ဆောင်းပါး

ဝါရှင်တန်အလှည့်အပြောင်း

သတင်းသုံးသပ်ချက်ဆောင်းပါး ကျော်ဇောခိုင် (ကောက်စာ – တနည်းပြောရရင် တရုတ်နဲ့အားပြိုင်မှုမှာ မြန်မာ့တော်လှန်ရေးက ဦးစားပေးအဆင့်မှာမရှိဘဲ ချကျွေးထားတဲ့ သဘောမျိုးလို ဖြစ်နေတယ်။) လားရှိုးပတ်ဝန်းကျင်မှာ ဇွန်လ ၂၉ ရက်က ပထမအကြိမ်၊ ဇူလိုင် ၂ ရက်နေ့ညပိုင်းမှာ ဒုတိယအကြိမ် တိုက်ပွဲတွေပြင်းထန်နေပြီး MNDAA နဲ့ TNLA တပ်တွေ လားရှိုးကို ဦးတည် တိုက်ခိုက်နေတာဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြတယ်။ ပြီးခဲ့တဲ့အပတ်က တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ရှမ်းမြောက်ဒေသတွေအားလုံးမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး […]

ဆောင်းပါး

အရှေ့ကို လျှောက်ပါလို့ အနောက်ကိုတဲ့မျှော်လိုက်ရင်

■ ဆောင်းပါးရှင် ကျော်ဇောခိုင် ရေးသားသော “အရှေ့ကိုလျှောက်ပါလို့ အနောက်ကိုတဲ့ မျှော်လိုက်ရင် – သတင်းသုံးသပ်ချက်ဆောင်းပါး” ကို မြင့်ထက်အောင် ရွတ်ဖတ်ထားပါသည်။ – The Call ရဲ့ YouTube Channel (https://youtube.com/@thecall2022) တွင်လည်း Audio Book များကို ခံစားနားဆင်နိုင်ပါတယ်။

ဆောင်းပါး

ဆရာ ညာနေတာ

◼️ရွယ်မိုး “ပန်းကလေးများ ပွင့်တော့မည် ဖူးတံဝင့်လို့ချီ နေခြည်မှာ ရွှေရည်လောင်း ငါတို့စာသင်ကျောင်း” အမျိုးသားစာပေဆုရ ပျဥ်းမနားမောင်နီသင်းရဲ့ “တို့ကျောင်း” ကဗျာကို အဲ့ဒီမနက်က သင်ကြား ရွတ်ဆိုခိုင်းဖြစ်ပါတယ်။ ဘုစုခရု ကလေးတွေ အယောက် ၃၀ ကျော်လောက်က တညီတညာတည်း ဆိုကြပါတယ်။ ကလေးတွေဟာ စာသင်ကျောင်းထဲက ပန်းကလေးတွေဖြစ်ကြောင်း၊ ဆရာတို့က ဘယ်လို ပြုစုပျိုးထောင်ပေးရမှာဖြစ်ကြောင်း ရှင်းပြပါတယ်။ ထို့နောက် လေးငါးခါလောက် ကဗျာတိုင်ပေးပြီးတော့ ကစားချိန် အတန်းခနနားလိုက်တယ်။ ပြီးတော့ ကျနော်ထိုင်နေကျ […]

ဆောင်းပါး

ကိုယ်တိုင်ရုန်းထွက်မှ ရမယ့်အခြေအနေ

◼️Simon ကမ္ဘာပေါ်မှာ စစ်မှုမထမ်းမနေရဆိုပြီး ဥပဒေပြဌာန်းထားတဲ့ နိုင်ငံတွေရှိတယ်။ ဒါပေမယ့် ကျနော်တို့နိုင်ငံက စစ်ကောင်စီပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေက သူများနိုင်ငံတွေနဲ့ မတူသလို အခြေအနေခြင်းလည်း မတူဘူး။ သူများနိုင်ငံတွေရဲ့ စစ်မှုမထမ်းမနေရ ဆိုတဲ့နေရာမှာ ပြည်သူတွေကိုယ်တိုင်က လိုလိုလားလားနဲ့ ဝင်ရောက်ပြီး ထမ်းဆောင်ကြတာဖြစ်သလို ပြည်ပနိုင်ငံတွေရဲ့ ကျူးကျော်မှုကို ကာကွယ်ဖို့လိုတာကြောင့် စစ်မှုထမ်းကြတာလည်းဖြစ်တယ်။ ဥပမာ … ယူကရိန်းနဲ့ ရုရှားစစ်ပွဲမှာဆိုရင် ကမ္ဘာအရပ်ရပ်က ယူကရိန်းပြည်သူတွေကိုယ်တိုင်က သူ့နိုင်ငံကို ပြန်လာကြပြီး စစ်မှုထမ်းကြသလို တောင်ကိုရီးယားမှာဆိုရင်လည်း မြောက်ကိုရီးယားရဲ့ […]

