Short Stories

တူတလက်နဲ့ ရုန်းကြွနေတဲ့ မြေဖြူ

“တူတလက်နဲ့ ရုန်းကြွနေတဲ့ မြေဖြူ” ဆူးနတ်သန် တဒုန်းဒုန်း တူ ထုနှက်သံတွေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်က ဘဝတခုဟာ အခြားဘဝတခုကို ဈာန်ဝင်စားခွင့် ရခဲ့ဖူးတယ်။ အစကတော့ ကျနော်လည်း တူတချောင်းနဲ့ ဘဝကို ဖြတ်သန်းရလိမ့်မယ် မတွေးဖူးပါဘူး။ လူလတ်ပိုင်း လေးဆယ်ကျော်ဘဝမှာ ခေတ်ရဲ့ ဂငယ်ကွေ့ အချိုးအကွေ့တခုကြောင့်ပဲ ကျနော်ဟာ မြေဖြူကို ပစ်ချ၊ တူတလက် ကျနော့်လက်ထဲ ရောက်လာရတာပဲ။ အဖြူအစိမ်းဝတ်စုံကို ဝတ်၊ စာသင်ပုန်းမှာ ချရေးခဲ့တဲ့ စာလုံးပေါင်းတွေဟာ […]

Short Stories

မက်အိမ်

‘မက်အိမ်’ ဏငယ် ပတ်ဝန်းကျင်တခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ အဝေးတနေရာကနေ ငိုသံ ရှိုက်သံ ခပ်သဲ့သဲ့ ကြားနေရသည်။ အသံတွေ ကြားနေပေမယ့် သူမ ခေါင်းထဲမှာတော့ ဟာလာဟင်းလင်း ဖြစ်နေသည်။ သူမ မျက်နာကျက်ကို မော့ကြည့်လိုက်သည်။ ဒီညမှ ကောင်းကင်မှာ ကြယ်တွေ စုံလင်နေသည်။ ကြယ်တွေ စုံလင်နေတာကို သူမ အခုမှ မြင်ဖူးသည်တော့မဟုတ်ပါ။ ဒါပေမယ့် သူမ မမြင်ရတာ ကြာခဲ့ပြီ။ ကောင်းကင်ကြီးကို သူမ မုန်းခဲ့သည်။ ကောင်းကင်ကြီးကထွက်တဲ့ […]

Short Stories

ကျမယောက်ျား တော်လှန်ရေးသမား

“ကျမယောက်ျား တော်လှန်ရေးသမား” မောင်သုည (ရှပ်ပုံသားလေး) ”အသက်ဆိုတာ နှမြောသင့်တဲ့နေရာမှာ နှမြောရတယ်၊ မနှမြောသင့်တဲ့နေရာမှာ မနုမြောရဘူး” ဆရာနိုင်မြန်မာ အက်ကြောင်းတွေ ဗရပွနဲ့ ပြည့်နက်နေသော ဤနိုင်ငံတော်က နှလုံးသားများကိုတွေးရင်း မလှမြင့် စိတ်မချမ်းမြေ့ဖြစ်နေမိတယ်။ ဟော တွေးရင်းငေးရင်း ကိုဖိုးတေ ပြန်လာပြီ၊ ကျောပိုးအိတ်ကို တဲအိမ်ပေါ် ဗြုန်းခနဲ ပစ်ချလိုက်သံကြောင့် မလှမြင့် ထိတ်ခနဲဖြစ်သွားတယ်။ ဒီတခေါက် ကိုဖိုးတေ ရှေ့တန်းကပြန်လာတာ မျက်နှာမသာမယာနဲ့။ ”ဘာဖြစ်လာတာလဲ ကိုဖိုးတေ၊ ရှင် နေမကောင်းဘူးလား” […]

