ဆောင်းပါး

လူအုပ်ကြီးရဲ့ အသည်းကွဲမှု”

နွေဦးစင်ရော် အများကြိုက် အနုပညာအပေါ် ခုံမင် ညွှတ်နူးကြလေ့ရှိတဲ့ ကျနော်တို့ရဲ့ လူအုပ်ကြီးဟာ မကြာခနဆိုသလို အသည်းကွဲနေကြရတယ်။ အထူးသဖြင့် လူသိများ ထင်ရှားကြတဲ့ ဆယ်လီဘရစ်များအပေါ်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် အနုပညာသမားများအပေါ်မှာပေါ့။ ဒါက ဘာကြောင့်လဲလို့ဆိုရင် ဘယ်လို အဖြစ်အပျက် အခြေအနေကိုမဆို ဉာဏ်နဲ့ယှဥ်မတွေးတတ်ဘဲ သံယောဇဥ်နဲ့ပဲ favor ပေးလိုတဲ့ စိတ်အခံကြောင့်လို့ပဲ စွပ်စွဲပြောချင်ပါတယ်။ သည်တော့ “ချစ် လုံးလုံး၊ မုန်းလျားလျား” ဆိုတာချည်း ဖြစ်ကြရတယ်။ နာကျင်ခံခက်ဖြစ်ကာ အကြီးအကျယ် […]
ဆောင်းပါး

Resilient (ခံနိုင်ရည်ရှိသော)

ကျီးကန်း ဒီအချိန်၊ ဒီလိုအခြေအနေတွေမှာ အတင်း စိတ်အားတက်ကြွစရာတွေကို ပြောဖို့ဆိုတာ အင်မတန်မှ ခက်လှပါတယ်။ ကျနော့်အနေနဲ့ Motivation နဲ့ ပတ်သက်ပြီး ရှောင်ခဲ့တာတွေမှ၊ မပြောဖြစ်ခဲ့တာတွေမှ အများကြီးရှိပါတယ်။ အဘက်ဘက်က ခက်ခဲနေချိန်၊ စိတ်ပိုင်းဆိုင်ရာအားဖြင့်၊ ရုပ်ပိုင်းဆိုင်ရာအားဖြင့် တစုံတရာကို အထောက်အကူပြုစေဖို့ရာ ရည်ရွယ်၍ ဒီစာကို ရေးပါတယ်ခင်ဗျာ။ လူတွေ ဒုက္ခရောက်နေချိန်၊ လူတွေ အခက်အခဲများစွာ၊ စိတ်အားငယ်စရာများစွာ၊ စိန်ခေါ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်တွေ့ကြုံ ကျော်ဖြတ်နေရတဲ့အချိန်မှာ လူသားတယောက်အနေနဲ့ ဝေမျှခြင်းမေတ္တာကို ကိုင်ဆုပ်လို့ […]
ဆောင်းပါး

နောက်ဆုံးအဆင့်သို့ ရောက်ရှိခြင်း

– သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ကျော်ဇောခိုင် ဟိုင်ဂင်ဆွေးနွေးပွဲ စကစဘက်ကမတက်လို့ ပျက်သွားတဲ့နောက် တရုတ်က အချိန်ဆိုင်းမနေဘဲ အထူးသံတမန် တိန့်ရှီကျွန်း ရောက်လာပြီး မအလနဲ့ သြဂုတ်လ ၈ ရက်မှာ တွေ့တယ်။ ဆွေးနွေးတာတွေ အဆင်မပြေဘူးဆိုတဲ့ ယေဘုယျသတင်းတွေ ထွက်လာတယ်။ သြဂုတ် ၁၃ ရက်နေ့ရောက်တော့ နိုင်ငံခြားရေးဝန်ကြီးဝမ်ယီ မြန်မာပြည်လာမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တယ်။ လန်ချန်း-မဲခေါင် ဆွေးနွေးပွဲကို အကြောင်းပြချက်ပေးတယ်။ ‘မခိုင်လုံသော အကြောင်းပြချက်’ လန်ချန်း-မဲခေါင် […]
ဆောင်းပါး

