စကားပြေကဗျာ

သောင်ရင်းနိုက်ဘား

‘သောင်ရင်းနိုက်ဘား’ ဓီရ်ခေတ်အိမ် ဘီယာတဗူးကို ဘတ် ၃၀ နဲ့ သစ်မြစ်ဆုံပေါ် တင်သောက်လို့ရတဲ့နေရာကို သောင်ရင်းနိုက်ဘားလို့ ငါနဲ့ ငါ့ဘော်ဒါနာမည်ပေးလိုက်တယ်။ ရန်ကုန်က စထွက်ကတည်းက ရိုက်စရာမရှိ ရှာကြံရိုက်ပြတဲ့ စစ်အစိုးရခေတ်တီဗီအစီအစဉ်တွေထဲက မြင်ကွင်းတွေလို လှိုင်သာယာကို စာမေးပွဲခန်းထဲဝင်ခါနီး ဒီအပုဒ်ပါမယ်ကြားလို့ မရ-ရအောင် ခေါင်းထဲရိုက်သွင်းသလိုမျိုး ငါကြည့်ရတာ ရွံစရာပဲ။ ငါငယ်ငယ်တုန်းကတော့ ဖိနပ်လေးချွတ်ပြီး ခွေးကုတက်ကနေ သိန်းဌက်သူရဲခေါင်းကြည့်ချင်လို့ ၇နာရီထိုး မျက်နှာချိုသွေးခဲ့ရတာပေါ့။ ကြီးလာတော့ ဂိတ်တဂိတ်ရောက်တိုင်း ကျနော်တို့က ရိုးသားတဲ့ဖိုးသခွားလေးတွေပါဆိုတဲ့ပုံပေါက်အောင် သရုပ်ဆောင်ရတဲ့အထိ […]
စကားပြေကဗျာ

စစ်က ခင်ဗျားကို

‘စစ်က ခင်ဗျားကို’ သရိုင်းတေးအိမ် တကယ်တော့ စစ်ဟာ တစ္ဆေလိုပဲ ခင်ဗျားနားမှ ပေါ်လာလိုက်ပျောက်သွားလိုက် ခင်ဗျားစစ်ဆိုတာမရှိနိုင်ဘူးလို့ယုံကြည်တဲ့ဝန်းကျင်မှာ စစ်ဆိုတာတိတ်တဆိတ် ရှိနေတတ်ပြီး ခင်ဗျား စစ်ရှိမယ်ခံစားရတဲ့ အခင်းအကျင်းမှာ စစ်က တကယ်မရှိနေနိုင်တာမျိုးပေါ့။ ဒါဟာ ခင်ဗျား စစ်အပေါ်နားလည်ထားမှု/ အဓိပ္ပါယ်ဖွင့်ဆိုမှုနဲ့ဆိုင်မှာပဲ။ တကယ်တော့ ခင်ဗျားကိုယ်တိုင်စစ်ပွဲအများကြီးတိုက်ပီး နိုင်ခဲ့/အောင်မြင်တယ်လို့ပြောလို့ရတဲ့သတစ်ယောက် ဖြစ်ချင်လည်းဖြစ်ခဲ့မယ်။ ဒါမှမဟုတ် ခင်ဗျားကိုယ်တိုင် မသိလိုက်မသိဘာသာ ရှုံးခဲ့တဲ့စစ်ပွဲတွေလည်း ဒုနဲ့ဒေးပဲ။ ခင်ဗျားက ဒုတိယကမ္ဘာစစ်လို စစ်ပွဲကိုကြုံချင်မှကြုံလိမ့်မယ်၊ ဒါမှမဟုတ် ပြည်တွင်းစစ်လိုဟာမျိုးကို အကြိမ်တစ်ရာမှာတစ်ကြိမ်မှမကြုံခဲ့တာလည်းဖြစ်ကောင်းဖြစ်မယ်။ […]
စကားပြေကဗျာ

တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေ

‘တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေ’ SWN တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေဟာ (၇၂) နာရီစောင့်တယ်။ သံပုံးတွေကို မျက်ရည်နဲ့တီးတယ်။ လက်သုံးချောင်းကို ရဲရဲဝံ့ဝံ့ထောင်ကြတယ်။ တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေဟာ လမ်းမတွေပေါ်မှာ We Want Democracy လို့ ရေးတယ်။ Fuck the Coup လို့ရေးတယ်။ တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေဟာ လမ်းမတွေပေါ်တက်လာတယ်။ လှည်းတန်းလမ်းဆုံမှာ လူစုတယ်။ ဘာလိုချင်လဲ ဒီမိုကရေစီလို့ အော်ကြတယ်။ […]
စကားပြေကဗျာ

အချစ်အကြောင်းတွေ မပြောဖြစ်ကြတော့ဘူး

‘အချစ်အကြောင်းတွေ မပြောဖြစ်ကြတော့ဘူး’ မေရီသော် မျက်မှောင်ကြီးကြုံ့ပြီး မကြည့်စမ်းပါနဲ့လို့ အားလုံးက ဝိုင်းပြောကြတယ် ဒါဆိုမျက်လုံးတွေကို စုံမှိတ်ထားမှသာရမှာဖြစ်ပြီး အဲ့ဒါက ရွေးချယ်စရာ မဟုတ်ခဲ့ဘူး‌ကွယ် နောက်ခံသီချင်းသံလည်း တိတ်ဆိတ်သွားတာ ကြာပြီ ပြတ်သွားတဲ့ဂစ်တာကြိုးလေး သွားရှာဝယ်တဲ့ လူကြုံကလည်း ပြန်မရောက်သေးလို့ နိုင်ငံအနှံ့အပြားက သင်းကွဲတွေ၊ သူရူးတွေ နဲ့ ဖလော်‌ဆော်ဖာတွေ ပေါင်းပြီး ဂြိုလ်သားတွေရဲ့အကူအညီနဲ့ ရန်ကုန်မြို့ကြီးကို တည်ထောင်ခဲ့ကြတာ အခုကျ မြို့ပြကို နာနာကျင်ကျင် လှမ်းအော်ခေါ်နေတဲ့ သူတို့အသံတွေကို တောနက်ထဲမှာ ညမှောင်ပြီဆိုရင် […]
စကားပြေကဗျာ

အသံတိတ်ရုပ်ရှင်

“အသံတိတ်ရုပ်ရှင်” လူရောင်လွင် စစ်ကြီးက ကိုယ်ခန္ဓာတွေကို အစိတ်အပိုင်းသေးသေးလေးတွေအဖြစ် ခွဲခြမ်းစိတ်ဖြာပစ်တယ်။မင်းရဲ့လက်တဖက်က ဘယ်မှာလဲ။ချစ်ရသူရဲ့အိပ်ယာကုတင်ဘေးက ဝက်စုဘူးလေးထဲမှာလား။စပါးကျီရဲ့ထုတ်တန်းမှာ တွဲလွဲချိတ်ထားတာလား။ဆိုင်ကယ်ကို လေဘာကုန်ဆွဲရင်း နားကြပ်ကို တပ်လိုက်တော့ Gun n` Roses ရဲ့ Sweet Child O` Mine ဟာ ဆူညံစွာ အော်ဟစ်လို့ ။ငါတို့ဟာမြေနိမ့်လွင်ပြင်တွေမဟုတ်ဘူး။ငါတို့က တုန်ခါနေတဲ့ချိုင့်ဝှမ်းတွေ။မြေအောက်ဂူတွေထဲမှာ ပိုးဟတ်တွေဟာအလျှံငြီးငြီး မီးတွေတောက်လောင်လို့။စစ်ကြီးပြီးတော့စစ်သားတွေဟာ အိမ်ကိုပြန်ကြတယ်။စစ်ကြီးပြီးတော့ ချစ်ရသူရဲ့ကုတင်ဘေးက ဝက်စုဘူးလေးလည်း မရှိတော့ဘူး။ရွာထိပ်မှာထုံးဖြူသုတ်ထားတဲ့ အုတ်ဂူတွေ။သားချော့တေးကို ဘလူးတုဘောက်စ်နဲ့ အကျယ်ကြီး ဖွင့်ထားပေးကြတယ်။
စကားပြေကဗျာ

