
Flim Reviews
အဝါရောင်တိမ်တွေနဲ့ နေ့
‘အဝါရောင်တိမ်တွေနဲ့ နေ့’ ညီလင်းအိမ် ပြတင်းတံခါးကို ဖွင့်ပြီးတော့ ကောင်းကင်ဆီကို မော့ကြည့်လိုက်တဲ့အခါ ပြေးနေတဲ့တိမ်တွေဟာ အဝါရောင်တွေဖြစ်နေတာကို မြင်ရရဲ့။ တကယ်က ကွန်ပျူတာစခရင်ကြည့်နေရင်း မောသွားတဲ့ အချိန်တွေခဏ။ အတွေးတိမ်တောင်များဝေ့ဝဲနေစဉ်ခဏ။ သက်ပြင်းနွမ်းလျများ အနည်းငယ်မျှ တိုးလျော့သက်သာစေချင်တဲ့ ခဏ။ ဒီလိုခဏငယ်များကြောင့် ပြတင်းတံခါးကို တွန်းဖွင့်လိုက်မိတာပေါ့။ ဒါပေမဲ့ ကျနော်ဆက်လက်ပြီး တွန်းဖွင့်မိတဲ့ တံခါးက အိမ်ရှေ့ဝဆီက တံခါးချပ်များ မဟုတ်။ ခန်းစီးစများ လွင့်ခါနေသော ပြတင်းချပ်ကလေးများ မဟုတ်။ တိုင်ဝမ်နိုင်ငံကလေးဆီက ရုပ်ရှင်တံခါးချပ်များဆီ။ […]