Short Stories

အားလုံး မိုက်ကယ်ကေ

‘အားလုံး မိုက်ကယ်ကေ’ ရေအေး အိမ်နီးချင်း မိုက်ကယ်ကေကို သတ်တဲ့အမှုနဲ့ သူ့ကို ရဲတပ်သားဝတ်စုံ ဝတ်ထားတဲ့ မိုက်ကယ်ကေက ဖမ်းတယ်။ “ငါ ဘယ်သူ့ကိုမှ မသတ်ဘူး၊ အခု မင်းလည်း ရှိနေတာပဲ၊ မင်းသေတာ ဟုတ်မှ မဟုတ်တာပဲကွာ မိုက်ကယ်ကေရာ” လို့ သူကပြောပေမဲ့ ရဲတပ်သား မိုက်ကယ်ကေက လက်မခံဘူး။ “မင်းက သူ့ကို သေနတ်နဲ့ ဒီလိုပစ်သတ်ခဲ့တာ” လို့ ပုံသဏ္ဌာန်တူလုပ်ပြပြီး သူ့ကို လက်ထိပ်ခတ်တယ်။ ပြီးတော့ […]
Short Stories

အိတ်မည်းကြီး

“အိတ်မည်းကြီး” တာပလု အိတ်တလုံးကို အချိန်အတော်ကြာတဲ့အထိ မျက်လုံးထဲမှာ ပြန်ပြန်ပေါ်လာတယ်။ အခုအချိန်ထိလည်း တခါတခါ ပြန်ပေါ်လာတုန်းပဲ။ သတိမရအောင် ဖျောက်ထားကြည့်တော့လည်း မရပါဘူး၊ ပြန်ပေါ်လာတာပဲ။ ဘာလို့ ဒီလောက်တောင် စွဲလန်းရလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်ပြီး မေးခွန်းထုတ်ကြည့်တယ်။ကျနော်နဲ့ အချိန်အတော်ကြာကြာ အတူရှိခဲ့ကြဖူးလို့ပဲ နေမှာပါဆိုပြီး ကိုယ့်မေးခွန်းရဲ့အဖြေကို ပြန်ရလိုက်တယ်။ ကျနော် စာကြည်ခန်းထဲမှာ ရေနံဆီမီးခွက်တလုံးရဲ့ အလင်းရောင်နဲ့ တယောက်ထဲ အလုပ်ရှုပ်နေတတ်တယ်။ တခါတလေတော့ ကျနော့်ညီက ကျနော့်စာကြည့်ခန်းထဲလာပြီး ကျနော်နဲ့အတူ စာတွေ […]
Short Stories

စစ်ကြီးအတွင်းက စာရေးဆရာ -၂

“စစ်ကြီးအတွင်းက စာရေးဆရာ -၂” ရေအေး စာရေးဆရာက သူ့ဇာတ်လမ်းကို တော်လှန်ရေးစခန်းတခု ဝင်စီးခံရတာနဲ့ စပြီးဖွင့်တယ်။ ဖွင့်ဖွင့်ချင်း နိဒါန်းမှာပဲ လက်နက်ကြီးသုံးလုံးကို မြန်မြန်ဆန်ဆန် ဖောက်ခွဲပြီး စခန်းတခုလုံးကို မီးလောင်တိုက်သွင်းလိုက်တယ်။ ပြီးတော့ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် တယောက်တည်းကိုပဲ ချန်ရစ်ပြီး ကျန်တဲ့ရဲဘော်တွေ အားလုံးကို တချက်တည်းနဲ့ သတ်ပစ်လိုက်တယ်။ အခု စခန်းတခုလုံး မီးပွားတွေ တဖွားဖွားလွင့်ပြီး လူသွေးနံ့တွေ၊ အသားမီးလောင်နံ့တွေ ထောင်းထောင်းထနေပြီ။ ဒါပြီး ဘာဆက်ဖြစ်ရင် ကောင်းမလဲ။ […]
Short Stories

