ကဗျာ

ရှေ့တန်းတနေရာက တခန်းရပ် ပန်း ပြဇာတ်

‘ရှေ့တန်းတနေရာက တခန်းရပ် ပန်း ပြဇာတ်’ ယောနသံ သူက ‘ပန်း’ ပါတဲ့ မကြွေရဲရင် အစကတည်းက ဒီပန်းက မင်းဆံပင်ပေါ် မပွင့်ခဲ့ဘူးတဲ့ ပြတ်ပြတ် သားသား။ ဆူးပါတဲ့နှင်းဆီလည်း ကြွေတတ်တာပဲ‌နော် ဆိုတော့ *”ကြွေတာကိုက ပွင့်ခြင်းပဲ” လေတဲ့။ လူ့စည်း ဘီးလူ့စည်း အသဲစားရဲမှ သားရဲဖြစ်မှာ ပန်းမှာလည်း ပန်းရဲ့စည်းတော့ ရှိရမပေါ့။ ဒါဟာ စစ်ပွဲတစ်ခုပဲလေ။ ကိုယ်က ဘီလူး ပါ ဘီလူးတော့ ဘီလူး […]
ကဗျာ

တခြားရပ်ရွာတခုမှာ ကျန်နေခဲ့သူတဦး

‘တခြားရပ်ရွာတခုမှာ ကျန်နေခဲ့သူတဦး’ မျက်သွယ် မင်းလက်ဖဝါးမှာ ပွင့်တဲ့ပန်းတွေ ကိုယ်ယူလာတယ်။ မင်းကျခဲ့တဲ့သွေးကြောင့် လမ်းတလျှောက် အပင်တွေ စိမ်းလန်းခဲ့ပေါ့။ အခုတော့ မင်းအနားရပါပြီ မင်းမနားချင်သေးတာ ကိုယ်တို့သိပေမယ့် မင်းနားလို့ရပြီ။ ကုန်းမြေရဲ့တဝက်ဟာ ပြိုကွဲနေတာဖြစ်ပြီး ရေထုရဲ့ တဝက်ဟာ မျက်ရည်တွေချည်းပါ။ ကိုယ်တို့အသံတွေအခုတော့ ဆွံ့အနေပေါ့ ကိုယ်တို့ အနာဂတ်ကို ဘယ်သူတွေ တည်ဆောက်ကြမှာလဲ အခု ကိုယ်ရပ်နေတဲ့နေရာမှာ မင်းရှိနေပြီး ကိုယ်ထွက်ခွါသွားရင် မင်းက ကျန်နေခဲ့တော့မယ် အချစ်ရေ ပန်းတွေဟာ နီစွေးလို့ […]
ကဗျာ

လှည်းတန်းကို ပြန်ရောက်တယ်’

‘လှည်းတန်းကို ပြန်ရောက်တယ်’ မေရီသော် တောင်ကုန်းကို မသိမ်းပိုက်ဘဲ လှည့်ပြန်ပြီး တရေးအိပ်ဖြစ်ခဲ့ ငါ့ရဲ့ပြားချပ်ချပ်ရင်သားပေါ်မှာ စိမ်းပြာရောင်ငါးကြေးခွံတွေ စတက်လာတဲ့နေ့ မသေမျိုး ပန့်ခ်တွေ စိတ်ပျက်လက်ပျက် ဘုရားရှိခိုးကြတဲ့နေ့ ကုန်းကျော်တံတားဟာ တယောက်ယောက်ရဲ့ ခေါင်းကို ထိမှန်ပြီး ထုတ်ချင်းပေါက်ထွက်သွားမလိုလို တောအုပ်ထဲက‌ နေပြေးထွက်လိုက်တာနဲ့ မှော်ဆန်မှုတွေ ပျောက်ကွယ်သွားတာပဲ စိတ်မကောင်းပါဘူး ခင်ဗျားရဲ့အကောင်းမြင်နိုင်စွမ်းကလေး ပုတ်တော့မှာမို့ အရင်းကနေဖြတ်ရတော့မယ် မျက်နှာကျက်က ကြမ်းပြင်ထိ နီယွန်ဆိုင်းဘုတ်ချည်း ကားတာယာတွေ၊ ရေနက်ကွင်းတွေနဲ့ ကျီးကန်း‌တွေ ချန်ခဲ့ရတဲ့အရိပ်တွေ များလွန်းလို့ […]
ကဗျာ

