ကဗျာ

ရန်ကုန်မှာငေး ရန်ကုန်ဟာဆွေး

‘ရန်ကုန်မှာငေး ရန်ကုန်ဟာဆွေး’ Jo ကြားချင်ပါ့မလားမသိပေမယ့် ရန်ကုန်အကြောင်းငါပြောပြမယ်။ မြက်ရိုင်းတွေထူလာတယ် တောကြောင်တွေပေါလာတယ် နေဝင်စောတဲ့ဆောင်းရာသီမှာ မမှောင်ခင်အိမ်ပြန်ရောက်မှ စိတ်တွေဟာတပူငြိမ်းတယ်။ ရန်ကင်းပန်းခြံထဲ ဂီတာထိုင်တီးတဲ့သူတွေမရှိတော့ဘူး လှည်းတန်းဂုံးတံတားအောက် စကိတ်မစီးကြတော့ဘူး နေ့မှာမျက်နှာသေတွေနဲ့ ပြေးလွှားနေကြရတဲ့သူတွေက ညရိပ်သန်းတာနဲ့ အမှောင်ကြောက်တဲ့ဇွန်ဘီတွေလိုပဲအလျှိုလျှိုပျောက်သွားလိုက်ကြတာ မြို့တော်ဟာ တိတ်ဆိတ်ခြောက်ကပ်လို့။ အဆိုးဆုံးအပိုင်းက သူငယ်ချင်းတွေထွက်သွားကြတာပဲ တချို့က လေယာဉ်ပျံကြီးစီးလို့ တချို့က ကူးတို့ခ ငါးမူးငုံလို့ တချို့က အချုပ်ထဲထောင်ထဲ တချို့ကျတော့လည်း တောထဲတောင်ထဲ။ ဟေ့ရောင်တွေ… ဘယ်တော့ပြန်ဆုံမလဲလို့အမေး ကံမကုန်ရင်ပေါ့တဲ့ ပြန်ဖြေကြတယ် […]

စကားပြေကဗျာ

အသံတိတ်ရုပ်ရှင်

“အသံတိတ်ရုပ်ရှင်” လူရောင်လွင် စစ်ကြီးက ကိုယ်ခန္ဓာတွေကို အစိတ်အပိုင်းသေးသေးလေးတွေအဖြစ် ခွဲခြမ်းစိတ်ဖြာပစ်တယ်။မင်းရဲ့လက်တဖက်က ဘယ်မှာလဲ။ချစ်ရသူရဲ့အိပ်ယာကုတင်ဘေးက ဝက်စုဘူးလေးထဲမှာလား။စပါးကျီရဲ့ထုတ်တန်းမှာ တွဲလွဲချိတ်ထားတာလား။ဆိုင်ကယ်ကို လေဘာကုန်ဆွဲရင်း နားကြပ်ကို တပ်လိုက်တော့ Gun n` Roses ရဲ့ Sweet Child O` Mine ဟာ ဆူညံစွာ အော်ဟစ်လို့ ။ငါတို့ဟာမြေနိမ့်လွင်ပြင်တွေမဟုတ်ဘူး။ငါတို့က တုန်ခါနေတဲ့ချိုင့်ဝှမ်းတွေ။မြေအောက်ဂူတွေထဲမှာ ပိုးဟတ်တွေဟာအလျှံငြီးငြီး မီးတွေတောက်လောင်လို့။စစ်ကြီးပြီးတော့စစ်သားတွေဟာ အိမ်ကိုပြန်ကြတယ်။စစ်ကြီးပြီးတော့ ချစ်ရသူရဲ့ကုတင်ဘေးက ဝက်စုဘူးလေးလည်း မရှိတော့ဘူး။ရွာထိပ်မှာထုံးဖြူသုတ်ထားတဲ့ အုတ်ဂူတွေ။သားချော့တေးကို ဘလူးတုဘောက်စ်နဲ့ အကျယ်ကြီး ဖွင့်ထားပေးကြတယ်။