မေ့လိုက်ပါမြနန္ဒာ

‘မေ့လိုက်ပါမြနန္ဒာ’ မိုးမြင့်ကျော် အေးစက်စက်ရာသီဥတုထဲ တယောက်တည်းလျှောက်သွားမိတိုင်း အမလက်ဖဝါးနွေးနွေးကိုသတိရတယ်။ အမကြိုက်တဲ့ မြက်ရိုင်းပန်းဖြူတွေ၊ အမ မကြိုက်တဲ့စစ်ပွဲတွေ။ စစ်ပွဲကာလထဲ လေယာဥ်တွေဝဲလာတိုင်း ဗုံးခိုကျင်းလေးထဲ အမကြောက် နေမလား။ ကျနော့လက်တွေကို ဖျာတချပ်စာဖြန့်လို့ အမအပေါ် ကာမိုးပေးထားတယ်။ ရန်သူ့လေယာဥ်ပျက်ကြီးတွေ၊ ကျဆုံး စခန်းကုန်းတွေ၊ ပြာဖြစ်မီးလောင်သွားတဲ့ရွာပျက်ကြီးတွေ ကျနော့်မှာလည်ပါတ်စရာတွေပေါတယ်။ ဒါပေမယ့် အမရယ် အမ ,မပါဘဲ သွားလာနေရတာကို ကျနော်မပျော်ဘူး။ ကျနော်ကျဆုံးခဲ့ရတဲ့ တောင်ကမူလေး ရွှေကျင်ခိုင်းဖို့ ဘတ်ဖိုးတွေ ဝိုင်းလိုက်ပြီ။ ရန်သူ့တပ်တွေစခန်းချသွားတဲ့ […]
စကားပြေကဗျာ

သို့. . .လူကလေး ကြယ်

“သို့. . .လူကလေး ကြယ်”စံပယ်ဖြူနုအမေအိုဟာ အိမ်တံခါးကို လေအလျဉ်လို ခပ်သွက်သွက် ဆွဲဖွင့်တယ်ခြံတံခါးမှာ ခေါင်းလောင်းသံ တငြိမ့်ငြိမ့် မြည်လို့စည်းရိုးနံဘေးမှာ တောပန်းလေးတွေ တလှုပ်လှုပ် ယိမ်းနွဲ့လို့မြက်ခင်းပေါ်က ကြောင်ဝါလေးတစ်ကောင် သမ်းဝေရာက ခေါင်းငဲ့ကြည့်လို့တဒုန်းဒုန်း ခုန်နေတဲ့ နှလုံးနေရာကို ခပ်ဖွဖွ ဖိတယ်လူကလေး အိမ်ပြန်လာတာမှ မဟုတ်ပဲနော်။စောင့်မျှော်ကာလဟာ ရှည်လျားလွန်းလှပါတယ်အမေအိုက လွမ်းလေတိုင်း ပန်းကလေးတွေ ပျိုးတယ်လေသင့်ရာ မွှေးတဲ့ ပန်းရနံ့ဟာ လူကလေး ငယ်စဉ်က ပါးပြင်နုဖွေး နမ်းရှိုက်ခဲ့ရသလိုအပင်လေးတွေ တစစ ကြီးထွားလာတာဟာဖြင့် […]
စကားပြေကဗျာ

