မျက်မှောက်ရေးရာဆောင်းပါး

ဘာကြောင့် မြန်မာစစ်တပ်ကို ဖျက်သိမ်းဖို့ လိုအပ်သလဲ

“ဘာကြောင့် မြန်မာစစ်တပ်ကို ဖျက်သိမ်းဖို့ လိုအပ်သလဲ”နေသွင်ညိဏ်း၂၀၁၀ အာရပ်နွေဦးကာလမှာ အပြောင်းအလဲ ဘယ်လိုဖြစ်ပေါ်နိုင်မလဲဆိုတာကို နိုင်ငံရေးသိပ္ပံပညာရှင် နှစ်ယောက်ဖြစ်တဲ့ အဲဖရက် စတီဗင်နဲ့ ဂျူအန် လူဝစ်တို့က စာတမ်းတစောင် ရေးသားခဲ့တယ်။ Sultanism ကို မင်းဆိုးမင်းညစ်စနစ်လို့ ကျနော်က အနက်ယူပါတယ်။ ပညာရှင်နှစ်ယောက်ရဲ့ ဆိုလိုရင်းက နိုင်ငံတနိုင်ငံမှာ ဒီလို Sultanism စနစ်မျိုး ခိုင်မာနေရင် စနစ်အပြောင်းအလဲမှာ လက်နက်ကိုင်သူပုန်ထတဲ့ နည်းကလွဲလို့ တခြားရွေးချယ်စရာ မရှိဘူး ဆိုတဲ့သဘောပါ။ဒီပုဂ္ဂိုလ်နှစ်ယောက် ပူးတွဲရေးခဲ့တဲ့စာအုပ် ဒီမိုကရက်တိုက်ဇေးရှင်း […]

ဆောင်းပါး

မင်းအောင်လှိုင် ဆက်မက်နေသေးတဲ့ သမ္မတရူးအိပ်မက်

လင်းခေတ် ၆ ကြိမ်မြောက် အရေးပေါ်ကာလအဖြစ် နောက်ထပ် ၆ လ သက်တမ်းတိုးခြင်းမှာ မင်းအောင်လှိုင်သည် မပြောင်းမလဲ မိုက်မိုက်ကန်းကန်း မင်းအောင်လှိုင် သာဖြစ်ကြောင်း နောက်ထပ် သက်သေပြလိုက်ခြင်းဖြစ်တယ်။ တွေ့ဆုံဆွေးနွေး အဖြေရှာရေးဆိုတဲ့ လူကြီးလူကောင်း နိုင်ငံရေးဆီသို့ မင်းအောင်လှိုင် တက်လှမ်းလာလိမ့်နိုး စိတ်ကူးယဉ် မျှော်လင့်နေကြတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို မင်းအောင်လှိုင်အပေါ် စိတ်ကူးယဉ်လို့ မရကြောင်း ပြောကြားလိုက်ခြင်းလည်း ဖြစ်တယ်။ ဇူလိုင် ၃၁ ရက်မှာ ကိုယ့်ကိုယ်ကို ယာယီသမ္မတခန့်ထားတဲ့ မင်းအောင်လှိုင်က […]

မျက်မှောက်ရေးရာဆောင်းပါး

ကြပ်ပြေးကနေ ဘယ်ပြေးမလဲ

လင်းခေတ် မအောင်မြင်တဲ့ အာဏာသိမ်းပွဲကို စတင်ပြီးနောက် မင်းအောင်လှိုင် တောက်လျှောက်ဆိုသလို ကျစ်ကျစ်ပါ ဆုပ်ကိုင်ထားတဲ့ မူဝါဒမှာ စစ်ကောင်စီ ဘာလုပ်လုပ် ခြွင်းချက်မရှိ ထောက်ခံမှုပေးရေး တခုတည်း။ မင်းအောင်လှိုင်က အဲဒီမူဝါဒကို ပြည်တွင်းက နယ်ပယ်စုံ ဆက်ဆံရေးမှာတင်မက နိုင်ငံတကာဆက်ဆံရေးမှာလည်း အဲဒီအတိုင်းပဲ ကျင့်သုံးခဲ့တယ်။ သမ္မတရူး မင်းအောင်လှိုင်အတွက် အရူးသွေးက ငယ်ထိပ်တက် ဆောင့်နေလေတော့ အတိုး အလျှော့ အဖိ အဖော့ နည်းပရိယာယ်မရှိ၊ တည့်ဆိုတာချည်း။ ပြီးတော့ မင်းအောင်လှိုင်က […]

ဆောင်းပါး

လေညင်းခံ ဘဲကင်စား သိန်းစိန် ဘေဂျင်းသွား တောလား

လင်းခေတ် နိုင်ငံရေးသွေးဆုံးနေပြီဖြစ်တဲ့ သမ္မတဟောင်း သိန်းစိန်တယောက် တရုတ်ရဲ့ အချွန်နဲ့မမှုကြောင့် ဘေဂျင်းကို ယက်ကန်ယက်ကန်နဲ့ ရောက်ခဲ့တယ်။ ဘေဂျင်းမှာ ကျင်းပမယ့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အခမ်းအနား တက်ရောက်ခြင်းလို့ဆိုတယ် ။ဇွန် ၂၇ ရက်မှာ ဘေဂျင်းသို့ ထွက်ခွာတယ်။ဘေဂျင်းမသွားမီ တရက်၊ ဇွန်လ ၂၆ ရက်မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen […]