
ဆောင်းပါး
လူခြေတိတ်သွားတဲ့ ပန်းခြံ
‘လူခြေတိတ်သွားတဲ့ ပန်းခြံ’ တာပလု ပန်းခြံဘေးတနေရာကို ရောက်လာတဲ့နေ့က မိုးက ဖွဲဖွဲကျနေတယ်။ ပန်းခြံထဲမှာတော့ ခွေးတကောင် ကြောင်တမြီးမှ မရှိသလို လူတွေလဲ တယောက်တလေမှတောင် မရှိဘူး။ ပန်းခြံ သန့်ရှင်းရေး လုပ်တဲ့သူတော့ ရှိသင့်တာပေါ့။ အခုတော့ လူသူကင်းရှင်းနေတဲ့ ပန်းခြံတခုဖြစ်လို့နေတယ်။ ပန်းခြံလို့သာပြောတာပါ။ လေးဖက်လေးလံ ခြံစည်းရိုးခတ်ထားတာဆိုတော့ မြေကွက်လပ်တခုကို ခြံခတ်ထားတာနဲ့တောင် တူနေတယ်။ ခြံစည်းရိုးတနေရာမှာတော့ ပန်းခြံရဲ့နာမည်ကို ရေးထိုးထားလို့သာ ဒီနေရာဟာ ပန်းခြံတခုဖြစ်တဲ့အကြောင်းကို သိရမှာပါ။ ဒီဆိုင်းဘုတ်မရှိဘူးဆိုရင်တော့ ဒီနေရာက […]