ကဗျာ

လှိုင်သာယာသား​တွေ လိုင်ဇာသွား​တော့

ကိုပေါ လှိုင်သာယာ ကို ကယ်ဖို့ရာ ပရိုဖိုင်အမည်း​တွေက လုံ​လောက်မှာမဟုတ်ဘူးလို့ သူတို့သိသွားတဲ့​နောက် လှိုင်သာယာသား​တွေ လိုင်ဇာသွားကြတယ်။ ​နွေတည​နေမှာ နင်းပြားမြို့က​လေးရဲ့ ရင်ဘတ်ထဲ ထုပ်ချင်း​ပေါက် ဝင်​ရောက်ခဲ့တဲ့ ကျည်ဆန်​တွေကို ဆွဲနှုတ်ဖို့ လှိုင်သာယာသား​တွေ လိုင်ဇာသွားကြတယ်။ ​ခေတ်ရဲ့လက်ညှိုးမှာ ​သွေးဆိုးတဲ့ လှိုင်သာယာသား​တွေ လိုင်ဇာသွားကြ​တော့ မျက်ရည်စိုစို ဆံပင်တိုတို ဟယ်ရီလင်းအိပ်မက်​တွေ ကို မလိခထဲ​မျှော ကတ်ကိုဘိန်း​တွေ လာမ​ပြောနဲ့ သူတို့သိစရာမှမလိုတာ။ ဒါကြီးပြီးသွားရင်ဆိုတာ လိုင်ဇာသွားတဲ့ လှိုင်သာယာသား​တွေကြား မကြားရတာကြာပြီ ခွက်တိုက်သံ​တွေရဲ့​နောက်တ​နေ့မှာ […]

ဆောင်းပါး

CDM တွေ ပြန်လာကြမှာ

Simon ၂၀၂၁ တုန်းက CDM ဆေးကျောင်းသား ဆရာ၀န်လောင်း ခန့်ညားဟိန်းကို စစ်တပ်က ပစ်သတ်ခဲ့တာကို မှတ်မိလား၊ CDM လုပ်ပြီး ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ဆရာမတွေကို အကြမ်းဖက်ဖြိုခွဲခဲ့လို့ ဆရာမတွေ အသက်ဆုံးရှုံးခဲ့တာကိုရော မှတ်မိလား၊ CDMလုပ်ထားတဲ့ ဒဂုံတက္ကသိုလ်က ကျောင်းသားတွေ၊ တာ၀တက္ကသိုလ်က ကျောင်းသားတွေ သေဒဏ်ပေးခံရတာကိုရော မှတ်မိကြလား။ စစ်တပ်ကို အခုလို လက်နက်ချင်းယှဥ်ပြီး တိုက်ဖို့မပြောနဲ့ အပ်တိုတချောင်းတောင် ကိုင်ထားခြင်းမရှိတဲ့ ကျောင်းသားလေးကို မြို့လည်ခေါင်၊ လူရှေ့သူရှေ့မှာ ခွေးသေကောင်လို […]

မျက်မှောက်ရေးရာဆောင်းပါး

ကြပ်ပြေးကနေ ဘယ်ပြေးမလဲ

လင်းခေတ် မအောင်မြင်တဲ့ အာဏာသိမ်းပွဲကို စတင်ပြီးနောက် မင်းအောင်လှိုင် တောက်လျှောက်ဆိုသလို ကျစ်ကျစ်ပါ ဆုပ်ကိုင်ထားတဲ့ မူဝါဒမှာ စစ်ကောင်စီ ဘာလုပ်လုပ် ခြွင်းချက်မရှိ ထောက်ခံမှုပေးရေး တခုတည်း။ မင်းအောင်လှိုင်က အဲဒီမူဝါဒကို ပြည်တွင်းက နယ်ပယ်စုံ ဆက်ဆံရေးမှာတင်မက နိုင်ငံတကာဆက်ဆံရေးမှာလည်း အဲဒီအတိုင်းပဲ ကျင့်သုံးခဲ့တယ်။ သမ္မတရူး မင်းအောင်လှိုင်အတွက် အရူးသွေးက ငယ်ထိပ်တက် ဆောင့်နေလေတော့ အတိုး အလျှော့ အဖိ အဖော့ နည်းပရိယာယ်မရှိ၊ တည့်ဆိုတာချည်း။ ပြီးတော့ မင်းအောင်လှိုင်က […]

