ကဗျာ

နံရံတွေ တန်းဖြုတ်မယ့်နေ့

‘နံရံတွေ တန်းဖြုတ်မယ့်နေ့’ သွင်ဦး တဝေါဝေါ ဖြတ်မောင်းသွားတဲ့ ကားသံတွေရဲ့ နေရာမှာ လော်စပီကာက ထွက်ကျလာတဲ့ ဘုရားရှိခိုးသံ တန်းစီခရာမှုတ်သံ မဂ်လာပါဆိုတဲ့ အသံတွေနဲ့ နံနက်ခင်းဟာ နိုးထခဲ့၊ အရောင်ဆိုးထားတဲ့ ထမင်းလှော် အရည်များများ အဖက်နဲနဲ ခပ်ကျဲကျဲဆန်ပြုတ်ဟာ ငါတို့ရဲ့ နံမည်ကျော် မနက်စာတွေပေါ့၊ ညိုညစ်ညစ်ထမင်းတွေနဲ့ နယ်ဖတ်လို့ ငါတို့ထမင်းပွဲမှာ တည်ခင်းဖို့ ပဲဟင်းတလှည့် တာလပေါတလှည့် ခင်ဗျားမျက်နှာ မမဲ့နဲ့လေ၊ ကြံဖန်ပြီး ကျေးဇူးတင်ချင်ရင်တော့ ကျုပ်တို့ရဲ့ညစာမှာ ရေထဲကငါးကို […]
စကားပြေကဗျာ

စစ်က ခင်ဗျားကို

‘စစ်က ခင်ဗျားကို’ သရိုင်းတေးအိမ် တကယ်တော့ စစ်ဟာ တစ္ဆေလိုပဲ ခင်ဗျားနားမှ ပေါ်လာလိုက်ပျောက်သွားလိုက် ခင်ဗျားစစ်ဆိုတာမရှိနိုင်ဘူးလို့ယုံကြည်တဲ့ဝန်းကျင်မှာ စစ်ဆိုတာတိတ်တဆိတ် ရှိနေတတ်ပြီး ခင်ဗျား စစ်ရှိမယ်ခံစားရတဲ့ အခင်းအကျင်းမှာ စစ်က တကယ်မရှိနေနိုင်တာမျိုးပေါ့။ ဒါဟာ ခင်ဗျား စစ်အပေါ်နားလည်ထားမှု/ အဓိပ္ပါယ်ဖွင့်ဆိုမှုနဲ့ဆိုင်မှာပဲ။ တကယ်တော့ ခင်ဗျားကိုယ်တိုင်စစ်ပွဲအများကြီးတိုက်ပီး နိုင်ခဲ့/အောင်မြင်တယ်လို့ပြောလို့ရတဲ့သတစ်ယောက် ဖြစ်ချင်လည်းဖြစ်ခဲ့မယ်။ ဒါမှမဟုတ် ခင်ဗျားကိုယ်တိုင် မသိလိုက်မသိဘာသာ ရှုံးခဲ့တဲ့စစ်ပွဲတွေလည်း ဒုနဲ့ဒေးပဲ။ ခင်ဗျားက ဒုတိယကမ္ဘာစစ်လို စစ်ပွဲကိုကြုံချင်မှကြုံလိမ့်မယ်၊ ဒါမှမဟုတ် ပြည်တွင်းစစ်လိုဟာမျိုးကို အကြိမ်တစ်ရာမှာတစ်ကြိမ်မှမကြုံခဲ့တာလည်းဖြစ်ကောင်းဖြစ်မယ်။ […]
ကဗျာ

အလျှံညီးညီး မီးပုံကြီးပေါ်သို့ ဘယ်‌သို့သော နှင်းပွင့် တပွင့်မျှ မကျရောက်နိုင်

‘အလျှံညီးညီး မီးပုံကြီးပေါ်သို့ ဘယ်‌သို့သော နှင်းပွင့် တပွင့်မျှ မကျရောက်နိုင်’ လွန်းညီ (၀.၁) ပြာပုံမှ ပြာပုံသို့ ဆိုတဲ့‌ဆိုင်းဘုတ်တွေ့လျှင် ရှေ့တည့်တည့် ချိုးလိုက်ပါ (၀.၂) ဗုံးခွက်ရာ (မိုင်းဆွဲတိုက်ခိုက်ထားသောကြောင့် ပေါက်ကွဲထားသောချိုင့်ခွက်များ)ထဲ နှစ်ဆယ့်နှစ်ဘီးကားတစီး နစ်မြုပ်သည်အထိ နစ်ဝင်ကျွံကျပုံကို မြင်ရပြီ (၀.၃) ဖုန်မှုန့်တလိမ်းလိမ်းနဲ့ လမ်းမများတွင်လည်း အရောင်မသိသောသဲများ လူးလွန့်လှုပ်ရှားလျက်ရှိပါသည် (၀.၄) ဆောင်းဦးပေါက်လို့မြစ်မကောခင် စစ်နှင့်ငြိမ်းချမ်းရေးတအုပ် ပြီးအောင် ဖတ်ရမည်လို့ သူမမြင် (၀.၅) ပင်ချင်းယှက်တွယ်နေသော ထန်းပင်များအား […]
ကဗျာ

