဝါးတဲ့ […]

ပင့်သက်များ အခန်းဆက်ဝတ္ထုရှည်

ပင့်သက်များ အပိုင်း (၆)

“ပင့်သက်များ” ခခ အပိုင်း (၆) ဒီနေ့မှာ နေဟာ အားကုန်နေတဲ့ မီးသီးတလုံးလို ခပ်မှိန်မှိန်သာ လင်းတယ်။ ဝေ့ဝဲလာတဲ့ လေပြေကြားထဲ မိုးရဲ့အငွေ့အသက်ကို ခံစားမိနေသလိုပဲ။ လေကို ခပ်ပြင်းပြင်း ရှိုက်သွင်းလိုက်ချိန် နှာခေါင်းထိပ်ဖျားမှာ အေးခနဲ။ တလိပ်လိပ် တက်လာနေတဲ့ တိမ်ညို တိမ်သားတွေက လေနဲ့အတူ တလွင့်လွင့် လိုက်ပါလို့။ ဒီနေ့မှာ ရာသီဥတုက ပြောစမှတ် ပြုရလောက်တဲ့အထိ လှပမနေ။ တိမ်တွေကလည်း အလင်း အမှောင် အရောင်မျှတမနေ။ […]

ပင့်သက်များ အခန်းဆက်ဝတ္ထုရှည်

ပင့်သက်များ (အပိုင်း ၅)

“ပင့်သက်များ” ခခ အပိုင်း (၅) အထက်လူကြီးတယောက် ရောက်လာမှ ရန်ပွဲကပြီးတယ်။ သူတို့ရန်ပွဲကို အထက်လူကြီး ဖြေရှင်းပုံကလည်း တမျိုး။ ဘယ်ကနေ စတာလဲ … ဘယ်သူမှားတာလဲလို့ တခွန်းမမေး။ ဘယ်သူမှလည်း သက်သေခံပေးစရာမလို။ ရန်ဖြစ်တဲ့နှစ်ယောက်လုံးကို ဦးတည်ငေါက်ငမ်းပြီး အကုန်လုံးကို ပက်ပက်စက်စက်ဆဲတယ်။ အချင်းချင်း ဆဲနေချိန်က နာစရာလို့ ထင်ခဲ့ကြသူတွေဟာ အထက်လူကြီး ဆဲတာကိုကျ ဆုံးမတာလို့ ခံယူပြီး ဘာသံမှ မထွက်။ တကယ့် အထူးအဆန်းတွေ။ ရန်ပွဲပြီးလို့ […]

ပင့်သက်များ အခန်းဆက်ဝတ္ထုရှည်

ပင့်သက်များ (အပိုင်း၄)

“ပင့်သက်များ” ခခ အပိုင်း (၄) မမရွှေရည်ကျေးဇူးနဲ့ မမို့၊ ထွန်းမင်းအပြင် ညီညီကပါ ကျမအကြောင်း သိသွားတယ်။ ကျမအဖြစ်က အားလုံးအတွက် သည်းထိတ်ရင်ဖို ဇာတ်လမ်းတပုဒ်လို။ သူတို့က ကျမပို့တဲ့စာတွေကို ဖတ်ပြီးတိုင်း “မိုရ် ရယ်” လို့ မချိတင်ကဲ ပြန်ပို့တတ်သလို နှာဗူးကောင်ကို သတိထားဖို့လည်း တွန်းတွန်းတိုက်တိုက် စကားဆိုတယ်။ အရေးဟယ်၊ အကြောင်းဟယ်ဆိုရင် ကျမဆီကို သူတို့ ချက်ချင်းပြေးမလာနိုင်ပေမယ့် သူတို့နဲ့ အဆက်အသွယ်ရတာကတင် ကျမစိတ်ကို တော်တော်လေး […]

ပင့်သက်များ အခန်းဆက်ဝတ္ထုရှည်

ပင့်သက်များ အပိုင်း (၃)

“ပင့်သက်များ” ခခ အပိုင်း (၃) အခန်းထဲမှာ မီးမရှိဘူး။ မီးသီး၊ မီးခလုပ်၊ ပလပ်ပေါက်၊ ဘာတခုမှမရှိဘူး။ ညမှာ အခန်းအပြင်က မီးလုံးဆီက မဝင်ချင့် ဝင်ချင် ဝင်လာတဲ့ အလင်းရောင် ခပ်သဲ့သဲ့ကိုပဲ ကျမ ရတယ်။ ပိုးစုန်းကြူလောက်တောင် မလင်းတဲ့ အခန်းငယ်က အမှောင်ကြောက်တဲ့ ကျမအတွက် ထိတ်လန့်ဖွယ်ရာ အခြေအနေ။ ကျဉ်းမြောင်းတဲ့ နံရံလေးဘက်ထဲ အလင်းမရှိဘဲနေရင်း ကျမ အသက်ရှူလို့တောင် မဝချင်။ မှောင်မဲနေလို့ ခြင်တွေက […]

ပင့်သက်များ အခန်းဆက်ဝတ္ထုရှည်

ပင့်သက်များ အခန်း (၂)

“ပင့်သက်များ” ခခ အခန်း (၂) လေတိုးသံနဲ့ သူတို့အချင်းချင်း ရောက်တတ်ရာရာတွေ ပြောနေတဲ့အသံတွေကို ကျမ ကြားရတယ်။ မျက်လုံးတွေကတော့ အဝတ်စည်းထားလို့ ဘာကိုမှ မမြင်ရ။ ကြောက်ရွံ့ရလွန်းတဲ့စိတ်က တဖြည်းဖြည်းနဲ့ ထုံပေပေဖြစ်စ ပြုလာပြီ။ ကြောက်နေရုံနဲ့ အလုပ်မဖြစ်ဘူး ဆိုတာကိုလည်း ကျမ သဘောပေါက်လာပြီ။ အခုက သူတို့လိုသတ္တဝါတွေကြားမှာ ကျမက တယောက်ထဲ။ ကြောက်လန့်တကြားနဲ့ အသိ၊ သတိ မကပ်နိုင်ရင် ဘာဆက်လုပ်ရမှာလဲဆိုတာကို ကျမ သိနိုင်မှာမဟုတ်။ ကိုယ့်ကိုယ်ကိုလည်း […]

ပင့်သက်များ အခန်းဆက်ဝတ္ထုရှည်

ပင့်သက်များ

“ပင့်သက်များ” ခခ အပိုင်း (၁) လေယာဉ်က မနက် ၆ နာရီ။ ၄ နာရီလောက်မှာ လေဆိပ်ဆင်းဖို့ ခေါ်ထားတဲ့ Taxi ရောက်လာတယ်။ တညလုံး အိပ်လို့မပျော်တာကြောင့် ကျမ မျက်လုံးတွေက ကျိန်းစပ်နေတယ်။ ခေါင်းကလည်း နောက်တောက်တောက်နဲ့။ အိပ်ချင်လိုက်တာ ဆိုတဲ့စိတ်က တစိုးတစိမှ ပေါ်မလာ။ အိပ်ပစ်လိုက်ဖို့ထက် အစစအရာရာ အဆင်ပြေသွားဖို့ကိုပဲ ပိုပြီးတော့ စိတ်အားထက်သန်နေတယ်။ အဆင်ရောပြေပါ့မလား။ ရင်ထဲက တလှပ်လှပ်နဲ့။ ခေါင်းထဲကလည်း ရီဝေနေဆဲ။ […]