အမယ်အိုကြီးရဲ့ ခံတက်ချဥ်

“အမယ်အိုကြီးရဲ့ ခံတက်ချဥ်” ရွယ်မိုး ခေါင်းခုပုဆိုးခွေကို ဖြည်ရင်း မောကြီးပန်းကြီးနဲ့ ချွေးသုတ်​နေတဲ့ အမယ်အိုကြီးရဲ့လက်ဟာ ဇရာရဲ့သဘောကို ဆောင်နေတယ်။ အကြောပြိုင်းပြိုင်း မြင်နေရတယ်။ နောက်ပြီး မဲသလဲနေတယ်။ ချွေးဝနေတဲ့ ညစ်ထေးထေး ဖျင်နီကြမ်းအင်္ကျီဟာ ချုပ်ရာကြောင်းတချို့ ရှိရဲ့။ အောက်ချထားတဲ့ စျေးဗန်းကြီးထဲမှာက တိုလီထွာထီ စုံလှသားကလား။ ကန်စွန်း၊ မုန်လာ၊ ပဲသီး၊ သရက်ချဥ်၊ ကိုက်လန်၊ ဘူးသီး၊ ခဝဲညွန့်၊ ငရုတ်သီးစိမ်းကလေးတွေ၊ ချင်းတက်ကလေးတွေ စသဖြင့် တွေ့ရပါတယ်။ မြေအိုးငယ်လေးတလုံးလည်း […]
Short Stories

“ကြားနေမရှိ”သလို ပြည်မက အမှောင်ညများ လွန်ပါစေ

“ကြားနေမရှိ”သလို ပြည်မက အမှောင်ညများ လွန်ပါစေ မြရဲလွင် (ဝေးလွင့်ငှက်) ပြာသိုလပြည့်ကျော် တရက်နေ့၊ ရှမ်းမြောက်ကိုရောက်နေတဲ့ CDM ကျောင်း ဆရာတဦးဟာ လရောင်အောက်က နှင်းမြူတို့ကို ခေါင်းတိုးပြီး ကျနော်ရှိရာ အခန်းဆီ ခေါင်းငိုက်စိုက်ချလျက် ဦးတည်ကာ လာနေခဲ့၏။ ထိုသူ၏ ချောင်းဟန့်သံမှာ ပုံမှန်မဟုတ်၊ အဆုပ်ကို အအေးမိထားသည့်ဟန်ရှိသည်။ သူ၏ချောင်းဆိုးသံကို ကျနော် သတိထားမိနေသည်မှာလည်း ကြာခဲ့ပြီ။ ကျနော်နေသော အခန်းသို့မရောက်မီ သုံးကြိမ်ထက်မနည်း ချောင်းဟန့်လာခဲ့သည်ကို ကြားမိသည်။ အလင်းရောင် […]
Short Stories

မမျှော်သာသည်

“မမျှော်သာသည်” (ဇာတ်သိမ်း) ညိုသူ “ဟော ၉ နာရီတောင်ခွဲတော့မယ်၊ ပြန်ကြမယ်လေ၊ အဆောင်ပိတ်ချိန်အမှီပြန်မီကောင်းမယ်” နေလင်းက နာရီကိုကြည့်ရင်း ပြောလိုက်၏။ ထိုအခါ ပန်း၀တ်မှုန်က “ဒါဆိုလည်း ပြန်ကြတာပေါ့၊ ချစ်လေး ၀င့်ဝါတို့နဲ့ပဲ ပြန်လိုက်မယ်မောင်၊ မောင်လိုက်ပို့မနေနဲ့တော့” ဟုပြော၏။ ပြီးနောက် “ကိုညိုကြီးရေ ကျွန်မတို့ဝိုင်းရှင်းမယ်” ဟုဆိုကာ ကျသင့်ငွေအားပေးချေပြီး အဆောင်ရှိရာသို့ ပြန်ခဲ့ကြ၏။ ထိုနေ့ ညနေစကားဝိုင်းတွင် သာမန်အရေးကိစ္စတခုသာဖြစ်သော ဝူဟန်ဗိုင်းရပ်စ်ကိစ္စသည် နေ့ချင်းညချင်းပင် ကမ္ဘာ့အရေးအခင်းကြီးတခု ဖြစ်လာခဲ့သည်။၂၀၁၉ ခုနှစ်တွင် […]
Short Stories

မမျှော်သာသည်

“မမျှော်သာသည်” ညိုသူ တီတီ… တီတီ… တီတီ… နာရီနှိုးစက်သံကြောင့် ‌နေလင်း အိပ်ရာမှ နိုးလာသည်။ စနေနေ့ ကျောင်းပိတ်ရက်ဖြစ်သော်လည်း နေလင်းသည် အိပ်ရာစောစော ထလိုသဖြင့် ယမန်နေ့ညကတည်းကပင် နာရီနှိုးစက်ကို နံနက်၅နာရီခွဲတွင် အသံမြည်စေရန် အချက်ပေးသံ ဖွင့်ထားခဲ့ခြင်းဖြစ်သည်။ သာမန်‌စနေနေ့များတွင် နေလင်းသည် နံနက် ၁၀ နာရီ ကျော်မှ အိပ်ရာမှထလေ့ရှိသည်။ ယနေ့တွင်မူ နေလင်းစောစောထရပေမည်။ သူ၏ချစ်သူ ပန်း၀တ်မှုန်၏ မွေးနေ့ဖြစ်သောကြောင့်ဖြစ်၏။ သူမ​၏မွေးနေ့တွင် သူတို့ ချစ်သူနှစ်ဦး […]
Short Stories

ခေါ်သံ

“ခေါ်သံ” ဒေး​ဗစ်မောင်မောင် အမေဟု ခေါ်သံအကြားမှာ မိခင်သည် ထိတ်လန့်စွာ နိုးထသွားသည်။ သား၏ခေါ်သံသည် မိခင်အတွက် လွန်စွာ ထိတ်လန့်ဖွယ်ပင်။ သားသည် ညစဥ်ညတိုင်း မိခင့်အား အမေဟု ခေါ်မြည်တမ်းခဲ့သည်။ သား၏ခေါ်သံကြားတိုင်း မိခင်သည် သားအတွက် ရတက်မအေးဖြစ်ကာ သားကွယ်လွန်ပြီးကတည်းက ယနေ့ညအထိ အမျှဝေပေးခဲ့သည်။ သား၏ ရက်လည်တင်မက တလပြည့်၊ နှစ်လပြည့် စသဖြင့် ရေစက်ချ ပင့်ဖိတ်တရားနာပွဲ ကျင်းပပြီး အမျှဝေခဲ့ရုံမက အိမ်က ဘုရားစင်ရှေ့တွင် နံနက်ဆွမ်း၊ […]
Short Stories

ထိုအကြည့်ကို လွှဲလိုက်သည်

“ထိုအကြည့်ကို လွှဲလိုက်သည်” ဏငယ် ခပ်နွမ်းနွမ်း ၁၀၀ တန် ၃ ရွက် …၂၀၀ တန် ၃ ရွက် … ၅၀၀ တန် ၂ ရွက် … ၅၀ တန်လေး ၂ ရွက် … တို့ကို လိပ်ပြီး ရင်ဘတ်ပေါ်က အိတ်ကပ်လေးထဲ ထိုးထည့်လိုက်သည်။ မှတ်ပုံတင်လေး ထည့်သည်။ အလုပ်နှင့်သက်ဆိုင်သည့် ဖုန်းနံပါတ် ကဒ် ၃ ကဒ်လောက် […]
Short Stories

ဝေသီအိပ်မက်၊ အိပ်မက်ဝေသီ

“ဝေသီအိပ်မက်၊ အိပ်မက်ဝေသီ” ကျော်သိင်္ဂါထွန်း ဝေသီဟာ တိုက်ခန်းကျဉ်းလေးထဲမှာ တယောက်တည်း ထိုင်နေတယ်။ သူ့ရဲ့မျက်လုံးတွေက နာမည်အတိုင်းပဲ အမြဲတမ်း ဝေသီမှုန်ပျနေပြီး အမှောင်ထဲမှာ အဓိပ္ပါယ်တခု လိုက်ရှာနေသလိုပဲ။ အရင်ကတော့ သူ ဒီလိုမဟုတ်ပါဘူး။ လာမယ့်နေ့တွေမှာ ဘာဆက်ဖြစ်မလဲ ဆိုတာတွေးပြီး ရင်ခုန်နေတတ်တဲ့ ကုမ္ပဏီဝန်ထမ်းတယောက်ပဲ။ ညဘက်တွေဆို ကျနော်တို့နဲ့ ဘယ်လောက်သောက်သောက် မနက်ဆိုရင် အစောကြီးထပြီး ဟင်းချက်တယ်။ ပြီးရင် ရေမွှေးထောင်းထောင်းထဆွတ်ပြီး အလုပ်သွားတော့တာပဲ။ ကျနော်တို့နေတဲ့ တိုက်တခုလုံး ဝေသီ့သီချင်းသံကြားရင် မနက် […]