မြစ်တခုသာ

‘မြစ်တခုသာ’ နွံဆိုင် ၁၊ တံခါးအပြင်က အတုယောင်ဘဝများ တကယ်ဆို ဒီကလေးတွေဟာ ဆော့နေခဲ့သင့်တာ။ ၂၊ စာနာစိတ်အကြောင်းပြောတဲ့ ပါးစပ်တွေက ကလေးတယောက်ရှေ့မှာ ပြုံးပြရင်း သက်သေပြချင်နေကြတယ် ချိုသောမေတ္တာတိုင်း အခါးဓာတ်ကင်းမဲ့မနေပါ။ ၃၊ လက္ဘက်ရည်ဆိုင်တွေကို ပြန်လိုချင်တယ် ခွက်ထဲမှာ အမှတ်တရတွေ ပါကောင်းပါနိုင်တယ် ငယ်ငယ်ကဆို အဖေဘာလို့ ပေါ့ဆိမ့်မှာလဲ နားမလည်ခဲ့။ ၄၊ တွေ့ရာလူနဲ့ နားလည်မှုရှိဖို့ဆိုတာ တယောက်ဒဏ်ရာ တယောက်မြင်တာမျိုးဖြစ်မယ် တခါတလေ ပြောစရာစကားမရှာတာလည်း အဆုံးစွန် ကိုယ်ချင်းစာတရားဖြစ်နေတတ်သေးတယ်။ […]
ကဗျာ

သဲလွန်စ

‘သဲလွန်စ’ ယောနသံ ကျွန်‌တော်က ငလျင်လှုပ်တဲ့ အထဲလည်းမပါ တိုက်ပိတဲ့ အထဲလည်းမပါပဲ ပျောက်နေခဲ့တာ။ စစ်ကြီး စဖြစ်ကတည်းက ကျွန်တော့်ကို မတွေ့ရတော့တာပဲ။ ကျွန်တော့်ကို မတွေ့ဖူးတဲ့လူတွေကြား ကျွန်တော့်ကို တွေ့မိကြလားလို့ ဘယ်လိုမေးလို့ ရမှာလဲ။ ကျွန်တော့်ကို မြင်ဖူးသူတွေက စစ်ကြီးထဲမှာ အကုန်သေကုန်ကြပြီ ကျွန်တော်ဟာ နောက်ဆုံး မျက်မြင်သက်သေပဲ။ စစ်ကြီးထဲမှာ မှတ်ညာဏ်တွေပါ ဗုံးကျဲခံရတယ်။ သဲလွန်စက ကျွန်တော်ဟာ သက်ြန်မှာ ပျော်ရွှင်ဖူးခဲ့တဲ့ ကလေးတစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ April […]
ကဗျာ

ဒီလက ဂျွန်လဖြစ်တယ်

‘ဒီလက ဂျွန်လဖြစ်တယ်’ လိပ်နင်ဂျာ ဂျွန်လဟာ မိမိပဲ သူမကိုယ်ထဲမှာ ပုန်းအောင်းနေထိုင်တဲ့၊ မိခင်ဖြစ်သူအတွက် မကောင်းဆိုးဝါး မိစ္ဆာ ထိုသူတို့အတွက် မမြင်အပ် မကြားအပ်တဲ့၊ ကောင်းနိုးရာရာ နတ်မင်းများကို ပင့်ခေါ်ပြီး တိုက်ထုတ်ရမယ့် ကံနိမ့်လို့ ဝင်ပူးနေတာ ပင်လယ်ကြမ်းပြင်အောက်က ကျောက်တုံးများကြား ညှပ်ကျန်ခဲ့သော လျှာ တခါက ပူစီများကြား အလုပ်များခဲ့သော လျှာ ပြည်တွင်းစစ်က လျှာကို စားသွားပြီ ဂျွန်လရောက်တိုင်း ဖရန့်အိုဟာရာဆီ မရောက်မဖြစ် အိမ်ပြန်ရဖို့ဟာ အဆုံးစွန်ဆုံးသော […]
ကဗျာ