ကဗျာ

​​တော်လှန်​ရေး​နေ့ရက်များ

■ ​​​ကောက်ရိုး ​ရေးသား​သော “​​တော်လှန်​ရေး​နေ့ရက်များ” ကဗျာကို ​SWN ခံစားရွတ်ဆိုထားပါသည်။ – The Call ရဲ့ YouTube Channel (https://youtube.com/@thecall2022) တွင်လည်း Audio Book များကို ခံစားနားဆင်နိုင်ပါတယ်။

ဆောင်းပါး

ဇူလိုင်မြင်ကွင်းကျယ်

– သတင်းသုံးသပ်ချက်ဆောင်းပါး – ကျော်ဇောခိုင် ရခိုင်မြောက်မှာ မောင်းတောကထွက်ပြေးတဲ့ စကစတပ်သားတွေ ဘင်္ဂလားဒေ့ရှ်က လက်မခံလို့ နတ်မြစ်ထဲ ဝဲလည်နေတဲ့သတင်းနဲ့ တောင်ပိုင်းမှာ သံတွဲထောင်ကို အေအေကသိမ်းလိုက်ပြီး မြို့ကိုထိန်းချုပ်ထားတယ်လို့ ဇူလိုင် ၁၆ ရက်နေ့ သတင်းတွေက ဖော်ပြတယ်။ နောက်တနေ့ ၁၇ ရက်နေ့ရောက်တော့ သံတွဲကို အေအေသိမ်းလိုက်ပြီ ဆိုတဲ့သတင်း ထပ်တက်လာတယ်။ မောင်းတောလည်း ဇူလိုင်လထဲမှာပဲ ဆိုးအောက်ဖို့ရှိနေတယ်။ ‘ရှမ်းမြောက် ၄ ရက်စစ်ရပ်ပြင်ဆင်’ ရှမ်းမြောက်မှာ MNDAA […]

ကဗျာ

မမလီဆာ ကျနော် အကုန်ရောက်ပြီးပြီ၊ဘာမှမရှိဘူး

◼️လူရောင်လွင် ရှင်ကြီးဝမ်းရော ရှင်ငယ်ဝမ်းရော ဝင်တုန်းက ကျနော်ဟာ ရေလိုဖောက်မြင်နေရတဲ့ စိတ်နဲ့။  အခုတော့ ရွှေကျင်ထားတဲ့ချောင်းကောတစ်ခုရဲ့သဲမှုန်စတွေလို လေနှင်ရာပါပဲ။ မမလီဆာရေ ကျနော်တို့မှာ ဆင်သွားတိုင်းလမ်းမဖြစ်တာကိုသိပြီးမှတော့ ဆင်ပေါ်ကပြုတ်ကျလည်း မထူးတော့ဘူးမလား။ ကျနော် အကုန်ရောက်ပြီးပြီ မမလီဆာ။မလာခဲ့နဲ့။  ကီလီမန်ဂျာရိုးမှာလည်း နှင်းတွေ မဝေတော့ဘူး။ရေတွင်းထဲကိုငုံ့ကြည့်ပြီး နှင်းရေလို့ အော်ခေါ် လည်း ဘာအသံမှ ထွက်မလာတော့ဘူး။ ပေါက်နေတဲ့ ဦးခေါင်းခွံတွေကို လိမ်ချိုးပြီး သီကုံးဝတ်ဆင်ထားတာတောင် ကျနေ့ာ်လမ်းဟာ လမ်းမဖြစ်သေးဘူး မမလီဆာ။ လူတွေဟာ လူမဖြစ်ကြသေးဘူး။စစ်ပွဲကို […]

ဆောင်းပါး

သူပုန်သွေး

◼️Simon ကျနော်မှတ်မိသလောက် အဲသည့်ညက မိုးတွေ သည်းသည်းမည်းမည်းရွာတယ်။ မိုးတင်ပဲလားဆိုတော့ မဟုတ်ဘူး လေလည်းပါတယ်။ ဒီလို လေရော၊ မိုးရော သည်းနေတဲ့အချိန်ဆိုတော့ ကျနော်လည်း စောင်ခြုံပြီး ကွေးတော့တာပေါ့။ မိုးကလည်း ဘာပြောကောင်းမလဲဗျာ ညနက်လေ ပိုပြီးသည်းလေပါပဲ။ ဒီလိုနဲ့ ညသန်းခေါင်ကျော် အချိန်မှာပဲ ရုတ်တရက်ဆိုသလို နားထဲမှာ ကျနော့်နာမည်ကို အဖေနဲ့အမေက  အော်ခေါ်နေတယ်လို့ ခံစားမိတယ်။ သားရေ !!! သား !!! ကျနော့်ကို တိုးတိုးတိတ်တိတ်နဲ့ ခေါ်နေသလိုပါ။ […]