ကဗျာ

တကိုယ်ရည်စာယားယံမှုကိုကုတ်ခြစ်ဖို့ မဆုံသောလမ်းမှာ

‘တကိုယ်ရည်စာယားယံမှုကိုကုတ်ခြစ်ဖို့ မဆုံသောလမ်းမှာ’ ထူးထက် ကိုယ်စီရွေးချယ်မှုတွေပါပဲ အားလုံးဟာ ဖြစ်နေတဲ့အခြေအနေတွေကို အားလုံးလည်းသိခဲ့ပြီးမှ ဆက်ပြီးပြောစရာမလိုတော့တာမျိုး မနက်ဖြန်ရှိချင်ရှိမယ် ရှိချင်မှလည်းရှိမယ် မရေရာမှုတွေကိုပဲ နေ့စဥ်ဝါးမြိုနေလိုက်ကြပုံများ လက်ကျန်အသက်ဟာ ဖွဲကြမ်းများလို ကပ်ကာလမှာ လူ့တန်ဘိုးဟာ ထက်ဝက်ကျတော့ စစ်ပွဲတွေမှာရော ဘယ်လောက်ကျမလည်း နောင်တအကြောင်းကိုဖွဲ့နွဲ့ဖို့ ဘယ်နှခါများပျောက်ဆုံးရမလည်း အရှိတရားပါပဲ အားလုံးဟာ ပြန်မြင်အောင်ကြည့်လည်း မမြင်ရတော့တဲ့မှန်ကို မှုန်ဝါးမှုပြကွက်တစ်ခုခြင်းစီအတွက် ကြေးမုံလို့ခေါ်သလား ကိုယ်သေချာမသိဘူး မသေချာမှုတွေပဲ အားလုံးဟာ အော်ဟစ်ဆဲရေးတတ်ဖို့ ပတ်ဝန်းကျင်လိုတယ် အဝိုင်းခံထားရတဲ့ထင်ယောင်မှားမှုတစ်ခုခြင်းစီကို မလှုပ်နဲ့ လို့ […]

ကဗျာ

မှားယွင်းတဲ့ အချစ်

‘မှားယွင်းတဲ့ အချစ်’ ရာမွန် အချစ်ထက် အစစ်လိုတယ်လို့ အော်နေတဲ့ ခေတ်မှာ ကိုယ်က ငူငူကြီးရပ်နေမိတယ် ကိုယ်တို့က မရေရာဘူး မြူတွေထဲကနေ အသက်ကို ငင်ရတယ် သားနှစ်ယောက် ထောင်ဝင်စာပို့ရလို့ ဆန်ကွဲနဲ့စားနေရတဲ့ အန်တီကြီးရှိတဲ့ခေတ်မှာမှ ကိုယ်တို့က ချစ်မိတယ် တယောက်တည်း မဟုတ်ဘူး ဘေးပါတ်ပါတ်လည်ကိုကြည့်လိုက် လူတွေဟာ စူးတွေပဲ အချစ် လူတွေဟာ အဆိပ်တွေပဲ အသံကို ချုပ်လို့မရတော့ လေကို ဖမ်းလို့မရတော့ ဘဝကို ချိတ်ဆွဲကြတယ် ပြန်လာချင်တယ် […]

စကားပြေကဗျာ

မေ့လိုက်ပါမြနန္ဒာ

‘မေ့လိုက်ပါမြနန္ဒာ’ မိုးမြင့်ကျော် အေးစက်စက်ရာသီဥတုထဲ တယောက်တည်းလျှောက်သွားမိတိုင်း အမလက်ဖဝါးနွေးနွေးကိုသတိရတယ်။ အမကြိုက်တဲ့ မြက်ရိုင်းပန်းဖြူတွေ၊ အမ မကြိုက်တဲ့စစ်ပွဲတွေ။ စစ်ပွဲကာလထဲ လေယာဥ်တွေဝဲလာတိုင်း ဗုံးခိုကျင်းလေးထဲ အမကြောက် နေမလား။ ကျနော့လက်တွေကို ဖျာတချပ်စာဖြန့်လို့ အမအပေါ် ကာမိုးပေးထားတယ်။ ရန်သူ့လေယာဥ်ပျက်ကြီးတွေ၊ ကျဆုံး စခန်းကုန်းတွေ၊ ပြာဖြစ်မီးလောင်သွားတဲ့ရွာပျက်ကြီးတွေ ကျနော့်မှာလည်ပါတ်စရာတွေပေါတယ်။ ဒါပေမယ့် အမရယ် အမ ,မပါဘဲ သွားလာနေရတာကို ကျနော်မပျော်ဘူး။ ကျနော်ကျဆုံးခဲ့ရတဲ့ တောင်ကမူလေး ရွှေကျင်ခိုင်းဖို့ ဘတ်ဖိုးတွေ ဝိုင်းလိုက်ပြီ။ ရန်သူ့တပ်တွေစခန်းချသွားတဲ့ […]