ငယ်ဘဝဆီ သွားကြစို့

‘ငယ်ဘဝဆီ သွားကြစို့’ မောင်တင်သစ် ဟောဒီကန်သင်းရိုးကလေးအတိုင်း လျှောက်ရင် မင်းငယ်ဘဝဆီ ရောက်လိမ့်မယ် ခြေသံကြားတာနဲ့ လယ်ပုဇွန်လုံးတွေက မြေကျစ်စာတွင်းထဲ ဆင်းပြေးကြမှာပေါ့ ရေစပ်စပ်မှာ ငါးရှဥ့်တကောင်တလေ ရွှံ့လူးနေတာ တွေ့ဦးမယ် တနှစ်သား တလင်းပြင်ထဲ စပါးနယ်နေတုန်း မင်းကို လည်ပြန်ခတ်တဲ့ ကျွဲဂျိုကား မှတ်မိသေးလား သူရှိသေးရင် ခုအချိန် သူလည်း ရွှံလူးနေမှာပေါ့ ကတွတ်ပေါက်မှာ မြုံးထောင်ရင် ငါးမြွေထိုး အကြီးအသေး တထွေးကြီးလည်း ရတတ်တယ် ငရုတ်စပ်စပ်နဲ့ ပင်စိမ်းအုပ်ပြီး လွေးရုံပဲ […]
ကဗျာ

ငါတို့ဟာ သွေးမထွက်ဘူး

“ငါတို့ဟာ သွေးမထွက်ဘူး” မွန်လတ် ငါ့ခန္ဓာကိုယ်အောက်ပိုင်းတခုလုံး ဖြတ်ချခံရတယ် နှစ်ပေါင်းများစွာငါတို့လည်ပင်းအရင်းနားကနေရစ်ပြီး တတိတိဖြတ်လာတာမျိုးပေါ့ ငါတို့ခေါင်းတွေ ဘောလုံးလုပ်အကန်ခံရတယ် မျက်လုံးတွေဖောက်ထုတ်ခံရချိန်မှာ အဲဒိ မျက်ခွံဟောက်ပက်တွေကထွက်လာတဲ့ မျက်ချေးကို ထိုးကလော်ပြီးငါတို့ကိုကျွေးတယ် ငါတို့အရိပ်တွေထွက်ပြေးနေလို့ စားနေရင်းတန်းလန်း မျက်ရည်ကျရတဲ့နှစ်တွေ ည၊ ပါးစပ်အဝတ်ဆို့ပြီး ရင်ဝစောင့်ကန်ပစ်လိုက်တဲ့ ကာဖျူးချိန်အကျော်လေးကမိုးတွေ ကြေငြာချက်တွေနဲ့သတင်းဆိုးကြီးကြားပြီးပြီးခြင်း သွေးစက်လက် ဒရွတ်ဆွဲနေတော့တာ သူတို့ဖမ်းမိမိခြင်း နံရံမှာကပ် ပစ်သတ်လိုက်ကြတယ် အစစ်ဆေးမရှိ၊ ကျင့်ဝတ်သိက္ခာမရှိ မီးနေသည်မရှိ သုံးလသားအရွယ်ကလေးမလေးမရှိ ရင်ခွဲပြီးဖြစ်သလိုပြန်ချုပ်ထားတဲ့ သူ့အဖေရဲ့အလောင်းကိုစစ်ကြောရေးမှာ သွားထုတ်ရတယ် သွားတွေမရှိတော့ဘူး […]
ကဗျာ