ဗုံးခိုကျင်း

■ ​​​​ရွက်စိမ်း ရေးဖွဲ့သော “​​ဗုံးခိုကျင်း” စကား​ပြေကဗျာကို ​​​​​စန္ဒီ ခံစားရွတ်ဆိုထားပါသည်။ – The Call ရဲ့ YouTube Channel (https://youtube.com/@thecall2022) တွင်လည်း Audio Book များကို ခံစားနားဆင်နိုင်ပါတယ်။
ကဗျာ

မမလီဆာ ကျနော် အကုန်ရောက်ပြီးပြီ၊ဘာမှမရှိဘူး

◼️လူရောင်လွင် ရှင်ကြီးဝမ်းရော ရှင်ငယ်ဝမ်းရော ဝင်တုန်းက ကျနော်ဟာ ရေလိုဖောက်မြင်နေရတဲ့ စိတ်နဲ့။  အခုတော့ ရွှေကျင်ထားတဲ့ချောင်းကောတစ်ခုရဲ့သဲမှုန်စတွေလို လေနှင်ရာပါပဲ။ မမလီဆာရေ ကျနော်တို့မှာ ဆင်သွားတိုင်းလမ်းမဖြစ်တာကိုသိပြီးမှတော့ ဆင်ပေါ်ကပြုတ်ကျလည်း မထူးတော့ဘူးမလား။ ကျနော် အကုန်ရောက်ပြီးပြီ မမလီဆာ။မလာခဲ့နဲ့။  ကီလီမန်ဂျာရိုးမှာလည်း နှင်းတွေ မဝေတော့ဘူး။ရေတွင်းထဲကိုငုံ့ကြည့်ပြီး နှင်းရေလို့ အော်ခေါ် လည်း ဘာအသံမှ ထွက်မလာတော့ဘူး။ ပေါက်နေတဲ့ ဦးခေါင်းခွံတွေကို လိမ်ချိုးပြီး သီကုံးဝတ်ဆင်ထားတာတောင် ကျနေ့ာ်လမ်းဟာ လမ်းမဖြစ်သေးဘူး မမလီဆာ။ လူတွေဟာ လူမဖြစ်ကြသေးဘူး။စစ်ပွဲကို […]
စကားပြေကဗျာ

အချစ်နှင့် ငြိမ်းချမ်းရေး

“အချစ်နှင့် ငြိမ်းချမ်းရေး”ဆပ်ရိပ်ရိုမန်အင်ပါယာကြီး ကျဆုံးသွားတာ မင်းမမြင်ခဲ့ဘူး။ ပြင်သစ် လက်နက်ချတုန်းက ကိုယ်တို့ မမွေးသေးဘူး။ စစ်အေးခေတ်ကို ကိုယ်တို့ မမီခဲ့ဘူး။ ၁၅၀၀ တန် ဆင်းကဒ်တွေပုံထားတဲ့ ကစားကွင်းကြီးထဲမှာ ကိုယ်တို့လူငယ်ဘ၀စခဲ့တယ်။ လူတန်းစားတခုနဲ့ တခုနှိမ်ကြတယ်။ ဘယ်သူ့ကိုနှိမ်ရမှန်းမသိတဲ့သူတွေက အိမ်က မိန်းမနဲ့သားသမီးကို ပြန်ရိုက်ကြတယ်။ အခုတော့ ကိုယ်တို့အားလုံးဟာ ငရဲကိုလက်ပစ်ကူးပြီး ပိုကောင်းမယ်ထင်တဲ့ ကမ်းပါးဆီ သွားနေကြတယ်။ စစ်ဗိုလ်ချုပ်တွေဟာ အဲ့ဒါကြောင့် သမိုင်းကိုသွေဖယ်ပြီး နေပြည်တော်ကို ဧရာ၀တီရဲ့ဘေးနားမှာ မဆောက်ခဲ့တာ မင်းသိလား။ […]