တရားသဖြင့်
■ သွေးမြတ် ရေးသားသော “တရားသဖြင့်” ကဗျာကို စန္ဒီ ခံစားရွတ်ဆိုထားပါသည်။ – The Call ရဲ့ YouTube Channel (https://youtube.com/@thecall2022) တွင်လည်း Audio Book များကို ခံစားနားဆင်နိုင်ပါတယ်။
■ သွေးမြတ် ရေးသားသော “တရားသဖြင့်” ကဗျာကို စန္ဒီ ခံစားရွတ်ဆိုထားပါသည်။ – The Call ရဲ့ YouTube Channel (https://youtube.com/@thecall2022) တွင်လည်း Audio Book များကို ခံစားနားဆင်နိုင်ပါတယ်။
အလင်းအိမ် (အညာ) ငယ်ငယ်က ပိုက်ဆံပစ်တိုင်းကစားဖူးလား။ ခေါင်မှာပဲ အသက်ရှိတယ်လို့ ယူဆပီး ကစားတဲ့ ကစားပွဲတခုမှာ ခေါင်မှန်တာနဲ့ သစ်သစ်ဟောင်းဟောင်း ကျန်တဲ့ပိုက်ဆံစေ့တွေဟာလည်း အလိုလိုသေရမှာပဲ။ အသက်ရှိတယ်ဆိုတာ ဉာဏ်ပညာရယ် ချစ်ခြင်းတရားရယ် ရှိတာကိုခေါ်တယ်။ အားလုံးဟာ ခေါင်လိုဖြစ်နေရမယ်။ ခေါင်ထိတာနဲ့ တန်းစီသာသေကြေးဆိုရင် အကုန်မျိုးတုံး ကုန်မှာပဲ။
– သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ကျော်ဇောခိုင် သြဂုတ် ၃ ရက်နေ့က အထင်ကရစစ်တိုင်းတခုဖြစ်တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (လားရှိုး) ကို MNDAA နဲ့ PDF ပူးပေါင်းတပ်တွေကသိမ်းယူလိုက်တယ်။ စစ်တပ်ရဲ့ သတင်းထုတ်ပြန်ရေးဘက်ကလည်း ရမခစစ်တိုင်းက အရာရှိကြီးတွေ (ဗခ ၁ နဲ့ ဗမခ ၂) ဖမ်းစီးခံထားရတယ်လို့ ဝန်ခံပြောကြားတာတွေ့ရတယ်။ စစ်တပ်ဘက်က ပထမဆုံးစစ်တိုင်းတခုကျသွားတာဖြစ်သလို စစ်ဘက်အဆင့်တွေထဲမှာ ဗိုလ်ချုပ်အဆင့် (တိုင်းမှူး) အထိ စတင်ဆုံးရှုံးတာဖြစ်တယ်။ ‘မအောင်မြင်သောမိန့်ခွန်း’ […]
မောင်လွင်မွန် (ကသာ) ယခုနှစ် ၈၈ ဒီမိုကရေစီလှုပ်ရှားမှု နှစ်ပတ်လည် နီးလာတဲ့အချိန်မှာ ၈၈ နဲ့ပတ်သက် ပြီး မမေ့နိုင်တာလေးတချို့နဲ့ အမှတ်တရ အတိုအထွာ ရေးခဲ့ဖူးတာတချို့ကို ပြန်စုစည်းပြီး လိုအပ်တာတချို့ ဖြည့်စွက်လို့ စာဖတ်သူတို့ဆီ မျှဝေဖို့ ရည်ရွယ် စိတ်ကူးမိပါတယ်။ နွေဦးတော်လှန်ရေးအစပိုင်း ၂၀၂၁ မတ်လ ၂၈ ရက်နေ့မှာ မုံရွာက အသက်၂၀ အရွယ် သူနာပြုဆရာမလေး သဉ္စာဟိန်း ကျဆုံးသွားတဲ့ ကြေကွဲဖွယ်သတင်းနဲ့အတူ ဆရာမလေး ရေးခဲ့တဲ့ကဗျာ၊ […]
ဆူးရစ်နွယ် တတိုင်းပြည်လုံး နယ်ချဲ့လက်အောက်ကို ကျရောက်သွားချိန်၊ ကိုလိုနီခေတ်ဦး တော်လှန်ရေးတွေ ဦးနှိမ်ခံလိုက်ရချိန်မှာတော့ ဗမာတွေ တော်လှန်ရေးကိစ္စနဲ့ အလှမ်းဝေးသွားကြတော့တယ်။ စားဝတ်နေရေး ယန္တရားကြီးထဲမှာ မငတ်ရုံတမယ် နင်းပြားလူတန်းစားတွေ ပေါ်ပေါက်လာကြတော့တယ်။ ဆင်းရဲကြတာချင်းအတူတူ ပဒေသရာဇ်ခေတ်မှာလို နေသာသမှု မရှိတော့ဘူး။ တပါးကျွန် ဖြစ်ရလေခြင်းဆိုတဲ့ မချိတင်ကဲစိတ်တွေနဲ့ ကျော်ဖြတ်နေကြရတယ်။ ဒါသည်ပင် တနေ့မှာ အုံကြွပေါက်ကွဲလာမယ့် တော်လှန်ရေးကြီးတရပ်အတွက် အခြေခံကောင်းလို့တောင် ပြောနိုင်ပါတယ်။ ပြည်တင်း မင်းမခံနိုင် ဆိုတဲ့စကားရှိသကိုး။ အားမတန်လို့ ဒူးတုပ်လိုက်ရပေမယ့် နေနှင့်ဦးပေါ့ကွာဆိုတဲ့ […]
