သူမတူအကျဉ်းသား

သူမတူအကျဉ်းသား (အခန်း၁၆)

■ အခန်း(၁၆) အင်းစိန်ထောင်သို့ ပြန်ရောက်ခြင်း/ ကိုယာကွတ်ရဲ့ အဖြစ်ဆိုး +++++++++++++++ ဒေါ်စုနဲ့ ခွဲခွာခါနီး စကားနည်းနည်း ပြောခွင့်ရလိုက်တယ်။ သူ့မှာ နောက်ထပ် ရင်ဆိုင်ရမဲ့အမှုတွေက အများအပြား။ သူကတော့ လုံးဝ တည်တည်ငြိမ်ငြိမ်ပါ။ နောက်ထပ် ထောင်ဒဏ်သုံးနှစ် တိုးတယ်ဆိုတာ သူ့အတွက်တော့ ပုံမှန် ရုံးတက်တဲ့နေ့လိုပါပဲ။ ဘာမှ ပိုပြီး ထူးခြား မနေတော့ပါ။ ကျနော်တို့ကို ဂုဏ်ယူကြောင်း၊ အာဏာသိမ်း စစ်ကောင်စီကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နေသူတိုင်းအတွက်လည်း ဂုဏ်ယူကြောင်း၊ […]

Short Stories

နောက်တခါ ဖုန်းခေါ်ဖြစ်ရင်

“နောက်တခါ ဖုန်းခေါ်ဖြစ်ရင်”ရွယ်မိုးသူ့အသက် (၂၀)။ တတိယနှစ် ကျောင်းသားတယောက် ဖြစ်သလို ရည်းစားသနာလဲ မရှိ။ ကျောင်းပိတ်ရက်တွေမှာ အမေ့ရဲ့ ကုန်စုံဆိုင်သေးသေးလေးထဲ ထိုင်နေတတ်။ ခပ်ရိုးရိုးကုပ်ကုပ် ကောင်လေးလို့ ပတ်ဝန်းကျင်က သိထားကြ။သား မနက် ထွက်သွားတော့မယ်ဆိုတော့ အမေက အံ့သြဟန် မပြ။ သားအမိ နှစ်ယောက်တည်းဘဝမှာ အမေကပဲ ရုန်းကန် ရှာဖွေ ကျွေးမွေး ပညာတွေ သင်ပေးခဲ့တာ။ သို့ပေမယ့် အမေက သူ့ကို ချစ်သလား၊ မချစ်ဘူးလားဆိုတာ သူသေချာမသိဘူး။ […]

Short Stories

အဝေးက တောင်တန်းတွေ

“အဝေးက တောင်တန်းတွေ”ဆောလျန်အိမ်နံဘေးက ကုန်းကလေးပေါ်ကို မီးမီး ရောက်သွားတဲ့အချိန်မှာ မမငယ်က ရှိနှင့်နေပြီ။ မမငယ်ကို အိမ်အပေါ်ထပ် မီးမီးတို့အခန်းကနေ လှမ်းတွေ့ကတည်းက ပျော်ပြီး ပြေးဆင်းလာခဲ့တာပဲ။ ‘မမငယ်ရေ’ လို့ ပြေးရင်း အော်ခေါ်လာတယ်။မမငယ်ကတော့ မီးမီးအသံကို မကြားပါဘူး။ ဒီနေရာကို အရင်ရောက်နေတိုင်း မီးမီး တွေ့နေကျလို ဟိုးအဝေးကြီးက တောင်တန်းတွေကို ငေးကြည့်နေတယ်။ ဟိုတရက်တုန်းကလိုပဲ မမငယ် ငိုနေသလား။ နောက်ကျောကနေ မီးမီး ခြောက်လိုက်တဲ့အခါ ကိုယ်လေး တုန်နေအောင် လန့်သွားပြီး […]

10/10 စကောလယ်တော

ကမ္ဘာမကြေဘူး

“ကမ္ဘာမကြေဘူး”■ စကောလယ်တော‘ဟောဒီက မြေအိုးတွေတော်ရေ … မြေအိုးတွေ’ အသံကြားလိုက်တာနဲ့၊ ဘုရားရှိခိုးနေတဲ့ အမေနဲ့ ပုတီးစိပ်ရင် လမ်လျှောက်နေတဲ့ အဖေ့ကို ချက်ခြင်း သတိရလိုက်တယ်။ မြေအိုးလည်ရောင်းကြတဲ့ မြေးအဘွားထင်ပါရဲ့။ အိုးတောင်းကိုယ်စီရွက်လို့ လာနေကြတယ်။‘ဟောဒီကမြေအိုးတွေရှင့် … မြေအိုး …’မြေးမအသံက ပိုစူးသလိုပဲ။‘မြေအိုးသည် လာပါဦး’ လို့ ခေါ်သံကြားတော့ အိုးသည်မြေးအဘွား ပြိုင်တူလှည့်ကြကြတယ်။ အနားရောက်တော့ သူတို့မြေအိုးတွေကူချရင်း ခြင်းထဲကအိုးတွေကိုကြည့်တော့ လက်ရာမြောက်တဲ့ ဟင်းအိုးလေးတွေပါလား။ အဖေတို့ အမေတို့က ကျမချက်တဲ့ဟင်း စားလို့မကောင်းရင် […]