ငါတို့ အိမ်ပြန်ကြတဲ့နေ့မှာ
မောင်တိမ်ဘားမား သေနတ်ပြောင်းမှာ ချည်ထားတဲ့ ဇာပဝါဖြူဖြူ*တွေကို အိမ်သူတွေက ဆံပင်မှာစည်းလို့ လမ်းတွေမှာ ပန်းတွေ မခြောက်သေးတဲ့ သွေးတွေအပြည့်နဲ့ ကတ္တရာလမ်းမကို ငါဟာ ကုန်းနမ်းလိုက်တယ်။ တမြို့လုံးက ကားဟွန်းသံတွေဆူညံလို့ ငါတို့နိုင်ပြီလို့ အသံမြည်တဲ့ အပြုံးတွေဟာဝေလို့ မျက်ရည်တွေအားလုံးဟာ စုစည်းသွားပီး အုတ်ဂူတလုံးဖြစ်သွားတယ်။ ကျဆုံးလေပြီးသော အညတရအားလုံးအား အလေးပြု လို့ ငါ ထ,အော်လိုက်တယ်။ သစ္စာဖောက်တွေဟာ ခေါင်းတောင်မထောင်နိုင်ကြဘူး။ စစ်ပြန်ကြီးနာမည်နဲ့ ဘားတွေ တမြို့လုံးအနှံ့ပေါ်လာတယ်။ အမေတွေက မျက်လုံးလေးတွေကိုပွတ်လို့ အဖေတွေ […]