Short Stories

ဖြေဆေးမရှိသော ဒဏ်ရာ

‘ဖြေဆေးမရှိသော ဒဏ်ရာ’ မြရဲလွင် နှစ်ထောင့်နှစ်ဆယ့်လေး ဒီဇင်ဘာညတညမှာ တိတ်ဆိတ်နေတဲ့အိမ်တအိမ်ရဲ့ ပြတင်းပေါက်တခုကနေ တိုးထွက် လာတဲ့ မှိန်ပျပျ ဖယောင်းတိုင်မီးတခုဟာ သူ့ရှေ့မှာထိုင်နေတဲ့ ကလေးတယောက်ရဲ့မျက်နှာကို ပီပီပြင်ပြင်မတွေ့ရ။ နတ်တော်လပြည့်ကျော် ၁ ရက်နေ့ဆိုပေမယ့် အရမ်းပဲ နှင်းတွေကျနေတယ်။ ပြတင်းပေါက်ကို အလှဆင်ထားတဲ့ မှန်တွေအားလုံး ရေငွေ့ရိုက်နေသလို ဖြူဖတ်ဖြူရော်နဲ့။ အရမ်းအေးတဲ့အချိန်မျိုးတွေမှာ ထမင်းကို ပူပူလောလောလေး စားလိုက်ရရင် အင်မတန် အရသာရှိကြပေမယ့် မနက်ကတည်းက တနေ့လုံးစာ ချက်ထားရတဲ့ ထမင်းအေးအေးကြီးကို အရမ်းအေးနေတဲ့အချိန် […]

Short Stories

အိမ်ရဲ့အဝေးမှာ အိမ်ရဲ့အဝေးမှာ ဒရာမာမပါတဲ့ ဝတ္ထု

“အိမ်ရဲ့အဝေးမှာ အိမ်ရဲ့အဝေးမှာ ဒရာမာမပါတဲ့ ဝတ္ထု” ရဲသူအောင် (က) အမေ့ကို ကန်တော့နေရင်းက ရင်ဘတ်ထဲမှာ တစစ်စစ် နာကျင်လာတယ်။ “အမေ့ကို ဒီတသက် ပြန်တွေ့ဖို့ မဖြစ်နိုင် တော့ဘူး” ဆိုတဲ့ အတွေးကလည်း အသိစိတ်ထဲ တချိန်လုံး ရိုက်ခတ်စိုးမိုးလို့နေခဲ့တယ်။ လက်ကျန်ဘဝ နေ့ရက်တွေကို အိပ်ယာထဲမှာပဲ ကုန်လွန် ဖြတ်သန်းနေရတဲ့ အမေဟာ ကျနော့်ကို တွေတွေကြီး ကြည့်ငေးလို့။ ဒီလိုနဲ့ အမေဟာ တဖြည်းဖြည်း လုံးပါးပါးတော့မှာကို ကျနော် […]

Short Stories

စက်ဘီးတစ်စီး၊ လူနှစ်ယောက်

‘စက်ဘီးတစ်စီး၊ လူနှစ်ယောက်’ မေရီသော် ကိုပေါက်စ အကြံအိုက်နေပြီ။ ဆရာမလေး မှာလိုက်တာက အထုတ် ၁၀၀။ အခုက အထုတ် ၄၀ စွန်းစွန်းပဲ ဝယ်လို့ရသေးတယ်။ သေချာတာတော့ ဒီရွာမှာလည်း တခြားဆိုင်ရယ်လို့ မရှိတော့ဘူး။ ကိုပေါက်စလည်း စိတ်ညစ်ညစ်နဲ့ ဘာလုပ်ရမလဲ ထိုင်စဉ်းစားနေတုန်း သည်လူက စက်ဘီးတစီးနဲ့ ကိုပေါက်စရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာခဲ့တာပဲ။ – ကိုပေါက်စ တမင် ဆိုင်ကယ်ယူမလာခဲ့တာက မနေ့ညက မိုးကြီးသည်းသည်းရွာထားလို့ရယ်။ မိုးကြီးတဖြန်နှဖြန်ရွာပြီးသွားမှ မိုးအခါဝင်ကြောင်း […]

Short Stories

သံပုံးတလုံး၏ အတ္ထုပ္ပတ္တိ

‘သံပုံးတလုံး၏ အတ္ထုပ္ပတ္တိ’ မောင်သုည (ရှပ်ပုံသားလေး) ကျုပ်သား ဘယ်ငရဲလမ်းမှာ ရှိနေလဲ၊ ဘယ်လမ်းသရဲ၊ စုန်း၊ ကဝေတွေက ကျုပ်သားကို မြှူဆွယ်ပြုစားပြီး ဘယ်တောတောင်ကို မျက်လှည့်ပြသလို ဝှက်ခေါ်သွားကြသလဲ။ ဘယ်သူမှမရှိတဲ့ အဲဒီအမှောင်ထဲမှာ ကျုပ် နေမပျော်ပါဘူး၊ ကျုပ်ငြိမ်းချမ်းချင်တယ် ။ ***** ဒီသားတယောက်နဲ့ ပူရတဲ့အပူ ကျုပ်မှာ သူ သန္ဓေတည်ကတည်းက အပူအစပ်ဖန်ခါးကို ရှောင်ရတိမ်းရနဲ့ လမ်းလျှောက်ရင်တောင် ခလုတ်တိုက် လဲကျမှာ ကြောက်နေရတယ်။ ဟော အခု […]

