စကားပြေကဗျာ

မော့စ်ကုတ်ဒ်နဲ့ဆို ဘယ်နှစ်ခါမြောက်အော်မှန်းမသိတာကို အဖြူရောင်လူတွေက

“မော့စ်ကုတ်ဒ်နဲ့ဆို ဘယ်နှစ်ခါမြောက်အော်မှန်းမသိတာကို အဖြူရောင်လူတွေက”ရွက်စိမ်းအယ်လ်ဗင်အတွက် မုန့်လင်မယားကို ဆန္ဒပြလူအုပ်ကြီးအလယ်ခေါင်မှာ ပူပူနွေးနွေးရောင်းနေခဲ့တယ်။ သိဟ်ရာသီဖွား၊ အမြဲစပ်စုတတ်ပြီး စူးစမ်းရာဖွေမှုဒီဂရီအတော်လေးလွန်နေတဲ့ အနောက်တိုင်း horror တွေက ဇာတ်ကောင်တကောင်က လူအုပ်ကြီးအလယ်က portable hot pot အိုးထဲမှာ ရေပူစမ်းအထင်နဲ့စိမ်နေတဲ့အချိန် Icepeak အဖွဲ့က Kiss of Death album ကို drop သွားတယ်။ အောက်စီဂျင်ပိုက်မဲ့နေတဲ့ ငါးကန်ထဲက Doraenon အရုပ်ကလေးကို ရေမှော်ပင်တွေနဲ့ဖိသပ်တယ်။ တခါဖိတိုင်း အရုပ်ကနေ […]

စကားပြေကဗျာ

လိုအပ်သောကွက်လပ်တန်းကို နင်း၍ရွေ့

“လိုအပ်သောကွက်လပ်တန်းကို နင်း၍ရွေ့”ရွက်စိမ်းချော်ရည်တွေထွက်နေတဲ့ စက်ရုံပိုက်ခေါင်းက ကိုယ်စားပြုနေတဲ့လိပ်တွေ။ ရှည်ထွက်အဆောက်အဦးချွန်ဟာ ရေအောက်လိုဏ်ဂူမှာ ရွှိုက်နေတယ်။ ၂၁၊၂၅။ ပါဠိလိုသီထားတဲ့ ကြိုးတွေနဲ့ပဲ တဘဝလုံး angry bird ဆန်ချင်ခဲ့ပုံရတယ်။ အစရှိတဲ့စကားလုံးတွေနဲ့နေ့ရက်များ။Flash ရဲ့ မှိုခင်းမှာ အလုပ်ဝင်လုပ်ပြီး အေးဆေးကဗျာရေးမယ့်အစီစဥ်ကို ဘယ်သူဝင်နှောင့်ယှက်။ rapper တယောက်နဲ့ collab လုပ်ရမယ့်အရေး ဘယ်သူဝင်နှောင့်ယှက်။ ထင်းမီးထည့်ရင်း လက်တဘက်နဲ့ instrumental ဖွင့်၊ ဘဲဥဟင်းချက်ရင်း ကိုယ်ခန္ဓာယိမ်းပြီး freestyle ဆိုနေခဲ့တဲ့ Child။ဘယ်သူက ညစာနောက်ကျလို့ဆိုပြီးပြောခဲ့ဖူးသလဲ။လုပ်အားပေးတိုင်းမှာ […]

စကားပြေကဗျာ

နယ်စပ်မှာ

“နယ်စပ်မှာ”ဘဘဝငါ့ ခေါင်းမှာ မြေပုံ နှစ်ခုရှိတယ်။တခုက မိစ္ဆာတွေ ကို အကျဉ်းချထားတဲ့မြေပုံ၊ကျန်တခုက ငါအိပ်ယာဝင်တော့ ဟုမ္မလင်းက သတင်းအိပ်ယာပေါ်မှာရှိနေတယ်။ အိပ်ရေးဝခဲ့တယ်။မနက်လင်းတော့ တရုတ်သူလျှိုုမီးပုံးပျံက ငါ့ကိုဝိုင်းထားတယ်။ ရီပတ်ပလင်ကင် ထရမ့်တို့က ပစ်ချဖို့ပြောတယ်။ ဂျိူးတို့ကစောင့်ကြည့်မယ်။ ပင်တဂွန်စစ်ဌာနချုပ်က စစ်ရေးအရ၊ ရုပ်ပိုင်းဆိုင်ရာခြိမ်းချောက်မှု မရှိဘူးလို ပြောပြန်တယ်။“ဒါက ဘယ်သူ့ရဲ့ ဖောက်ပြန်မှုလဲ” ငါမေးတော့ဒါက အဖြေလား ဒါမှမဟုတ် ကြေငြာချက်လား” လို့ သူက မေးခွန်းနဲ့ ပြန်ဖြေတယ်။“ဒီနေ့သတင်းက ယုံနိုင်စရာပဲ မထင်ဘူးလား” မှာငါမေးပြန်တယ်။“မတူတဲ့ […]