ပန်းရှိုက်သံ

‘ပန်းရှိုက်သံ’ ဂျော့လင်းညို လမ်းထိပ်နတ်စင်က ရောင်စုံပန်းတွေမြင်တော့ နင့်ကို သတိရမိသေးတယ် ဟေမာ… … အသက်ရှိတဲ့ပန်းလေးတွေကို အသက်မဲ့တဲ့နတ်ရုပ်ကြီးအတွက် ယဇ်ပူဇော်ရတာ မတန်ကြောင်း… အကိုးအကားပေါင်းစုံနဲ့ နင်ရှင်းပြသလိုပေါ့… … ငါနေတဲ့အရပ်မှာ အသက်ရှိတဲ့ပန်းလေးတွေပေါတယ် ဟေမာ နင်ပြောခဲ့သလိုပဲ… မမြင်ရတဲ့အရာကြီးအတွက် မျက်စိစုံမှိတ်ပြီိး အသက်ပေးနေရတုန်း… … တစ်ခုလိုချင်ရင် တစ်ခုပေးရတဲ့ နိယာမဟာ အခုထိမှန်ကန်နေတုန်းပဲ… မဝေဆာနိုင်တော့တဲ့ ကံ့ကော်တွေ… မာနကို ခဝါချခဲ့ရတဲ့ နှင်းဆီတွေနဲ့… ဒီဥယျာဉ်ကြီးကို ငါစိတ်နာနေပြီ… … […]
ကဗျာ

ဇူလိုင်ဒဏ်ရာ

“ဇူလိုင်ဒဏ်ရာ” Sarah ဟိုမှာ မိုးတွေညို့နေပြီ ဒီအချိန်ဆို တိမ်တွေက မလှပတော့ဘူး ဇူလိုင်ရဲ့မိုးစက်တွေဟာ ငါတို့ရဲ့မျက်ရည်တွေ မပြေတဲ့ လက်သီးဆုပ် သွေးမတိတ်သော နာကျင်မှုနဲ့ ကြယ်တွေကြွေတဲ့ ကောင်းကင်ကိုက အနီရောင်နဲ့ အမဲရောင်တလှည့်စီ အဖြစ်အပျက်တွေသာ မတူတာ ဒဏ်ရာက ဒဏ်ရာပါပဲ ဘယ်လိုရှင်သန်ခဲ့လဲ မမေးနဲ့ နာကျင်စရာတွေ မပြောချင်ဘူး ဘယ်လောက်ခက်ခဲ ခက်ခဲ ရအောင်လျှောက်ကြရတယ် ရောက်အောင်လျှောက်ကြရမယ် မတရားမှုကျူးလွန်သူမှန်သမျှ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်မရှိ…။ ။
ကဗျာ

မှတ်ဖွယ်မှတ်ရာ

‘မှတ်ဖွယ်မှတ်ရာ’ မိုဃ်းဇက်သော် (၁း၀) ကျွန်​တော့်ထံတွင် အိပ်မက်ဖျော်စက် တစ်ခုရှိပါသည်။ သို့သော် စက်ပျက်နေသည်။ (၂း၉) ပျားလူးမြက်ခါးများ ဆေးဖက်ဝင်ကြသည်။ (၃း၈) ကျွန်​တော်သည် အအေးမိနေသည့် လက်မောင်းကြွက်သားတစ်ခုဖြစ်သည်။ (၄း၇) သင်္ချိုင်း၌ ဦးခေါင်းခွံနှစ်ခု စကားများ ရန်ဖြစ်နေတုန်းပင်။ (၅း၆) ဆေးရုံသည် အသက်ရှူကျပ်နေသည်။ (၆း၅) စာသင်ကျောင်းလေးကို အရေးပေါ်ကုသနေရသည်။ (၇း၄) အနာဂတ်နိုင်ငံတော်အတွက် ကြေကွဲဖွယ်မြေဇာပင်များ ခြောက်သွေ့ကြွေလွင့်ခဲ့ကြပြီ။ (၈း၃) ည ညဆို ခွေးဟောင်သံများ ပိုပိုကြားလာရသည်။ […]
ကဗျာ

တယုတယနှင်း

‘တယုတယနှင်း’ ဆပ်ရိပ် သက်ပြင်းဆိုပေမယ့် စိတ်လိုလက်ရ ချပါတယ်။ သုံးလေးငါးနှစ် အစစအရာရာရှားပါးနေတော့ ခံစားမှုလည်း တန်ဖိုးကြီးလာတယ် နေမကောင်းတဲ့ညနေမှာ တိမ်မျှင်တစက အစ ကြီးမြတ်တယ်။ လူတစ်ယောက်ဟာ တစ်ခါတစ်လေတော့ အမှောင်ထဲထိုင်ဖို့လိုတယ် ထိကရုန်းပင်လိုနေ့တွေအတွက် လူသူနည်းတဲ့ တောအုပ်ခပ်နက်နက်လိုတယ်။ ရထားတွေဟာ ဘယ်ခရီးသည်ကိုမှ စောင့်ရိုးမရှိတာ နားလည်ပါတယ် ကိုယ်လည်း ပုံမှန်ပဲသွားမယ် ဘာကိုမှ ပြေးမလိုက်နိုင်တော့ဘူး။ မျက်ရည်ဟာ အသံထက်မြန်တယ် ဒီကမ္ဘာမှာ အလင်းနှစ်မခြားဘဲနဲ့ ဝေးနေတာ အိမ်ပဲရှိပါတယ်။
ကဗျာ