မောင်မိုးအေး ကတုတ်ကျင်းထဲမှာတော့ ဂီတ ကဗျာနဲ့ ဆေးလိပ်က ရတနာ သုံးပါးပဲ ငါ့ရဲဘော်ဆိုတာ ငါ့ရင်ဘတ် အချစ် မေတ္တာနဲ့ မီးစကို မျှကြတယ် သေနတ်ကို ပိုက်ထားပြီး အချစ်ကဗျာတွေ ရွတ်ကြတာထက် ထိချက်ပြင်းတာမရှိ အားလုံးရတဲ့ သံပြိုင်အပိုဒ်က အလွမ်းရဆုံးပဲ မိုးဖွားထဲမှာ မီးခြစ်က ထောက်ကနဲ မီးစက ရဲကနဲ မီးခိုးက ဖွားကနဲ ကတုတ်ကျင်းကို နက်နက်တူး ရင်ဘတ်တွေပစ်ထည့် ဒဏ်ရာတွေအတွက် ရတနာ သုံးပါးရှိတယ် ရဲဘော်တွေက […]
Simon လားရှိုးက အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကြီးဖြစ်တဲ့ (ရမခ) ကို MNDAA တပ်တွေက အလုံးစုံ တိုက်ခိုက် သိမ်းပိုက်လိုက်တာကို တွေ့ရတယ်။ ပျော်ပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ ပထမဆုံး တိုင်းစစ်ဌာနချုပ်ကြီး ကျရှုံးသွားတဲ့အတွက် အတိုင်းမသိ ပျော်ရတယ်။ ရန်သူတွေကို ရှင်းလင်းသုတ်သင် ထားတဲ့ ရုပ်သံဗီဒီယိုတွေ၊ ဓာတ်ပုံတွေ ထွက်လာတော့လည်း ကျေနပ်တယ်၊ အားရတယ်။ ဒါပေမယ့် ဆေးရုံက ဒဏ်ရာရစစ်သားတွေနဲ့ ဆေးရုံထဲမှာ ပြောင်းရွှေ့နေကြတဲ့ စစ်သားမိသားစုတွေကို နေရာပြောင်းရွှေ့ပေးတဲ့ အချိန်လည်းရောက်ရော […]
လင်းခေတ် ၆ ကြိမ်မြောက် အရေးပေါ်ကာလအဖြစ် နောက်ထပ် ၆ လ သက်တမ်းတိုးခြင်းမှာ မင်းအောင်လှိုင်သည် မပြောင်းမလဲ မိုက်မိုက်ကန်းကန်း မင်းအောင်လှိုင် သာဖြစ်ကြောင်း နောက်ထပ် သက်သေပြလိုက်ခြင်းဖြစ်တယ်။ တွေ့ဆုံဆွေးနွေး အဖြေရှာရေးဆိုတဲ့ လူကြီးလူကောင်း နိုင်ငံရေးဆီသို့ မင်းအောင်လှိုင် တက်လှမ်းလာလိမ့်နိုး စိတ်ကူးယဉ် မျှော်လင့်နေကြတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို မင်းအောင်လှိုင်အပေါ် စိတ်ကူးယဉ်လို့ မရကြောင်း ပြောကြားလိုက်ခြင်းလည်း ဖြစ်တယ်။ ဇူလိုင် ၃၁ ရက်မှာ ကိုယ့်ကိုယ်ကို ယာယီသမ္မတခန့်ထားတဲ့ မင်းအောင်လှိုင်က […]
■ အာဇက် ရေးသားသော “အလင်းတစက်ရဲ့ ဖွင့်ဆိုချက်” ကဗျာကို မောင်မိုးအေး ခံစားရွတ်ဆိုထားပါသည်။
မောင်မူ ဒီရက်ပိုင်းမှာ ရဲဘော်တချို့ မိမိကိုယ်ကို သတ်သေတဲ့ သတင်းတချို့ကို ခပ်စိပ်စိပ် ကြားရပါတယ်။ ပြောရရင် စိတ်ပိုင်းဆိုင်ရာ အဆင်ပြေသူတယောက်သာဆို ဘယ်သူမှ မသေချင်ပါဘူး။ သူတို့တွေရဲ့စိတ်ထဲ ဘယ်လို ဒဏ်ရာဒဏ်ချက်တွေရပြီး ဘယ်လောက် ပင်ပန်းဆင်းရဲခဲ့လို့များ ဒီလိုနည်းလမ်းကို ရွေးချယ် သွားကြရှာသလဲဆိုတာ စဉ်းစားဖို့တောင် မရဲစရာပါဘဲ။ ဘယ်လိုပဲဖြစ်ဖြစ် သွားနှင့်သူတွေက သွားကြပါပြီ။ ကျန်ရစ်သူတွေအနေနဲ့ ဒီလိုမျိုးတွေ ထပ်မဖြစ် အောင် ကူညီမယ့် လက်တစုံဖြစ်ဖို့ ဒီအကြောင်းကို လုံးဝ ရေးဖို့လိုတယ်လို့ […]
Copyright © 2025 | thecall-magazine. All Rights Reserved