ကဗျာ

ငါ့အလံတော်

‘ငါ့အလံတော်’ ယောနသံ တစ်ယောက်အကြောင်း ပြောလို့ မပြီးသေးဘူး နောက်တစ်ယောက်ရဲ့ နာ‌ရေး သတင်းကို ကြားရ။ တစ်ယောက်အကြောင်း ရေးလို့ မပြီးသေးဘူး နောက်တစ်ယောက်ရဲ့ ဓါတ်ပုံအဟောင်းကို ပြန်လည် ရှာ‌ဖွေရ။ မပြောဖြစ်လိုက်တဲ့ စကားတွေ မပို့ဖြစ်လိုက်တဲ့ မက်ဆေ့ခ်ျတွေ မကိုင်ဖြစ်လိုက်တဲ့ မစ်ကောတွေ မတွေ့ဖြစ်လိုက်တဲ့ မျက်နှာတွေ ဖွင့်ဟ ဝန်မခံမိခဲ့တဲ့ ချစ်ခြင်းတရားတွေ တစ်ပိုင်းတစ်စနဲ့ အဆုံးသတ်လိုက်ရတဲ့ ကဗျာတွေ။ မနက်ဖန်ဆိုတာ မရောက်သေးပါဘူးကွာလို့ ပြောရင်း မနက်ဖန်ကို တကယ်ရောက်မသွားကြတဲ့ […]

ကဗျာ

မှိန်စုတ်စုတ် ဆေးထိုးအပ်တချောင်း

‘မှိန်စုတ်စုတ် ဆေးထိုးအပ်တချောင်း’ပန်းနုဝင်းမှုန်ကုတ်ကုတ် တောင်တန်းပေါ်ကလှုပ်တုတ်တုတ် အလင်းရောင်နောက်လိုက်နေတဲ့မှိန်စုတ်စုတ် ဆေးထိုးအပ်တချောင်း။အသက်ရှုမဝတဲ့ ဆေးရုံကိုရင်နာနာနဲ့ကျောခိုင်းခဲ့တာဘလေဘဇာဖြစ်နေတဲ့ ခေတ်ကို ပြောင်းစေချင်လို့။ငရဲမီးတွေ ငါတို့နယ်ကို မလောင်ခင်ကတည်းကမီးမုန်တိုင်းထဲ တိုးဝင်ခဲ့တာသတ္တိကောင်းလွန်းလွန်းလို့ မဟုတ်ဘူး။အိမ်က အဆင်ပြေလွန်းလို့ မဟုတ်ဘူး။ကြယ်တွေကြွေတာ မကြည့်နိုင်လို့။အေး…ကြယ်တွေကြွေတာ မကြည့်နိုင်လို့။ကားသံ မီးစက်သံ ကြားရင်တောင်ဂျက်ဖိုက်တာသံလား လို့စိုးရိမ်ရေမှတ်တွေ တက်တယ်။လက်နက်ကြီးသံဟာ အခုထိငါ့နှလုံးသွေးကြောကို ကျဥ်းစေတုန်း။“ရဲဘော် အဆင်ပြေသွားမှာနော်”လို့ပြောရင်းဆေးထိုးအပ်ကို ကိုင်နေတဲ့အချိန်မှာဘယ်အရာကိုမှ ကြောက်မနေတော့ဘူး။ဘယ်အရာကိုမှ………..။နှလုံးသည်းပွတ်ကို ဓားတွေနဲ့ မွှန်းလည်းကိုယ့်ဒဏ်ရာကိုယ် ဆေးထည့်ရင်းလမ်းကြောင်းစောင်းနေတဲ့ ကြယ်တွေအတွက်နဲ့တန်းဖြောင့်အောင်သွားနေတဲ့ ကြယ်တွေကိုဒီဆေးထိုးအပ်က လျစ်လျူမရှူ နိုင်ဘူး။

