ဝတ္ထု

စစ်ရေးစစ်ရာ တပတ်တာ (၂၂)

“စစ်ရေးစစ်ရာ တပတ်တာ (၂၂)” ■ နောင်လူသစ် – နိုဝင်ဘာလ (၁၇) ရက်မှ နိုဝင်ဘာလ (၂၃) ရက်အထိ – ☆ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်မှ နိုဝင်ဘာလ (၂၃) ရက်နေ့အထိ တပတ်တာအတွင်း မြန်မာနိုင်ငံတဝန်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား လက်နက်ကိုင်တိုက်ပွဲ ကြီးငယ်ပေါင်း (၆၈) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။ ☆ တပတ်တာအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် […]

ခင်ဦးဇင်အခန်းဆက်ဝတ္ထုရှည်

ခင်ဦးဇင် အပိုင်း(၄)

“ခင်ဦးဇင်” ​ရေအေး အပိုင်း ( ၄ ) – – – – – – – – – – – အခု ဒီကိစ္စအဆင်ပြေပြီဆိုရင် ငါတို့ နောက်တဆင့်ကိုသွားရအောင်။ အခု နင် စာရေးစားပွဲခုံမှာထိုင်ပြီး စာရေးနေတာ ညဆယ့်တစ်နာရီ ထိုးခါနီးအထိ။ မနက် နင်က ဆွမ်းလောင်းစရာရှိတယ်။ အဲဒီအတွက် နင့်အမေက နင့်အခန်းပြတင်းဝကိုလာပြီး နင့်ကို သမီး၊ […]

ခင်ဦးဇင်အခန်းဆက်ဝတ္ထုရှည်

ခင်ဦးဇင် အပိုင်း(၃)

“ခင်ဦးဇင်” ​ရေအေး အပိုင်း ( ၃ ) – – – – – – – – – – – (၂) အခု မနေ့က ပြောထားတဲ့အတိုင်း နင်ရေးမယ့်ဝတ္ထုဆီကို သွားကြတာပေါ့ တဲ့။ စာရေးဆရာ ရောက်လာတာနဲ့ တပြိုင်နက် ခင်ဦးဇင်ရဲ့ နံဘေးကမြင်ကွင်းတွေက မနေ့ကအတိုင်း ပြန်ဖြစ်သွားတယ်။ ပြတင်းပေါက်၊ လဇောက်ထိုး၊ မန်ကျည်းပင်၊ စာရေးစားပွဲ၊ […]

ခင်ဦးဇင်အခန်းဆက်ဝတ္ထုရှည်

ခင်ဦးဇင် အပိုင်း ( ၂ )

“ခင်ဦးဇင်” ​ရေအေးအပိုင်း ( ၂ )– – – – – – – – – – –စာရေးဆရာက စာရေးဆရာပီပီ နင်က ဘယ်လို၊ နင့်မိသားစုက ဘယ်ပုံနဲ့ ဖွဲ့ကာနွဲ့ကာပြောပြနေတယ်။ အဲဒါက ကင်းဘတ်စအလွတ်တချပ်မှာ ဆေးတွေ တချက်ပြီးတချက် ခြယ်လိုက်သလိုလို့ ဥပမာဆိုရမလား၊ ဒါမှမဟုတ် ကလေးတွေကစားတဲ့ အရုပ်ဆက်ကစားနည်းထဲက ဆက်လက်စအရုပ်ကလေးလိုလို့ ပြောရမလားမသိဘူး။ အကြောင်းအရာတခုချင်းစီ ပြောရင်းက ခင်ဦးဇင်ရဲ့ဘဝ ပုံပေါ်လာတယ်။ […]

ခင်ဦးဇင်အခန်းဆက်ဝတ္ထုရှည်

ခင်ဦးဇင် အပိုင်း ( ၁ )

“ခင်ဦးဇင်” ​ရေအေးအပိုင်း ( ၁ )– – – – – – – – – – –ညနေခင်းကိုမြင်လိုက်တယ်ဆိုရင်ပဲ အဲဒီညနေခင်းဆိုတာကို ခင်ဦးဇင် ချက်ချင်းသိတယ်။ ပိန်းပိတ်လုမတတ် မှောင်နေတဲ့ ကောင်းကင်မှာ အပ်ချည်ကြိုးတချောင်းလို မျှင်မျှင်လေးရှိနေတဲ့ နီဝါရောင်အလင်းတန်း၊ ပြီးတော့ တရှဲရှဲ အော်မြည်သံနဲ့ အမှောင်ထဲက မကျွတ်မလွတ်သေးတဲ့ တစ္ဆေတွေလို ယိမ်းထိုးလှုပ်ခါနေတဲ့ လမ်းဘေးဝဲယာက မြက်ရိုင်းပင်ရှည်တွေ၊ ခင်ဦးဇင်ရဲ့ ခြေထောက်အောက်မှာ ဝပ်တွားနေတဲ့ […]