မန်းမြေသို့ လှမ်းနေတဲ့ အပြန်ခြေလှမ်း

မင်းသွင် သူသည် မန္တလေးဇာတိ မဟုတ်သော်လည်း မန္တလေးသားဟုပင် ပြောရမည်။ မန္တလေး မြို့လယ်ခေါင်တွင် အထက်တန်းကျာင်းတက်ခဲ့ပြီး မန္တလေးဆိုသည် မှာ သူ့အတွက် ထုံးလိုချေ၍ ရေလိုနှောက်နိုင်သည်အထိ ကျွမ်းကျင်နှံ့စပ်သော မြို့ဖြစ်သည်။ ဂေါဝိန်၊ သင်္ဂဇာချောင်း၊ ရန်ကင်းတောင်၊ စက်မှု၊ ကျွဲဆည် ကန်၊ တောင်သမာန်အင်း၊ ရှမ်းလေးကျွန်းအထိ သူမရောက်ဖူးသော နေရာမရှိ။ သို့သော် … စွယ်တော်ဘုရားကြီး အနီးရောက်တိုင်း တစုံတရာကို အလိုမကျသည့်စိတ်က မကြာခန နှိပ်စက်တတ်သည်။ နဝတ/နအဖ […]
ဆောင်းပါး

စုစည်းမှုဖြင့် ရေရှည်စစ်ကို ရှောင်ရှားခြင်း

– သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ကျော်ဇောခိုင် သြဂုတ် ၃ ရက်နေ့က အထင်ကရစစ်တိုင်းတခုဖြစ်တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (လားရှိုး) ကို MNDAA နဲ့ PDF ပူး‌‌ပေါင်းတပ်တွေကသိမ်းယူလိုက်တယ်။ စစ်တပ်ရဲ့ သတင်းထုတ်ပြန်ရေးဘက်ကလည်း ရမခစစ်တိုင်းက အရာရှိကြီးတွေ (ဗခ ၁ နဲ့ ဗမခ ၂) ဖမ်းစီးခံထားရတယ်လို့ ဝန်ခံပြောကြားတာတွေ့ရတယ်။ စစ်တပ်ဘက်က ပထမဆုံးစစ်တိုင်းတခုကျသွားတာဖြစ်သလို စစ်ဘက်အဆင့်တွေထဲမှာ ဗိုလ်ချုပ်အဆင့် (တိုင်းမှူး) အထိ စတင်ဆုံးရှုံးတာဖြစ်တယ်။ ‘မအောင်မြင်သောမိန့်ခွန်း’ […]
ဆောင်းပါး

၈၈ သမိုင်း မရိုင်းခဲ့ဖူးပါ (၁)

မောင်လွင်မွန် (ကသာ) ယခုနှစ် ၈၈ ဒီမိုကရေစီလှုပ်ရှားမှု နှစ်ပတ်လည် နီးလာတဲ့အချိန်မှာ ၈၈ နဲ့ပတ်သက် ပြီး မမေ့နိုင်တာလေးတချို့နဲ့ အမှတ်တရ အတိုအထွာ ရေးခဲ့ဖူးတာတချို့ကို ပြန်စုစည်းပြီး လိုအပ်တာတချို့ ဖြည့်စွက်လို့ စာဖတ်သူတို့ဆီ မျှဝေဖို့ ရည်ရွယ် စိတ်ကူးမိပါတယ်။ နွေဦးတော်လှန်ရေးအစပိုင်း ၂၀၂၁ မတ်လ ၂၈ ရက်နေ့မှာ မုံရွာက အသက်၂၀ အရွယ် သူနာပြုဆရာမလေး သဉ္စာဟိန်း ကျဆုံးသွားတဲ့ ကြေကွဲဖွယ်သတင်းနဲ့အတူ ဆရာမလေး ရေးခဲ့တဲ့ကဗျာ၊ […]
ဆောင်းပါး

မဟာမိတ် ပိုးလုံချည်

ဆူးရစ်နွယ် တတိုင်းပြည်လုံး နယ်ချဲ့လက်အောက်ကို ကျရောက်သွားချိန်၊ ကိုလိုနီခေတ်ဦး တော်လှန်ရေးတွေ ဦးနှိမ်ခံလိုက်ရချိန်မှာတော့ ဗမာတွေ တော်လှန်ရေးကိစ္စနဲ့ အလှမ်းဝေးသွားကြတော့တယ်။ စားဝတ်နေရေး ယန္တရားကြီးထဲမှာ မငတ်ရုံတမယ် နင်းပြားလူတန်းစားတွေ ပေါ်ပေါက်လာကြတော့တယ်။ ဆင်းရဲကြတာချင်းအတူတူ ပဒေသရာဇ်ခေတ်မှာလို နေသာသမှု မရှိတော့ဘူး။ တပါးကျွန် ဖြစ်ရလေခြင်းဆိုတဲ့ မချိတင်ကဲစိတ်တွေနဲ့ ကျော်ဖြတ်နေကြရတယ်။ ဒါသည်ပင် တနေ့မှာ အုံကြွပေါက်ကွဲလာမယ့် တော်လှန်ရေးကြီးတရပ်အတွက် အခြေခံကောင်းလို့တောင် ပြောနိုင်ပါတယ်။ ပြည်တင်း မင်းမခံနိုင် ဆိုတဲ့စကားရှိသကိုး။ အားမတန်လို့ ဒူးတုပ်လိုက်ရပေမယ့် နေနှင့်ဦးပေါ့ကွာဆိုတဲ့ […]
ဆောင်းပါး