ကဗျာ

ရခဲလှတဲ့လူ့ဘဝ

‘ရခဲလှတဲ့လူ့ဘဝ’ ခွန်းနီ လူ့ဘဝဆိုတာရခဲတယ်ငါ့မြေးရဲ့ အဖွားရဲ့လက်သုံးစကားပဲ… ငယ်ငယ်တုံးကအမြဲနားယဥ်တဲ့စကား အခုရက်ပိုင်းတွေအဖွားကိုသတိရတယ် ဟုတ်ပါတယ်ကျွန်တော်မေ့နေလို့ပါ အဖွားမရှိတော့တာနှစ်ပေါင်းမနည်းတော့ အဖွားအဆုံးအမတွေနားထဲပြန်ပြန်ကြားနေရတယ် လူ့ပြည်ကအပ်တစ်စင်းနဲ့မိုးပေါ်ကအပ်တစ်စင်း ဒီအပ်နှစ်စင်းအပ်ဖျားချင်းထိမှ လူ့ဘဝဆိုတာရတတ်တာတဲ့ အတော်ခက်တဲ့ကိစ္စပဲပေါ့… အခုချိန်မှာအဖွားနဲ့ဒီအကြောင်းဆွေးနွေးချင်တယ် အဖွားစကားကိုငြင်းချက်ထုတ်ချင်တယ် တချို့တချို့များတော့လူ့အသက်တွေ လူ့ဘဝတွေ၊လူ့အိမ်မက်တွေကို ကြက်ကလေး၊ငှက်ကလေးများလို သတ်လိုက်ဖြတ်လိုက်နဲ့အဖွားရေ လွယ်လင့်တကူပါပဲလား…. အဖွားမလွယ်တဲ့ကိစ္စကိုသူတို့ဟာ လွယ်လွယ်လေးနဲ့ဖျတ်စီးနေကြတယ် ကဲ…အဖွားဘာပြောမလဲ… အဖွားရှိရင်လဲဘာမှပြောနိူင်မှာမဟုတ်ဘူး အဖွားတို့ခေတ်ကခေတ်ပျက်ကြီး ငါမြေးတို့ခေတ်ကောင်းကြီးကြုံရတာ ကံသိပ်ကောင်းတယ်ဆိုတဲ့အဖွား အခုများတော့အဖွားတို့ခေတ်ပျက်ကြီးကို ကျွန်တော်အလည်ရောက်နေတယ် အဖွားရှိမလားရှာပါသေးတယ် အဖွားမရှိပေမဲ့အဖွားသိခဲ့သလို ကျွန်တော်သိလာရတယ်…. အဖွားမသိတာတစ်ခုကအဖွားခေါင်းချခဲ့တဲ့ အညာဟာအဖွားကိုညာနေခဲ့တာပဲ ကျွန်တော့်ကိုလဲညာသွားတယ် […]

ကဗျာ

မှန်ကန်စွာရူးသွပ်ခြင်း

‘မှန်ကန်စွာရူးသွပ်ခြင်း’ ခွန်းနီ ညကတဖြေးဖြေးနက်လာပြီ ညဆိုတာအိပ်စက်ရကောင်းမှန်းသိလေ ငါ့မှာမျက်လုံးတွေမှိတ်ပစ်ဖို့ကြောက်လေပဲ။ ညရဲ့အမှောင်ထုမှာငါ့ကိုငါရှာကြည့်တယ် ဖြစ်တည်မှုဟာအသည်းအသန်ပျောက်ရှသွားခဲ့ပေါ့။ ငါ့နံရိုးတွေကိုစမ်းကြည့်မိသေးတယ်မာရီနာ မင်းမဟုတ်တဲ့တစ်စုံတစ်ယောက်ကများငါ့နံရိုးကို လိမ်လည်လှည့်ဖျားပြီးယူသွားသလားပေါ့…။ တကယ်တော့ဘာမှမယူသွားကြသလို ငါ့မှာလဲဘာမှမရှိတော့ပါဘူး…။ ဟနေတဲ့မေးရိုးထဲလက်နှိုက်ရှာကြည့်မိတော့ မျှတလွတ်လပ်တဲ့အငွေ့အသက်ဆိုတာ စိုးစင်းမျှမထိတွေ့၊မခံစားရတဲ့ညတွေပါမာရီနာ။ အိပ်မပျော်တဲ့ညတွေမှာလန့်လန့်နိုးရတာလဲပြဿနာ အားလုံးကိုစိတ်ချဖို့တဖွဖွပြောနေပေမဲ့လက်တွေ့မှာ စိတ်ချလက်ချအိပ်ပျော်ဖို့တောင်လေးလံလွန်းနေတယ် ကြာရင်ရူးမှာပါတဲ့…မခက်ပေဘူးလားမာရီနာ။ လူသိရှင်ကြားရူးတာနဲ့လူမသိသူမသိတိတ်တဆိတ် ရူးနှမ်းတာမျိုးကကြားထဲမှာအလွှာပါးပါးလေးတစ်ချပ် ပဲခြားထားတယ်မာရီနာ…။ ရူးသွပ်ပုံရူးသွပ်နည်းတွေမှာဒဏ်ရာကိုယ်စီနဲ့ ဒါပေမဲ့တစ်ချို့ဒဏ်ရာတွေကလှတယ်မာရီနာ။ တချို့ဒဏ်ရာတွေဟာတောင်ပေါ်မှာ၊တချို့ကပင်လယ်နားမှာ၊တချို့ကမြေပြန့်မှာအသီးသီးပြန့်ကျဲနေတယ်။ ဒီကာလမှာတော့လူငယ်များစွာဟာစစ်မက်ကိုရူးကြပြီ တော်လှန်ခရီးကိုရှေ့ဆုံးကသွားမယ်ထအော်တဲ့ရဲဘော် လေး…အသံတွေတောင်ပြာလို့…။ အရှိတရားတစ်ခုမှာတော့ခြေထောက်တဖက်ကမရှိတော့ဘူး၊တစ်သက်လုံးထိုင်နေဖို့ကိုငြင်းဆန်နေတဲ့ခြေ နှစ်ဖက်လုံးစွန့်ခဲ့တဲ့ရဲဘော်လေးတွေလဲရှိတယ်မာရီနာ။ ကိုယ့်အိမ်မက်ကိုနှောင်တချိန်မှာဖမ်းဆုပ်ထားဖို့ အများနည်းတူလက်နှစ်ဖက်နဲ့မဟုတ်ပဲတစ်ဖက်တည်းနဲ့မြဲအောင်လေ့ကျင့်နေတဲ့ရဲဘော်တချို့၊လောကအလင်းကိုတစ်သက်လုံးမမြင်နိူင်တော့မဲ့အမှောင်ထဲ မှာမနေလိုသူရဲဘော်လေးတွေအများကြီးဆိုမှအများကြီးပဲမာရီနာရေ…။ ယုံကြည်ရာအတွက်ရူးမိုက်ပုံများ အရိုးထဲထိခိုက်ကြတဲ့လူငယ်တွေ….။ […]