Short Stories

နောက်တခါ သားနဲ့ ဖုန်းပြောဖြစ်ရင်

“နောက်တခါ သားနဲ့ ဖုန်းပြောဖြစ်ရင်” ရွယ်မိုး ကျမ ဘုရားဝတ်ပြုပြီး ကြေးစည်လေးကို ကောက်ကိုင်လိုက်တယ်။ နှုတ်ကနေလည်း မတိုးမကျယ် မေတ္တာပို့နေတယ်။ “လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဘေးရန်ခပ်သိမ်း ကင်းစင်ဝေး ငြိမ်းအေးကြပါစေ “ မေတ္တာပို့ပြီးနောက်မှာတော့ ကြေးစည်ကို သစ်သားတူလေးနဲ့ နှက်လိုက်တယ်။ “နှောင် … နှောင် …” “အရှင်ဘုရား ဘုရားတပည့်တော်မ ရင်နှစ်သည်းချာ သားလေးလည်း ဘေးမသီ ရန်မခဘဲ ကိုယ်စိတ်ကျန်းမာပါစေ ဘုရား” လေမတိုက်ပါဘဲ […]

Short Stories

အိမ်ကို မပြန်ချင်ဘူး

ထွင် ”သမီး အိမ်ကို မပြန်ချင်ဘူးနော်” တဲ့ … ကလေးငယ်တိုင်းဟာ မိဘရှိရာအိမ်ကို ခင်တွယ်တတ်ကြပေသည်။ ကျောင်းတက်နေသည့်အချိန်၊ အိမ်နှင့် ဝေးကွာလှသော တနေရာသို့ ရက်အတော်ကြာ ရောက်နေသည့်အခါမျိုးတွင် အိမ်ကို ပြန်ချင်တတ်ကြသည်။ သည့်ကြောင့် မိဘဖြစ်သူများကို ”အိမ်ပြန်ရအောင်” ဆိုပြီး ဂျီကျတတ်သည်။ ကျွန်ုပ်တွေ့ခဲ့သည့် သုံးနှစ်အရွယ် သမီးလေးကတော့ ”သမီး အိမ်ကို မပြန်ချင်ဘူးနော်” ဟု မိခင်ဖြစ်သူအား ဂျီကျလိုက်သည့်အသံကို ကျွန်ုပ် ကြားလိုက်ရသည်။ အကြောင်းက သည်သို့ […]

Short Stories

အ​ဝေးက ​တောင်တန်း​တွေ

■ ​ဆောလျန် ​ရေးသား​သော “​အ​ဝေးက ​တောင်တန်း​တွေ” ​​​ဝတ္ထုတိုကို ​​ပိုင်ဖြိုးသု ရွတ်ဖတ်ထား​ပါသည်။ – The Call ရဲ့ YouTube Channel (https://youtube.com/@thecall2022) တွင်လည်း Audio Book များကို ခံစားနားဆင်နိုင်ပါတယ်။

Short Stories

ပုလွေဆရာ သေဆုံးခန်း

ရိုင်းစိုင်းသော် (၁) ဒီတခါ သတိလွတ်သွားတဲ့အချိန်ကိုတော့ သေချာမှတ်ထားမယ်လို့ မိနီ တေးထားတယ်။ ဒီနေ့လည်း ထပ်ဖြစ်နိုင်တယ်လို့ သူ့စိတ်က ထင်နေတယ်လေ။ မနက်စာအတွက်တော့ လမ်းဘေးမှာ ကလေးတယောက်ယောက် ကျနေခဲ့ပုံရတဲ့ ဘိန်းမုန့်အပဲ့တခုကို သူစားပြီးပြီ။ ဈေးလမ်းကြားမှာ မြေပဲသီးတောင့်နည်းနည်း ထပ်တွေ့တာကို အသိုက်ထဲ ကိုက်ချီသွားမလို့ စိတ်ကူးနေတုန်းမှာပဲ ကြိမ်နှုန်းမြင့် အသံတခုကို ကြားလိုက်ရတယ်။ “စပြီနော် စပြီ” လို့ သူ့ကိုယ်သူ ပြန်သတိပေး ရေရွတ်ရတယ်။ အသံကို မကြားရအောင် ဖုံးထားနိုင်မလားဆိုပြီး […]

Short Stories

နှစ်စိတ်-တစ်ကိုယ်

ညိမ်းအေး စိတ်ဟာစိတ်နဲ့ လုံးထွေးသတ်ပုတ်နေရတယ် ချစ်တဲ့သူက ချစ်တယ် ညစ်တဲ့သူက ညစ်တယ် ချစ်တဲ့သူကိုလည်း ပြန်ချစ်ဖို့ ညစ်တဲ့သူကိုလည်း ပြန်ချစ်ဖို့ တပြားသားမှ မလျော့လေစေနဲ့ ငါတို့ရင်းထားရတာ စက္ကူစာရွက်စုတ်တစုတ်ပေါ်က ဆေးမှင်သားတွေမဟုတ် အသက်တွေ၊ ဘဝတွေ ၊ အနာဂတ်တွေ သာ၏နာ၏မရှိ ငါတို့အားလုံးဟာ မိုးပြိုနေတဲ့သူတွေချည်းအတူတူ ဒီလှေကိုလှော်ဖို့ ဒီတက်တွေညီဖို့လို ဒီခရီးပေါက်မြောက်ဖို့အဓိက ချစ်ခြင်းမေတ္တာဟာ ဖြေဆေးပဲ ဂရုဏာပါထပ်ပေါင်းရင် ပိုပြီးဆေးစွမ်းထက်လိမ့်မယ် သည်းခံခွင့်လွှတ်မှုနဲ့ အနာကိုဆေးရင်း ဒီခရီးကို ဖြောင့်စေရအောင် ဒါကြောင့် […]