မင်းအောင်လှိုင် ဆက်မက်နေသေးတဲ့ သမ္မတရူးအိပ်မက်

လင်းခေတ် ၆ ကြိမ်မြောက် အရေးပေါ်ကာလအဖြစ် နောက်ထပ် ၆ လ သက်တမ်းတိုးခြင်းမှာ မင်းအောင်လှိုင်သည် မပြောင်းမလဲ မိုက်မိုက်ကန်းကန်း မင်းအောင်လှိုင် သာဖြစ်ကြောင်း နောက်ထပ် သက်သေပြလိုက်ခြင်းဖြစ်တယ်။ တွေ့ဆုံဆွေးနွေး အဖြေရှာရေးဆိုတဲ့ လူကြီးလူကောင်း နိုင်ငံရေးဆီသို့ မင်းအောင်လှိုင် တက်လှမ်းလာလိမ့်နိုး စိတ်ကူးယဉ် မျှော်လင့်နေကြတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို မင်းအောင်လှိုင်အပေါ် စိတ်ကူးယဉ်လို့ မရကြောင်း ပြောကြားလိုက်ခြင်းလည်း ဖြစ်တယ်။ ဇူလိုင် ၃၁ ရက်မှာ ကိုယ့်ကိုယ်ကို ယာယီသမ္မတခန့်ထားတဲ့ မင်းအောင်လှိုင်က […]
ဆောင်းပါး

မိမိကိုယ်ကို သတ်သေခြင်း သို့မဟုတ် ဆူဆိုက် (Suicide)

မောင်မူ ဒီရက်ပိုင်းမှာ ရဲဘော်တချို့ မိမိကိုယ်ကို သတ်သေတဲ့ သတင်းတချို့ကို ခပ်စိပ်စိပ် ကြားရပါတယ်။ ပြောရရင် စိတ်ပိုင်းဆိုင်ရာ အဆင်ပြေသူတယောက်သာဆို ဘယ်သူမှ မသေချင်ပါဘူး။ သူတို့တွေရဲ့စိတ်ထဲ ဘယ်လို ဒဏ်ရာဒဏ်ချက်တွေရပြီး ဘယ်လောက် ပင်ပန်းဆင်းရဲခဲ့လို့များ ဒီလိုနည်းလမ်းကို ရွေးချယ် သွားကြရှာသလဲဆိုတာ စဉ်းစားဖို့တောင် မရဲစရာပါဘဲ။ ဘယ်လိုပဲဖြစ်ဖြစ် သွားနှင့်သူတွေက သွားကြပါပြီ။ ကျန်ရစ်သူတွေအနေနဲ့ ဒီလိုမျိုးတွေ ထပ်မဖြစ် အောင် ကူညီမယ့် လက်တစုံဖြစ်ဖို့ ဒီအကြောင်းကို လုံးဝ ရေးဖို့လိုတယ်လို့ […]
ဆောင်းပါး

၁၀၂၇ ဒုတိယလှိုင်းရဲ့ စီးဆင်းမှု

– သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ကျော်ဇောခိုင် ဇူလိုင်လကုန်မှာ စကစ နောက်ထပ် သက်တမ်း ၆ လ ထပ်တိုးတယ်။ ဒီတခေါက် သက်တမ်း ၆ လကုန်ရင် ဘာတွေထူးခြားမလဲလို့ စောင့်ကြည့်နေသူတွေရှိတယ်။ အကြောင်းရင်းက စစ်တပ်ခေါင်းဆောင်ဟောင်းတွေနဲ့ လက်ရှိ ဒုတပ်ချုပ်တို့ရဲ့ တရုတ်ပြည်သွားတောလား၊ တရုတ်ရဲ့ မအောင်မြင်တဲ့ နှစ်ပတ် အပစ်ရပ်တောင်းဆိုချက်နဲ့ ရာပြည့် ဒေါ်အောင်ဆန်းစုကြည်ဆီ သွားတွေ့တယ်ဆိုတဲ့ သတင်းတွေကြောင့်ဖြစ်တယ်။ သို့သော် မအလ ယာယီသမ္မတသစ်ဖြစ်ခြင်းနဲ့ နောက်ထပ် […]