Flim Reviews

တရုတ်ဧကရာဇ်ရဲ့ နောက်ဆုံးနေ့များ

ညီလင်းအိမ် တကယ်ရှိခဲ့တဲ့ လူတွေအကြောင်း ရုပ်ရှင်ပြန်ရိုက်တာတွေကို ကြည့်ကြရတဲ့အခါမှာ အများအားဖြင့် ပျင်းရိစရာကောင်းတာကို မြင်ရသလို တာဝန်လည်း အင်မတန်ကြီးပါတယ်။ စာအုပ်ကတော့ စာသားအဖြစ်ပဲ ဖော်ပြရတာဖြစ်လို့ စာဖတ်သူမှာ စိတ်တိုင်းကျ ဖတ်ရှုရ သိရပေမယ့် ရုပ်ရှင်မှာတော့ သမိုင်းရေးဆိုင်ရာ အချက်အလက်တွေကို စာတမ်းတင်သွင်းသလို မှတ်တမ်းဖလင်များလို ဇာတ်ကောင်တွေကနေ ကရားရေလွှတ် ပြောခိုင်းလို့လည်း မရပါဘူး။ ဒီဇာတ် ဆောင်များရဲ့ စကားအနည်းငယ်၊ သူတို့ကို ကင်မရာတွေကနေ တဆင့်ပြဆိုမှုကနေပဲ ရှိရင်းစွဲ နောက်ခံတွေကို ဒါရိုက်တာက […]

Flim Reviews

နှင်းဆီမွေ့ယာ

ညီလင်းအိမ် ရို့စ်လို့ခေါ်တဲ့ အမျိုးသမီးကို မြင်ရတော့ အဲဒီခေတ်ရဲ့အနာတွေကို စုပြုံ ဖော်ပြထားသလိုမျိုးပဲ သတ်မှတ်ရမယ်။ ဒုတိယကမ္ဘာစစ် နှောင်းပိုင်းကာလမှာ စစ်ကြီးရဲ့မီးလျှံတွေက ငြိမ်းစပြုနေပြီ ဖြစ်ပေမဲ့ မီးငွေ့တွေက တလူလူထွက်နေဆဲ။ တိုက်စားလောင်ကျွမ်းသမျှ နေရာတွေမှာ ညှော်နံ့တွေ၊ လောင်မီးနံ့တွေ မကင်းစင်သေးဘူး။ နာဇီများရဲ့ ထွက်ခတ်ခတ်တဲ့ ထိုးသွင်းဒဏ်ရာများက ပိုလန်ပြည်တလျှောက်မှာ သွေးစက်များအဖြစ် ယိုစိမ့်ကျနေတုန်း။ တပြည်လုံးဟာ အမှောင်တွေ ဖုံးနေဆဲ။ နေရာအနှံ့အပြားတခုလုံးက ပြိုကျပိဆင်းနေတဲ့ အဆောက်အအုံတွေ၊ ပေါက်ကွဲ အသက်မဲ့လတ္တံ့ပြီးသော စက်ယန္တရား […]

အက်ဆေး

မနက်ဖြန် အဝါရောင်ပန်းတွေပွင့်ရင်

“မနက်ဖြန် အဝါရောင်ပန်းတွေပွင့်ရင်”ချမ်းငြိမ်း(၁)လူခြေတိတ်ဆိတ် ငှက်ကလေးတွေ အိပ်ပျော်နေဆဲ။ အိမ်ရှေ့က ခရေပင်ထိပ်မှာ လခြမ်းကွေးကွေးလေး လာချိတ်ချိန်။ အဲဒီ လခြမ်းကွေးကွေးလေးကို မျက်နှာမူပြီး ကျနော် ခရီးစထွက်ခဲ့ပါသည်။ လရောင်ရဲ့ အလင်းပုဝါပါးအောက်မှာ ရိုးတိုးရိပ်တိပ် မြင်ရတဲ့ မပန်းဝါရဲ့ ပန်းခင်းလေးကို ခေတ္တ ငေးမိပါသေးသည်။ ကျနော် ခရီးထွက်ရပါဦးမည်။ တိတ်ဆိတ်သော အိမ်ငယ်လေးထဲမှာ အဝါရောင်ပန်းတပွင့် အိပ်ပျော်နေပါသည်။ ဒါက ကျနော့်အထင်လည်း ဖြစ်နိုင်ပါသည်။ အရုဏ်မလာမီ အမှောင်သည် သိပ်သည်းလွန်းပါသည်။ လရောင်ပန်ထားသော ကမ္ဘာမြေသည် […]