ရှေ့တန်းတနေရာက တခန်းရပ် ပန်း ပြဇာတ်

‘ရှေ့တန်းတနေရာက တခန်းရပ် ပန်း ပြဇာတ်’ ယောနသံ သူက ‘ပန်း’ ပါတဲ့ မကြွေရဲရင် အစကတည်းက ဒီပန်းက မင်းဆံပင်ပေါ် မပွင့်ခဲ့ဘူးတဲ့ ပြတ်ပြတ် သားသား။ ဆူးပါတဲ့နှင်းဆီလည်း ကြွေတတ်တာပဲ‌နော် ဆိုတော့ *”ကြွေတာကိုက ပွင့်ခြင်းပဲ” လေတဲ့။ လူ့စည်း ဘီးလူ့စည်း အသဲစားရဲမှ သားရဲဖြစ်မှာ ပန်းမှာလည်း ပန်းရဲ့စည်းတော့ ရှိရမပေါ့။ ဒါဟာ စစ်ပွဲတစ်ခုပဲလေ။ ကိုယ်က ဘီလူး ပါ ဘီလူးတော့ ဘီလူး […]
ကဗျာ

တခြားရပ်ရွာတခုမှာ ကျန်နေခဲ့သူတဦး

‘တခြားရပ်ရွာတခုမှာ ကျန်နေခဲ့သူတဦး’ မျက်သွယ် မင်းလက်ဖဝါးမှာ ပွင့်တဲ့ပန်းတွေ ကိုယ်ယူလာတယ်။ မင်းကျခဲ့တဲ့သွေးကြောင့် လမ်းတလျှောက် အပင်တွေ စိမ်းလန်းခဲ့ပေါ့။ အခုတော့ မင်းအနားရပါပြီ မင်းမနားချင်သေးတာ ကိုယ်တို့သိပေမယ့် မင်းနားလို့ရပြီ။ ကုန်းမြေရဲ့တဝက်ဟာ ပြိုကွဲနေတာဖြစ်ပြီး ရေထုရဲ့ တဝက်ဟာ မျက်ရည်တွေချည်းပါ။ ကိုယ်တို့အသံတွေအခုတော့ ဆွံ့အနေပေါ့ ကိုယ်တို့ အနာဂတ်ကို ဘယ်သူတွေ တည်ဆောက်ကြမှာလဲ အခု ကိုယ်ရပ်နေတဲ့နေရာမှာ မင်းရှိနေပြီး ကိုယ်ထွက်ခွါသွားရင် မင်းက ကျန်နေခဲ့တော့မယ် အချစ်ရေ ပန်းတွေဟာ နီစွေးလို့ […]
ကဗျာ

လှည်းတန်းကို ပြန်ရောက်တယ်’

‘လှည်းတန်းကို ပြန်ရောက်တယ်’ မေရီသော် တောင်ကုန်းကို မသိမ်းပိုက်ဘဲ လှည့်ပြန်ပြီး တရေးအိပ်ဖြစ်ခဲ့ ငါ့ရဲ့ပြားချပ်ချပ်ရင်သားပေါ်မှာ စိမ်းပြာရောင်ငါးကြေးခွံတွေ စတက်လာတဲ့နေ့ မသေမျိုး ပန့်ခ်တွေ စိတ်ပျက်လက်ပျက် ဘုရားရှိခိုးကြတဲ့နေ့ ကုန်းကျော်တံတားဟာ တယောက်ယောက်ရဲ့ ခေါင်းကို ထိမှန်ပြီး ထုတ်ချင်းပေါက်ထွက်သွားမလိုလို တောအုပ်ထဲက‌ နေပြေးထွက်လိုက်တာနဲ့ မှော်ဆန်မှုတွေ ပျောက်ကွယ်သွားတာပဲ စိတ်မကောင်းပါဘူး ခင်ဗျားရဲ့အကောင်းမြင်နိုင်စွမ်းကလေး ပုတ်တော့မှာမို့ အရင်းကနေဖြတ်ရတော့မယ် မျက်နှာကျက်က ကြမ်းပြင်ထိ နီယွန်ဆိုင်းဘုတ်ချည်း ကားတာယာတွေ၊ ရေနက်ကွင်းတွေနဲ့ ကျီးကန်း‌တွေ ချန်ခဲ့ရတဲ့အရိပ်တွေ များလွန်းလို့ […]