ဆောင်းပါး

မြို့ပြဂျန်ဇီ

◼️​နွေဦးစင်​ရော် ကျမက မြို့ပြမှာ ရှင်သန်​နေထိုင်​နေတဲ့ ဂျန်ဇီတ​ယောက် ဖြစ်ပါတယ်။ ​ပုံမှန်အ​ခြေအ​နေဖြစ်ခဲ့ရင်​တော့ ​ရှေ့တနှစ်​လောက်ဆိုရင် ဘတ်ချ်လာတခုခု ရမယ့်အရွယ်​​ပေါ့။ ဒါ​ပေမဲ့ ကျမတို့ဟာ ပုံမမှန်တဲ့ အ​ခြေအ​နေထဲ တဆုံးထိ​အောင် ကျ​နေ​တဲ့သူ​တွေဖြစ်တယ်။ ပညာ​ရေးနဲ့ပတ်သက်တဲ့ ကျ​မကိုယ်​တွေ့တချို့ကို ပြောပြချင်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်​တော့ ကျမရဲ့ ​ကျောင်းပညာ​ရေးက တက္ကသိုလ်ဝင်တန်းလို့​ခေါ်တဲ့ ဆယ်တန်းပါ။ ၂၀၂၀ ခုနှစ်ကတည်းက ကိုဗစ်​ကြောင့် ဆယ်တန်းစာ​မေးပွဲ​နဲ့ လွဲခဲ့ရတဲ့အဖြစ်ဟာ ၂၀၂၁ မှာလည်း ထပ်လွဲရပြန်ပါတယ်။ […]

ကဗျာ

ငြိမ်းချမ်း​ရေး ​ခေါင်းတလား

■ ​​​ကောက်ရိုး ​ရေးသား​သော “​ငြိမ်းချမ်း​ရေး ​ခေါင်းတလား” ကဗျာကို ​မင်း​ချေ ခံစားရွတ်ဆိုထားပါသည်။ – The Call ရဲ့ YouTube Channel (https://youtube.com/@thecall2022) တွင်လည်း Audio Book များကို ခံစားနားဆင်နိုင်ပါတယ်။

ကဗျာ

ဤအရာကို စစ် ဟု ခေါ်သည်

Jasmine Piter အဲဒီနေရာမှာ မြွေလိမ်မြွေကောက်မြေနီလမ်းကလေး အဲဒီနေရာမှာ ပြာမှုန်ကပ်လျက်သား အရောင်ပြောင်းစသစ်ရွက်တွေ အဲဒီနေရာမှာ ပိပြားပြားစွတ်ကြောင်းရာများနဲ့ မြက်ပင်ရှည်ရှည်တွေ အဲဒီနေရာမှာ ကျောက်စကျောက်နကျောက်သားမွမွတွေ အဲဒီနေရာမှာ ဝါးကပ်အကျိုးအပဲ့နဲ့ စည်းရိုးပျက်အစအနတွေ အဲဒီနေရာမှာ အရွယ်စုံထရံစ အပြားလိုက်အပြတ်လိုက်တွေ အဲဒီနေရာမှာ အမိုးမဲ့ အကာမဲ့ ကြမ်းခင်းတန်းအပိုင်းအစတွေ အဲဒီနေရာမှာ မီးသင့်အိမ်တိုင် ထိုးထိုးထောင်ထောင်တွေ အဲဒီနေရာမှာ လက်တဖဝါးစာမရှိတရှိ သားရေဖိနပ်ငယ်တစ်ဖက် အဲဒီနေရာမှာ အိုးခြမ်းပဲ့နဲ့ တောင်းစုတ်နဲ့ ခမောက်တခြမ်းပြတ် အဲဒီနေရာမှာ မှောက်ခုံ ပက်လက် […]