စကားပြေကဗျာ

တောင်နေတဲ့လိင်တံကို ရိုက်ချိုးခံလိုက်ရသလို ငါတို့ဘဝတွေ

“တောင်နေတဲ့လိင်တံကို ရိုက်ချိုးခံလိုက်ရသလို ငါတို့ဘဝတွေ”ကျော်ခေါင်လင်းအာဏာသိမ်းမှု ကြုံတုန်းက ငါထင်ခဲ့တာက အာသာဖြေဖို့လုပ်တုန်း လူမိသွားသလိုမျိုး ခံစားမှုမျိုးသာ ဖြစ်လိမ့်မယ်။ ငါပြီးမြောက်ဖို့ ၊ ငါ့အိပ်မက်တွေပြီးမြောက်ဖို့ ငါအစွမ်းကုန် စိတ်ပါဝင်စားခဲ့တာပေါ့။ငါ့အခန်းတံခါးကို လော့ခ်ချဖို့မေ့သွားခဲ့တာက လိင်တံထောင်မတ်နေချိန် အခန်းတံခါးလာဖွင့်လိုက်သလို အာဏာသိမ်းမှုဟာ ငါ့ရဲ့ ပျော်ရွှင်မှု၊ ကြည်နူးမှုတွေ ဖြိုဖျက်ခဲ့ပေါ့။ ငါအများကြီး ပြင်ဆင်ခဲ့ရတာလေ တစ်ရှူးတွေ၊ ရေဗူးတွေ၊ နားကြပ်တွေ အစရှိသဖြင့်ပေါ့။အခုတော့ သဲထဲရေသွန်တာထက်ပိုဆိုးတဲ့ အခြေအနေ၊ သဲထဲ ရေသွန်တာကမှ သဲ ကျစ်လျစ်မှုကို အထောက်အပံ့ပြုသေး။ […]
စကားပြေကဗျာ

ချစ်ခြင်းမေတ္တာ

“ချစ်ခြင်းမေတ္တာ”နွေးနွေးမောင်ရှိန်ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’ တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အပြည့်ပဲ၊ အုံလိုက်ကျင်းလိုက် ပြွတ်သိပ်နေကြတာ။ အုံလိုက်ကျင်းလိုက် ဗုံးခိုကျင်းထဲ ဝင်ပြေးနေရတဲ့ ‘ချစ်ခြင်းမေတ္တာ’ တွေကိုမှ အားမနာ။ […]
စကားပြေကဗျာ

မုဆိုးရာသီ

“မုဆိုးရာသီ”နှင်းခါးမိုးငယ်ငယ်က သမင်လိုက်အက ကြည့်ဖူးတယ်‘အမဲလိုက်အက’ ဆိုတာကတော့ ကြီးမှနားထောင်ဖူးတဲ့သီချင်း။ကျောက်ခေတ်က ယောက်ျားတွေက အမဲလိုက်တယ်၊ မိန်းမတွေက မီးမွှေးတယ်တဲ့။ တောကောင်အရှင်တွေကို ခြံခတ်မွေးပြီး စားတတ်လာတော့ အမဲပေါတဲ့တောလိုက်ရှာပြီး ပြောင်းရွှေ့နေစရာမလိုတော့ဘူး။ ရေကြည်မြက်နုရာရှာ အခြေချနေတတ်လာကြတယ်။ ဒီလိုနဲ့ ရွာတွေ မြို့တွေ နိုင်ငံတွေဖြစ်လာတယ်။ တောနဲ့နီးတဲ့နေရာတွေမှာတော့ တချို့က အမဲလိုက်ပြီး သားငါးတွေရောင်းချ အသက်မွေးကြတုန်းပဲ။ သူတို့ကို အရပ်က မုဆိုးလို့ခေါ်ကြတယ်။ မုဆိုးတွေလည်း သားကောင်ကောင်းကောင်းရတဲ့အခါ ဘော်ဒါဘော်ကျွတ်တွေနဲ့ မီးပုံကြီးဖို သောက်ကြစားကြ၊ ရူးကြမူးကြ၊ ကကြခုန်ကြမှာပဲ။ […]
စကားပြေကဗျာ

