
Flim Reviews
နှင်းဆီမွေ့ယာ
ညီလင်းအိမ် ရို့စ်လို့ခေါ်တဲ့ အမျိုးသမီးကို မြင်ရတော့ အဲဒီခေတ်ရဲ့အနာတွေကို စုပြုံ ဖော်ပြထားသလိုမျိုးပဲ သတ်မှတ်ရမယ်။ ဒုတိယကမ္ဘာစစ် နှောင်းပိုင်းကာလမှာ စစ်ကြီးရဲ့မီးလျှံတွေက ငြိမ်းစပြုနေပြီ ဖြစ်ပေမဲ့ မီးငွေ့တွေက တလူလူထွက်နေဆဲ။ တိုက်စားလောင်ကျွမ်းသမျှ နေရာတွေမှာ ညှော်နံ့တွေ၊ လောင်မီးနံ့တွေ မကင်းစင်သေးဘူး။ နာဇီများရဲ့ ထွက်ခတ်ခတ်တဲ့ ထိုးသွင်းဒဏ်ရာများက ပိုလန်ပြည်တလျှောက်မှာ သွေးစက်များအဖြစ် ယိုစိမ့်ကျနေတုန်း။ တပြည်လုံးဟာ အမှောင်တွေ ဖုံးနေဆဲ။ နေရာအနှံ့အပြားတခုလုံးက ပြိုကျပိဆင်းနေတဲ့ အဆောက်အအုံတွေ၊ ပေါက်ကွဲ အသက်မဲ့လတ္တံ့ပြီးသော စက်ယန္တရား Read More