အခုခေတ်ကလေးတွေ ကံကောင်းတယ်
“အခုခေတ်ကလေးတွေ ကံကောင်းတယ်” ရိုင်းစိုင်းသော် “အခုခေတ်ကလေးတွေ ကံကောင်းလိုက်တာ” ဒီလိုကာလမှာတော့ အရင်ကလောက် သိပ်မပြောဖြစ်ကြပေမယ့် မကြာခန ကြားလေ့ကြားထရှိသော စကားပဲ ဖြစ်ပါသည်။ “အခုခေတ်ကလေးတွေ ကံကောင်းတယ်။ ငါတို့တုန်းကဆိုရင် …” ဟူ၍ ဆက်စပ်နှိုင်းယှဉ်ပြ၍လည်း ပြောတတ်ကြပါသေး၏။ ဟုတ်ပါသည်။ အခုခေတ်ကလေးတွေ ကံကောင်းကြပါသည်။ စစ်ပွဲကြီးဖြစ်ပွားနေလို့ သူတို့တွေ ကံမကောင်းကြရှာဘူးလို့တော့ သဘောမထားစေလိုပါ။ စစ်ပွဲကြီးဖြစ်ပွားနေရသော အဓိကတရားခံတွေကို အားလုံးသိပြီးသားဖြစ်ပြီး စစ်ပွဲဟူသည့်အရာမှာလည်း မည်သည့်မျိုးဆက်က ကလေးများနှင့် မျှ မသက်ဆိုင်သင့်ချေ။ ကံဆိုတာက […]