အားလုံးလွယ်လွယ်လေးပဲ

‘အားလုံးလွယ်လွယ်လေးပဲ’ ခွန်းနီ စီးကရက်တစ်ဗူးဘယ်လောက်လဲ အရက်တစ်ပုလင်းဘယ်လောက်လဲ ဝက်ချိုချဥ်ကြော်တစ်ပွဲဘယ်လောက်လဲ အာသာဖြေဖို့တစ်ညဘယ်လောက်လဲ အားလုံးပေါပေါလောလောရတယ်။ အသက်တစ်ချောင်းဘယ်လောက်လဲ ဘဝတစ်ခုဘယ်လောက်လဲ အရှက်သိက္ခာနဲ့ကိုယ်ကျင့်တရားဘယ်လောက်လဲ အားလုံးလွယ်လွယ်လေးလား အေးဟုတ်တယ် ငါတို့နိူင်ငံမှာအားလုံးလွယ်လွယ်လေးပဲ။ ကြက်ကလေးလို ငှက်ကလေးလို သေဖို့လွယ်လွယ်လေး ကြက်ကလေးလို ငှက်ကလေးလို လွတ်လပ်မှုတောင်မရှိတဲ့အခါ မွေးမြူရေးငါးကန်ထဲကငါးတွေလို အစွမ်းကုန်ကြီးထွားပြကြရပေါ့။ အလောင်းချင်းထပ်နေတယ် သွေးစသွေးနတွေပွက်နေတယ် ကယ်ပါ ယူပါ တဆာဆာပေါ့ ငါတို့မှာဒီလောက်တောင်စျေးပေါခဲ့ရတယ်။ သေဖို့အရေးလား နေဖို့အရေးလား အားလုံးဟာလွယ်လွယ်လေး သေမလိုဖြစ်ခဲ့တဲ့ကောင်တွေလဲ ဒုနဲ့ဒေးပါပဲ။ သေသူတွေရဲ့တန်ဖိုးကို ဘယ်အရာတွေနဲ့ချိန်ထိုးမလဲ စဥ်းစားလေလေ […]
ကဗျာ

ဒေသန္တရ Daylight Sonata

‘ဒေသန္တရ Daylight Sonata’ မေရီသော် ၊ ရွက်စိမ်း မွန်းစတား ဘယ်နှကောင်ကို သတ်နိုင်ရင် ဟီးရိုးဖြစ်ပြီလဲလို့ ကောင်လေးက တွေးမိတယ်။ ဒီနေ့မနက် သူကျောင်းသွားတဲ့လမ်းမှာ ဓားတစ်ချောင်း ကောက်ရခဲ့တာ။ ဒီနေ့မိုးလေဝသ ခန့်မှန်းချက်အတိုင်းပဲ မရေတွက်နိုင်တဲ့ဓားမိုးတွေရွာပြီး မြို့လေးဟာ စုတ်ပြတ်ပျက်ဆီးသွားပါတယ်။ ဒါပေမဲ့အဆောက်အဦးတစ်ခုထဲမှာ skin careနေတဲ့အမျိူးသမီးတစ်ယောက်ရှိပြီး သူ့အိမ်ကတော့ ဓားမိုးလွှဲတပ်ထားလို့ ဓားမိုးရွာတာကိုမခံစားရတာ။ ငှက်တွေဟာ အတောင်ပံကုန်ဖွင့်လို့ ပြေးကြတယ်။ မပြေးနိုင်တဲ့ငှက်တွေကတော့ အစိုးရရုံးတွေနဲ့ ဘုရားရှိခိုးကျောင်းတွေရဲ့ ဖွာလန်ကြဲသွားတဲ့အလံတော်တွေအောက်ကို ဝပ်တွားသွားကြတယ်။ […]