စစ်ကြီးပြီးရင် ဝက်သားဟင်းစားမယ်

“စစ်ကြီးပြီးရင် ဝက်သားဟင်းစားမယ်”ဆာယာ​နွေဝက်သားဟင်းကဘယ်တော့နူးမှာလဲ။ ဝက်သားဟင်းစားချင်လှပြီ။ ဝက်သားဟင်းစားချင်ရင် ဟင်းအိုးကိုမီးထိုးပေါ့။ လေမှုတ်ယပ်ခပ် မတ်တပ်ရပ်မနေနဲ့။ တကယ်လို့ဝက်သားဟင်းတွေမရှိတော့ရင် ဘယ်လိုလုပ်မလဲ၊ မစဥ်းစားဘူး။ ဝက်သားဟင်းစားချင်တယ်။ ဝက်သားဟင်းဟာ ပျင်းရိဖွယ်နေ့တွေအတွက် ပျော်ရွှင်စရာ ချက်ပြုတ်နည်းပဲ။ ဝက်သားဟင်းဆိုတာ အဆီတထပ် အသားတထပ် ဒုက္ခများခြင်းပဲ။ အထူးသဖြင့် စစ်ကြီးထဲမှာ အေးအေးလူလူ ဝက်သားဟင်းချက်နေရတာ အရသာပဲ။ အနောက်ဘက်တောင်ကုန်းကို အမြောက်နဲ့ထုရင် ဝက်သားဟင်းတွေရလာမယ်။ အရှေ့ဘက်လွင်ပြင်ကို တွားသွားကျားထိုးလိုက်ရင်ရော ဝက်သားဟင်းတွေရမှာလား။ ဟိုမှာကြည့် မျှစ်စို့တွေ ဝက်သားဟင်းယောင်ဆောင်ပြီး ငါတို့အိပ်မက်ထဲ ဝင်လာနေပြီ။ […]
စကားပြေကဗျာ

ကစ်ဆင်ဂျားလို အသက် ၁၀၀ လောက်ထိ ရှိစေချင်မိ

“ကစ်ဆင်ဂျားလို အသက် ၁၀၀ လောက်ထိ ရှိစေချင်မိ”■ SWNအသက်တစ်ရာ မနေရ အမှုတစ်ရာ ပွေရ စကားပုံရှိခဲ့ပေမယ့် စောက်ရေးမပါတဲ့ ယူနီဖောင်းဝတ်ကောင်တွေနဲ့တော့ ဘဝကို မကုန်ဆုံးစေချင်မိနှိပ်လိုက်တာနဲ့ ဒို၊ ရေ၊ မီ၊ ဖာ၊ ဆို၊ လာ၊ ဒီ၊ တို ထက်ပိုတဲ့ သံစုံတီးဝိုင်းကို ဦးဆောင်စေချင်မိအခြေခံကျမှ အမြင့်လှမ်းနိုင်ပေမယ့် အဆင့်မြင့်မြင့် အမေနဲ့ အလုပ်လုပ်ချင်မိဒီတိုင်းပြည်လောက်ကို ကျနော်ဟာ ရင်မခုန် …လိုအပ်လို့ လုပ်ရပေမယ့် အမေနဲ့ဆို Cold […]
စကားပြေကဗျာ