ကဗျာ

နွမ်းနွမ်းလျလျ ​ဒီဇင်ဘာ

‘ နွမ်းနွမ်းလျလျ ​ဒီဇင်ဘာ ” ဆိုမာလီ အမှောင်ထဲကဗျာတွေရေးတော့ စကားလုံးတွေကတွန့်လိမ်ကောက်ကွေးနေတယ် ဒီဇင်ဘာလမှာအအေးဓာတ်တွေက တစ်ယောက်ထဲပိုလွန်ကဲနေလို့ မင်းကိုယ်ငွေ့လေးအနဲငယ်လိုတယ်…..။ ဒီလိုပဲဖြတ်ကျော်လာခဲ့ရင်း မကြာခင်ဒီဇင်ဘာပြန်ရောက်တော့မယ် ရေခဲရိုက်ပြီးသားနှလုံးသားလေး အခုထိရောင်းတန်းမဝင်သေး ဒီနှစ်ဒူးရင်းသီးတွေပိုချိုမယ်ထင်လို့ စျေးမေးထားသေးတယ်…။ ပျိုမြစ်တဲ့တနင်္ဂနွေညတွေမှာ ခရီးတွေပတ်သွားချင်တယ် ညစျေးတန်းထက်လှတဲ့ ရှုမျော်ခင်းလှလှတွေဝယ်ပေးထားပြီး ချက်အရက်ပြင်းပြင်းကို တစ်ချိုက်ထဲအတူတူမော့မယ် ငှက်ကလေးတွေကို အိပ်တန်းမတက်စေပဲတေးသီခိုင်းမယ် ညနေရဲ့နေအဝင်မှာ ခိုကပ်လိုက်ပါခဲ့တာဒီဇင်ဘာသုံးခု အခုထိပီပီပြင်ပြင်ကိုင်ဖျားကိုင်းနားလေးတောင်အစရှာမတွေ့သေး ဓာတ်ကြိုးပေါ်ကငှက်တွေကတော့ အဆင်ပြေလားမေးရှာတယ် ရူးသွပ်မူတွေဟာကဗျာဆန်ကြောင်း ကျွန်တော်ပြန်ဖြေခဲ့တယ်…..။ အိပ်မောကျနေတဲ့လူတစ်ယောက်အတွက် အိပ်မက်တွေစျေးကြီးတယ်ဆိုတာအလကားပါ ဘယ်အရပ်ဒေသရောက်ရောက် မေ့မရပုံက […]