
စကားပြေကဗျာ
ဘိုလစ်ဗီးယားနိုင်ငံလေးလို ငါအံ့ဩ
“ဘိုလစ်ဗီးယားနိုင်ငံလေးလို ငါအံ့ဩ”သက်ငြိမ်နှစ်တွေသိပ်မကြာခင်မှာ လူတွေရဲ့ပြောင်းလဲသွားပုံဟာ သိပ်ကိုမြန်လွန်းလှတယ်။ ငှက်ဟာ သူ့အတောင်ကို သူရိုက်ချိုးပြီး မီးပုံထဲခုန်ဆင်းလိုက်သလိုမျိူး ခြေရာလက်ရာတောင်မကျန်ခဲ့။ အရင်က ငါနဲ့အတူတူ သပိတ်မှာပြေးခဲ့ရသူတွေဟာ ပျော်ပွဲရွှင်ပွဲတွေမှာ အမြဲတွေ့နေရပြီ။ ကွယ်လွန်သူတွေရဲ့ ကစားနည်းမှာ အတိတ်ကိုပြန်တွေးပြီး မျက်ရည်မကျအောင် နေနိုင်တဲ့သူက နိုင်တာပဲ။ငါပြန်လာပြီဟေ့။ ငါပြန်လာပြီကွ။တော်လှန်ရေးကို ဘ၀လုပ်ပြီး တောထဲမှာ လူမသိသူမသိ ကျဆုံးသွားတဲ့ ငါ့ညီက လှမ်းအော်တယ်။ရက်ရက်စက်စက် အသတ်ခံထားရတဲ့ တစ္ဆေတကောင်ရဲ့ ညည်းညူသံကိုတော့ သာယာတဲ့နေ့မှာ ဘယ်သူမှကြားချင်မှာမဟုတ်။ အမှောင်ထဲကနေထွက်လာပြီးမှ လည်ပင်းညှစ်ခံရလို့ ပြူးကျယ်နေတဲ့မျက်လုံးတွေဟာ […]