ဆောင်းပါး

လူမသေခင် နာမည်သေသူနှင့် လူသေပြီး နာမည်မသေသူ

“လူမသေခင် နာမည်သေသူနှင့် လူသေပြီး နာမည်မသေသူ”Simonဆိုင်မွန်ရေ ဘဘဦးတင်ဦး ဆုံးသွားပြီကွ!မနက်စောစောစီးစီး သူငယ်ချင်းပို့လိုက်တဲ့ စာကိုမြင်ပြီး ကျနော့်စိတ်မှာ တွေးစရာတွေ အများကြီးဖြစ်လာတယ်။အားလုံးသိတဲ့အတိုင်း ဘဘဦးတင်ဦးဆိုတာ NLD ပါတီရဲ့ နာယကကြီးဖြစ်တဲ့အပြင် အမေစု ယုံကြည်အားထားရတဲ့ ပုဂ္ဂိုလ်ကြီး။ စစ်သားဘ၀ကနေ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့လှုပ်ရှားတွေမှာ ကိုယ်တိုင် ဦးဆောင်ပါ၀င်လာပြီး ၈၈ မှာ အမေစုရဲ့ NLD ပါတီနဲ့အတူ ပြည်သူ့ဘက်ကနေ ရပ်တည်ပေးခဲ့တဲ့ ရှားရှားပါးပါး စစ်ဗိုလ်ချုပ်ဟောင်း တယောက်ဆိုလည်း မမှားဘူး။နိုင်ငံရေးသြဇာကြီးမားသလို […]

ဘာသာပြန်ဆောင်းပါး

မြန်မာတောနက်ထဲက လျှို့ဝှက်ဆေးရုံ

“မြန်မာတောနက်ထဲက လျှို့ဝှက်ဆေးရုံ” ထို့တပတ် (Sky News သတင်းဌာန သတင်းထောက်ချုပ် Stuart Ramsey ရေးသားသည့် ‘Myanmar’s Secret Jungle Hospital’ ကို ဆီလျော်အောင် ပြန်ဆိုပါသည်။) ‘ကြောက်မက်ဖွယ် တိတ်ဆိတ်မှု’ တောနက်ကြီးက တိတ်ဆိတ်နေတယ်။ သစ်သားဘုရားတဆူ‌အောက် ကြမ်းပြင်မှာ ခြင်ထောင်ပတ်ပြီး ကျနော် အိပ်ပျော်နေတယ်။ ကျနော့်ခြေရင်းဘက်မှာတော့ မြန်မာနိုင်ငံရဲ့လျှို့ဝှက်ဆေးရုံတခုကို ဖုံးကွယ်ထားတဲ့ ခပ်မတ်မတ်တောင်ကုန်းတခုရှိတယ်။ “လူနာတယောက် ထပ်ရောက်တယ်။ ခင်ဗျားလိုက်မလား” လို့ ဆရာဝန်က […]

ဆောင်းပါး

ငါတို့ မျှော်လင့်ခဲ့တဲ့ “ရန်ကုန်ရဲ့ မိုက်ကယ်ကောလင်း

“ငါတို့ မျှော်လင့်ခဲ့တဲ့ “ရန်ကုန်ရဲ့ မိုက်ကယ်ကောလင်း”မယ်စုံကျမတို့ လူငယ်မျိုးဆက်တွေနဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွေမှာ ကျင်လည်ကြသူတွေဟာ ၇၀၊ ၈၀၊ ၉၀ ခုနှစ်ပတ်ချာလည်က တော်လှန်ရေးစာပေတွေ၊ ရုပ်ရှင်တွေနဲ့ ကြီးပြင်းလာရပြီး ထိုဖြစ်စဥ်တွေကို ကြားဖူးရုံနဲ့ ကိုယ်တိုင်ပါဝင်သလို ခံစားရှုမြင်ကြ၊ စနစ်တည်ဆောက်ရေးဆိုင်ရာ၊ လူ့သဘာဝစံနှုန်းဆိုင်ရာတွေ၊ လူသားဖြစ်တည်မှုတွေနဲ့ ပတ်သက်လို့ အငြင်းအခုန် အပြောအဆို လုပ်လေ့ရှိကြပါတယ်။ ဒီနွေဦးတော်လှန်ရေးမတိုင်ခင်က ကျမတို့ကြားမှာ လူထုတော်လှန်ရေး၊ ခုခံတော်လှန်စစ်ဆိုတာ ဝတ္ထုတွေထဲကပဲ ခံစားသိမြင်ပြီး တော်လှန်စိတ်တက်ကြွခဲ့ရတာပါ။ရွှေဝါရောင်တော်လှန်ရေးကာလမှာလည်း ကျမတို့တွေ တတိုင်းပြည်လုံးပမာဏနဲ့ […]