Short Stories

ဝက်ဝံရုပ်လေးဝယ်ခဲ့ပေးပါ ဆရာလေး

“ဝက်ဝံရုပ်လေးဝယ်ခဲ့ပေးပါ ဆရာလေး” နွေအလင်း (CDM) “ဖိုးတေ” … ဒီစစ်ရှောင်စခန်းမှာ ဖိုးတေကို သူ အချစ်ဆုံး။ “ဖိုးတေ” ဟု အလွယ်ခေါ်သော်လည်း သူ့အမည်ရင်းမှာ “မောင်ကျော်မင်းသန့်” … အမြဲ ရယ်ရယ်ပြုံးပြုံးနဲ့ အလွန်ချစ်မွှေးပါသော ကလေးလေး။ မိဘတွေက မရှိရှာတော့။ လူနေအိမ်များသို့ အကြမ်းဖက်စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သော လက်နက် ကြီးကျည်ကြောင့် မိဘနှစ်ပါးလုံး ဆုံးပါးကွယ်လွန်ခဲ့လေပြီ။ တဦးတည်းသော အမမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွင် ဆေးမှူးဆိုတော့ “ဖိုးတေ” […]

Short Stories

ဇာမဏီငှက်တို့ လွမ်းတေးသီ

‘ဇာမဏီငှက်တို့ လွမ်းတေးသီ’ မောင်သုည (ရှပ်ပုံသားလေး) ”ဒီတော်လှန်ရေးဟာ သေရင်တောင် သမိုင်းလှမှ နိုင်မယ်။ မသေဘဲ သမိုင်းရိုင်းရင်တော့ ရှုံးမယ် ” ဝါးခွက်နဲ့ အကြမ်းရည်သောက်နေတဲ့ ရဲဘော်တွေရဲ့ စကားဝိုင်းကို ကျနော် လက်ဖက်သုပ်လေးချပေးလိုက်တယ်။ ” ဟေ့…တယ်ဟုတ်ပါလာ လက်ဖက်သုပ်တွေနဲ့။ ဒီလိုသာ နေထိုင်စားသောက်ရမယ်ဆို ဘယ်လောက်ကြာကြာ တော်လှန်ရေးထဲ အေးဆေးနှပ်နေလိုက်မယ် ယောက်ဖရေ… ” ရဲဘော် ငပြူးက စနောက်ပြီး ကျနော်ကို ပြောတယ်။ ” ဟေ့ကောင် […]

Short Stories

အမဲရိုးရယ်မှ အားမနာ

“အမဲရိုးရယ်မှ အားမနာ” မောင်သုခင် (တမာမြေ) ၁။ “ဘာဟင်းတွေနဲ့ စားကြသတုန်း” ထမင်းစားပြီဆို ဟိုဘက်အိမ်က ဒေါ်ရိုး ရောက်လာပြီ။ အကောင်းလာတာ မဟုတ်ဘူး။ ကျုပ်တို့မိသားစု ဘယ်လို စားသောက်နေလဲ လာစပ်စုတာ။ ဇွန်းသံခွက်သံကြားရင် ကြောင်အိုကြီး ဖိုးညိုလိုပဲ ထမင်းဝိုင်းအနား ရောက်လာပြီ။ “လက်ဘက်သုပ်နဲ့ပါ၊ စားလှည့်ပါဦး” “စားတော့စားချင်သားအေ့ ညည အိပ်မပျော်မှာစိုးသဟဲ့” အမြဲတမ်း ဟင်းကိုကြည့်ပြီး အကြောင်းပြချက်အမျိုးမျိုး ပြတတ်တာလည်း သူ့အကျင့်။ ငါးပိရည်မြင်ရင် သွေးတိုးလို့၊ ကြက်ဥကြော်မြင်ရင် […]