စကားပြေကဗျာ

ဘိုလစ်ဗီးယားနိုင်ငံလေးလို ငါအံ့ဩ

“ဘိုလစ်ဗီးယားနိုင်ငံလေးလို ငါအံ့ဩ”သက်ငြိမ်နှစ်တွေသိပ်မကြာခင်မှာ လူတွေရဲ့ပြောင်းလဲသွားပုံဟာ သိပ်ကိုမြန်လွန်းလှတယ်။ ငှက်ဟာ သူ့အတောင်ကို သူရိုက်ချိုးပြီး မီးပုံထဲခုန်ဆင်းလိုက်သလိုမျိူး ခြေရာလက်ရာတောင်မကျန်ခဲ့။ အရင်က ငါနဲ့အတူတူ သပိတ်မှာပြေးခဲ့ရသူတွေဟာ ပျော်ပွဲရွှင်ပွဲတွေမှာ အမြဲတွေ့နေရပြီ။ ကွယ်လွန်သူတွေရဲ့ ကစားနည်းမှာ အတိတ်ကိုပြန်တွေးပြီး မျက်ရည်မကျအောင် နေနိုင်တဲ့သူက နိုင်တာပဲ။ငါပြန်လာပြီဟေ့။ ငါပြန်လာပြီကွ။တော်လှန်ရေးကို ဘ၀လုပ်ပြီး တောထဲမှာ လူမသိသူမသိ ကျဆုံးသွားတဲ့ ငါ့ညီက လှမ်းအော်တယ်။ရက်ရက်စက်စက် အသတ်ခံထားရတဲ့ တစ္ဆေတကောင်ရဲ့ ညည်းညူသံကိုတော့ သာယာတဲ့နေ့မှာ ဘယ်သူမှကြားချင်မှာမဟုတ်။ အမှောင်ထဲကနေထွက်လာပြီးမှ လည်ပင်းညှစ်ခံရလို့ ပြူးကျယ်နေတဲ့မျက်လုံးတွေဟာ […]

စကားပြေကဗျာ

Traffic light virus

“Traffic light virus” ရွက်စိမ်းတော်တော်တင်းတိမ်နိုင်တဲ့ လခြမ်းပဲ။ ဝါးလက်ခုပ်က စကားမပြောတတ်လို့ ကောင်းနေရဲ့နဲ့ ရှောင်ဖယ်သွားတယ်။ ငါတို့မှာလည်း ပြည်သူ့ရင်ပြင်က ရေလွှာမိကျောင်းလို လက်ဖဝါးတွေနဲ့။ သုခိတာထဲမှာ ပြေးပုန်းကနေတဲ့ မာနိုဘန်းရဲ့ အခါအယမ်းတွေ​ကြောင့် ပိုက်ဆံရနိုင်မယ့် စာအုပ်သာ ထုတ်လိုက်ကြပါ။ အောက်စျေးတွေအကြောင်း မေးလာခဲ့ရင် သင်တို့ တခုခုသာပြောပြလိုက်ပါ။ ငါတို့မှာလည်း အစွယ်တွေနဲ့ကိုမှ အဲရစ်ဆင်ရဲ့ killer pass တွေထဲမှာ ဘယ်သူကမှ ကြံ့ဗဟုံးစုံစမ်းနိုင်တဲ့ မှုခင်းတွေနဲ့ blackpink ရဲ့ အခွေစီးရီးသစ်ကို […]

စကားပြေကဗျာ

Metaphor

“Metaphor”ဘဘဝဒရုန်းနှင့် လေယာဉ်များသည် ကျွန်ုပ်တို့မြို့ကို ပေါစေပြီး စစ်ရဲ့ ဒဿနသည် စစ်သားစုဆောင်းရေးပင်ဖြစ်တယ်။ ထိုလူများကြောင့် လမ်းဘေးစားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များတွင် ပြည့်နှက်နေလေရဲ့။ မင်းကြည့်လိုက်လေ၊ နေရာတိုင်း ကော်ဖီဆိုင်တွေရှိတယ်။ ကဖိန်းဓာတ်နဲ့ တည်ဆောက်ထားတဲ့မြို့လို့ မင်းထင်မှာလား။ ကဖိန်းဓာတ်နှင့်အတူ ဒရုန်းနှင့်လေယာဉ်ပျံတွေ မျိုးပွါးနေကြတယ်လေ။ဒီနေ့လည်တော့ မော်ဒန်လို့ ခေါ်တဲ့ လက်ဘက်ရည်ဆိုင်ကို သွားဖို့ ရွေးချယ်လိုက်တယ်။ ကျောက်မြောင်း၊ တာမွေဘက်ကနေ ကျယ်လောင်သော နိုဝင်ဘာလေပြင်းများနဲ့အတူ မော်ဒန်တီးဟောက် ရောက်နေလေရဲ့။အဆုံးစွန်သောအတွေးအခေါ်ကို မော်ဒန်လက်ဘက်ရည်ဆိုင်က ချုပ်နှောင်မရ။ ကဗျာဆရာရဲ့ စိတ်ကြွဆေးများကို […]