စွန့်စားဟေးလ်ဒါ

“စွန့်စားဟေးလ်ဒါ”ရွက်စိမ်းအစက်အပြောက်မှာလည်း ကလုန်းရှိမှာပဲ။ ဒါဆိုရင် ဒီအစက်အပြောက်လည်း ကလုန်းပါပဲ။ ဘာတွေလျှောက်ဟန်ဆောင်နေနေတာလဲ စစ်တပ်အာဏာသိမ်းခံထားရတဲ့နိုင်ငံ။ မင်းပြောတဲ့ကျန်စစ်သား။ သပိတ်မှာဆို မင်းစောက်သံအကျယ်ဆုံး၊ မင်းအတက်ကြွဆုံး၊ မင်းထက်နီတာ နေပဲရှိတော့မယ်။ အခုတော့လည်း မင်းဘာလုပ်။ ကောမန့်စောက်ပိုတွေလည်း ဘယ်နားထားရမလဲ မသိမ်းထားဘူးလွှတ်ပစ်တော့မယ်။ စစ်အစိုးရလက်အောက်က ထိပ်တန်းကဗျာဆရာ ဆယ်ယောက်။ ယူကျူ့မှာငါကြည့်လိုက်ရတယ်။ ဒါပေမဲ့ပုံမှန်ယူကျူ့မဟုတ်ဘဲ ရေအောက်ထဲက ယူကျူ့။ ဒီစကားကို ကဗျာလိုရေးလိုက်တာဟာ နောက်ဆုံးမှာ ပန်ကာကိုဖွင့်လိုက်ရတယ် ကဗျာလိုဖြစ်မသွားခဲ့ရင်။13.6.2023
စကားပြေကဗျာ

မြိုင်

“မြိုင်”ဘဘဝ“ရမ်းစတိန်း အစည်းအဝေးက အဓိကပေးမယ့်သတင်းစကားကတော့ လက်နက်အကြီးစားတွေ ခေတ်ပိုမီတဲ့ လက်နက်တွေ ထောက်ပံ့ဖို့ပဲပေါ့၊ ဒီစစ်ပွဲဟာ ငါတို့ရဲ့ဂုဏ်သိက္ခာတန်ဖိုးအတွက် တိုက်နေတဲ့ပွဲတပွဲဖြစ်လို့ပဲ” လို့ Jens Stoltenberg ရဲ့ဒါဗို့စ်ဖိုရမ် ယူကရိန်းတပ်လှန့်သံက ငါ့ရွာထိ မြည် ဟီး လို့။ငါ့နှလုံးရဲ့ညာဘက်ခြမ်းမှာ မြေပုံတပုံရှိတယ်။ အမြင့်ဘုံကို လမ်းညွှန်တယ်။ ဘယ်ဘက်အခြမ်းကတော့ လူ့ငရဲသို့သွားတဲ့ စာရင်းပဲ။ အညာအကြေက လရောင်ဟာ မြေပေါ် ပြန့်ကျဲ ကွဲကြေနေတဲ့ ဖန်ခွက်ထဲက နွားနို့အရောင်ပဲ၊ ဒီလရောင်ရဲ့ အေးမြမှုတွေ၊ လှပမှုတွေကို […]
စကားပြေကဗျာ

မော့စ်ကုတ်ဒ်နဲ့ဆို ဘယ်နှစ်ခါမြောက်အော်မှန်းမသိတာကို အဖြူရောင်လူတွေက

“မော့စ်ကုတ်ဒ်နဲ့ဆို ဘယ်နှစ်ခါမြောက်အော်မှန်းမသိတာကို အဖြူရောင်လူတွေက”ရွက်စိမ်းအယ်လ်ဗင်အတွက် မုန့်လင်မယားကို ဆန္ဒပြလူအုပ်ကြီးအလယ်ခေါင်မှာ ပူပူနွေးနွေးရောင်းနေခဲ့တယ်။ သိဟ်ရာသီဖွား၊ အမြဲစပ်စုတတ်ပြီး စူးစမ်းရာဖွေမှုဒီဂရီအတော်လေးလွန်နေတဲ့ အနောက်တိုင်း horror တွေက ဇာတ်ကောင်တကောင်က လူအုပ်ကြီးအလယ်က portable hot pot အိုးထဲမှာ ရေပူစမ်းအထင်နဲ့စိမ်နေတဲ့အချိန် Icepeak အဖွဲ့က Kiss of Death album ကို drop သွားတယ်။ အောက်စီဂျင်ပိုက်မဲ့နေတဲ့ ငါးကန်ထဲက Doraenon အရုပ်ကလေးကို ရေမှော်ပင်တွေနဲ့ဖိသပ်တယ်။ တခါဖိတိုင်း အရုပ်ကနေ […]
စကားပြေကဗျာ