အက်ဆေး

နေ့တိုင်း ထိုးကိုက်နေတဲ့ ခေါင်းတွေ

“နေ့တိုင်း ထိုးကိုက်နေတဲ့ ခေါင်းတွေ” မောင်မိုးအေး ဘာကို ခံစားရမလဲမေးတော့ အပျက်ပျက်နှင့် နှာခေါင်းသွေးထွက်နေတဲ့ ပတ်ဝန်းကျင်ကိုသာ တွေ့။ ဘယ်လိုခံစားရမလဲမေးတော့ နှလုံးသားက ဘယ်ကျကျန်ခဲ့သည် မသိ။ ခေါင်းတွေသာ ထိုးကိုက်လာသည်။ လက်ညှိုးမကွေးခင် ချစ်တတ်ဖို့လိုကြောင်း တဖွဖွပြောကြသည့် ဒဿနတွေကို ဆင်ခြင်ရင်းသာ နှလုံးသားက လုံးပါးပါးခဲ့ရသလားလို့ တွေးမိလာသည်။ အပျက်ပျက်နှင့် နှာခေါင်းသွေးထွက်နေတဲ့ ပတ်ဝန်းကျင်ကို နှာခေါင်းသွေးတိတ်ဖို့ အရင်ကြိုးစားရမည်။ သွေးတိတ်ဖို့ လိုနေသည်။ ဘာနေနေ နည်းမျိုးစုံသုံးမည်ဟု စဉ်းစားလိုက်ကတည်းက လူက […]

Photo Essay

Photo Essay

ပန်းဟာ ဖူးပွင့်ခဲ့ပြီ ပိုးတုံးလုံးဟာ လိပ်ပြာ ဖြစ်လာခဲ့ပြီ ငါတို့ရဲ့ ပျံသန်းခြင်းကို ဘာလက်နက်နဲ့မှ တားလို့မရ ဒီတိုက်ပွဲအတွက် ငါတို့တွေ အဆင်သင့်နေရာယူပြီးကြပြီ မိုးတိမ်မည်းမည်းတွေကုန်သွားရင် ကြယ်တွေ လင်းလက်လာလိမ့်မယ် ငါတို့ရဲ့ အလင်းတန်းတွေကို အမှောင်တရားက မဖုံးဖိနိုင်ပါဘူး ငါတို့ကိုယ်တိုင်က ကျိန်စာပဲ သတ်လို့ မသေတဲ့ကျိန်စာ ‘ဘယ်ကောင်သေရဲလဲ’ မေးရင် ‘ဘယ်ကောင်သတ်ရဲလဲ’ ပြန်မေးမယ့်ကျိန်စာ သတ်ရဲတဲ့ကောင်က ရှုံးပြီး သေရဲတဲ့ကောင်က နိုင်တဲ့ ကျိန်စာ ဒီတခါ ရှုံးတဲ့ကောင်က ထာဝရရှုံးမှာဖြစ်ပြီး […]

No Picture
Photo Essay

ပုန်ကန်နွယ်များရဲ့ နံရံရေးပန်းချီ၊ ကဗျာ၊ သီချင်းစာသားများ

ပုန်ကန်နွယ်များရဲ့ နံရံရေးပန်းချီ၊ ကဗျာ၊ သီချင်းစာသားများ ■ SWN ၊ တက်​ဇေထက် မြို့ပြကိုစွန့်ခွာလာကြတဲ့ လူငယ်များဟာ သူတို့နဲ့အတူ ပန်းချီတွေ၊ကဗျာတွေ၊ သီချင်းစာသားတွေ၊ ယဉ်ကျေးမှုတွေကို စစ်ပညာသင်ယူရာ လွတ်မြောက်နယ်မြေတွေအထိ သယ်ဆောင်လာခဲ့ကြပါတယ်။ သူတို့ကို သူတို့နာမည်ပေးထားတာ ပုန်ကန်နွယ်တဲ့။ ပုန်ကန်နွယ်ဟာ လူငယ်တွေကြားမှာ နာမည်ကြီးတဲ့ အဆိုတော်တစ်ယောက်ရဲ့သီချင်းစာသားတစ်ခုဖြစ်ပါတယ်။ ပုန်ကန်နွယ်တွေဟာ ပြည်တွင်းစစ်ဒဏ်ခံထားရတဲ့ မြို့ပျက်ကြီးထဲက နံရံတွေပေါ်မှာ အဲ့ဒီယဉ်ကျေးမှုတွေကို ချန်ထားရစ်ခဲ့ပါတယ်။ အဲ့ဒီမှာ “အာဏာရှင်ကို တအားမုန်းတီးတဲ့အကြောင်း”၊ “နှောင်ကြိုးကို လက်ရုံးဖြင့် […]