
အက်ဆေး
အိပ်ပျော်ပြီးရင် စိတ်ပျော်သွားမှာလား
“အိပ်ပျော်ပြီးရင် စိတ်ပျော်သွားမှာလား”ဂနိုက်ရေးလက်စ စာရွက်အလွတ်ဟာ ရေးလက်စအတိုင်းပဲ ရပ်တန့်သွားတော့တာပဲ။ ဘုရားခန်းထဲက ဘုရားစင်လည်း အရင်အတိုင်း ရှုပ်ပွဆဲပဲ။ ပင့်ကူမျှင်ပေါင်း များစွာနဲ့ပေါ့။ ငါမွေးထားတဲ့ကြောင်ကလည်း ငါ့ကို စိတ်ပျက်စွာ ထိုင်ကြည့်နေဆဲ (လို့ ထင်တာပဲ)။ ငါ့ကလေးအတွက် ၀ယ်လာတဲ့ အရုပ်ကားကိုလည်း ဆိုင်ကအထွက်မှာ ပန်းကုံးတွေ လက်ထိပ်မှာအပြည့် တွဲလွဲဆွဲထားတဲ့ ကလေးတယောက်ကို ပေးပစ်လိုက်တယ်။ အနည်းဆုံးတော့ သူတို့ ပြန်ရောင်းစားတော့မယ်မထင်ဘူး။ ဘယ်ကစဖြစ်မှန်းကို သေချာမသိတော့ပေမဲ့ ဖြစ်ချင်တိုင်းကို ဖြစ်နေတော့တာပဲ။ ငါ့အယူအဆနဲ့ငါ ရေတွေကို […]