လိုအပ်သောကွက်လပ်တန်းကို နင်း၍ရွေ့

“လိုအပ်သောကွက်လပ်တန်းကို နင်း၍ရွေ့”ရွက်စိမ်းချော်ရည်တွေထွက်နေတဲ့ စက်ရုံပိုက်ခေါင်းက ကိုယ်စားပြုနေတဲ့လိပ်တွေ။ ရှည်ထွက်အဆောက်အဦးချွန်ဟာ ရေအောက်လိုဏ်ဂူမှာ ရွှိုက်နေတယ်။ ၂၁၊၂၅။ ပါဠိလိုသီထားတဲ့ ကြိုးတွေနဲ့ပဲ တဘဝလုံး angry bird ဆန်ချင်ခဲ့ပုံရတယ်။ အစရှိတဲ့စကားလုံးတွေနဲ့နေ့ရက်များ။Flash ရဲ့ မှိုခင်းမှာ အလုပ်ဝင်လုပ်ပြီး အေးဆေးကဗျာရေးမယ့်အစီစဥ်ကို ဘယ်သူဝင်နှောင့်ယှက်။ rapper တယောက်နဲ့ collab လုပ်ရမယ့်အရေး ဘယ်သူဝင်နှောင့်ယှက်။ ထင်းမီးထည့်ရင်း လက်တဘက်နဲ့ instrumental ဖွင့်၊ ဘဲဥဟင်းချက်ရင်း ကိုယ်ခန္ဓာယိမ်းပြီး freestyle ဆိုနေခဲ့တဲ့ Child။ဘယ်သူက ညစာနောက်ကျလို့ဆိုပြီးပြောခဲ့ဖူးသလဲ။လုပ်အားပေးတိုင်းမှာ […]
စကားပြေကဗျာ

နယ်စပ်မှာ

“နယ်စပ်မှာ”ဘဘဝငါ့ ခေါင်းမှာ မြေပုံ နှစ်ခုရှိတယ်။တခုက မိစ္ဆာတွေ ကို အကျဉ်းချထားတဲ့မြေပုံ၊ကျန်တခုက ငါအိပ်ယာဝင်တော့ ဟုမ္မလင်းက သတင်းအိပ်ယာပေါ်မှာရှိနေတယ်။ အိပ်ရေးဝခဲ့တယ်။မနက်လင်းတော့ တရုတ်သူလျှိုုမီးပုံးပျံက ငါ့ကိုဝိုင်းထားတယ်။ ရီပတ်ပလင်ကင် ထရမ့်တို့က ပစ်ချဖို့ပြောတယ်။ ဂျိူးတို့ကစောင့်ကြည့်မယ်။ ပင်တဂွန်စစ်ဌာနချုပ်က စစ်ရေးအရ၊ ရုပ်ပိုင်းဆိုင်ရာခြိမ်းချောက်မှု မရှိဘူးလို ပြောပြန်တယ်။“ဒါက ဘယ်သူ့ရဲ့ ဖောက်ပြန်မှုလဲ” ငါမေးတော့ဒါက အဖြေလား ဒါမှမဟုတ် ကြေငြာချက်လား” လို့ သူက မေးခွန်းနဲ့ ပြန်ဖြေတယ်။“ဒီနေ့သတင်းက ယုံနိုင်စရာပဲ မထင်ဘူးလား” မှာငါမေးပြန်တယ်။“မတူတဲ့ […]