ဆောင်းပါး

လူမသေခင် နာမည်သေသူနှင့် လူသေပြီး နာမည်မသေသူ

“လူမသေခင် နာမည်သေသူနှင့် လူသေပြီး နာမည်မသေသူ”Simonဆိုင်မွန်ရေ ဘဘဦးတင်ဦး ဆုံးသွားပြီကွ!မနက်စောစောစီးစီး သူငယ်ချင်းပို့လိုက်တဲ့ စာကိုမြင်ပြီး ကျနော့်စိတ်မှာ တွေးစရာတွေ အများကြီးဖြစ်လာတယ်။အားလုံးသိတဲ့အတိုင်း ဘဘဦးတင်ဦးဆိုတာ NLD ပါတီရဲ့ နာယကကြီးဖြစ်တဲ့အပြင် အမေစု ယုံကြည်အားထားရတဲ့ ပုဂ္ဂိုလ်ကြီး။ စစ်သားဘ၀ကနေ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့လှုပ်ရှားတွေမှာ ကိုယ်တိုင် ဦးဆောင်ပါ၀င်လာပြီး ၈၈ မှာ အမေစုရဲ့ NLD ပါတီနဲ့အတူ ပြည်သူ့ဘက်ကနေ ရပ်တည်ပေးခဲ့တဲ့ ရှားရှားပါးပါး စစ်ဗိုလ်ချုပ်ဟောင်း တယောက်ဆိုလည်း မမှားဘူး။နိုင်ငံရေးသြဇာကြီးမားသလို […]

ကဗျာ

မိုးထဲရေထဲ

“မိုးထဲရေထဲ” ညိမ်းအေး အိမ်မဟုတ်တဲ့ ခိုနားရာရိပ်မြုံငယ်လေးကနေ ခွာရတုန်းက မိုးလေးဖွဲနေတာ မှတ်မိတယ် ကျွန်တော့်ကို နှုတ်ဆက်မဲ့သူ မရှိသလို ကျွန်တော် ဘယ်ကိုသွားမယ်ဆိုတာလည်း ဘယ်သူ့ကိုမှ မပြောခဲ့ပါဘူး ကိုးနှစ်နီးနီး ရုန်းကန်ခဲ့သမျှဟာ မျက်စိတမှိတ်အတွင်းမှာပြိုလဲ မိုးထဲရေထဲမှာ ပြေးလွှားနိုင်ဖို့ဖြစ်မှာပါ ချစ်ရသူတွေနဲ့ ဝေးခဲ့ရပေမယ့် မေတ္တာတွေ မပြတ်လပ်ခဲ့ဘူး မိုးထဲရေထဲ ကြည်နူးရတယ် မိုးထဲရေထဲ ဆူးညောင့်ခလုတ်တွေ ပေါတဲ့လမ်း ခြေဖဝါးတွေ စုတ်ပြဲပါစေ ကျွန်တော်တို့ ဖြတ်ပါရစေ ကတ္တီပါခင်းတဲ့ လမ်းနုနုတွေ ချစ်ရသူတွေ […]

ဘာသာပြန်ဆောင်းပါး

မြန်မာတောနက်ထဲက လျှို့ဝှက်ဆေးရုံ

“မြန်မာတောနက်ထဲက လျှို့ဝှက်ဆေးရုံ” ထို့တပတ် (Sky News သတင်းဌာန သတင်းထောက်ချုပ် Stuart Ramsey ရေးသားသည့် ‘Myanmar’s Secret Jungle Hospital’ ကို ဆီလျော်အောင် ပြန်ဆိုပါသည်။) ‘ကြောက်မက်ဖွယ် တိတ်ဆိတ်မှု’ တောနက်ကြီးက တိတ်ဆိတ်နေတယ်။ သစ်သားဘုရားတဆူ‌အောက် ကြမ်းပြင်မှာ ခြင်ထောင်ပတ်ပြီး ကျနော် အိပ်ပျော်နေတယ်။ ကျနော့်ခြေရင်းဘက်မှာတော့ မြန်မာနိုင်ငံရဲ့လျှို့ဝှက်ဆေးရုံတခုကို ဖုံးကွယ်ထားတဲ့ ခပ်မတ်မတ်တောင်ကုန်းတခုရှိတယ်။ “လူနာတယောက် ထပ်ရောက်တယ်။ ခင်ဗျားလိုက်မလား” လို့ ဆရာဝန်က […]

ဆောင်းပါး

ငါတို့ မျှော်လင့်ခဲ့တဲ့ “ရန်ကုန်ရဲ့ မိုက်ကယ်ကောလင်း

“ငါတို့ မျှော်လင့်ခဲ့တဲ့ “ရန်ကုန်ရဲ့ မိုက်ကယ်ကောလင်း”မယ်စုံကျမတို့ လူငယ်မျိုးဆက်တွေနဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွေမှာ ကျင်လည်ကြသူတွေဟာ ၇၀၊ ၈၀၊ ၉၀ ခုနှစ်ပတ်ချာလည်က တော်လှန်ရေးစာပေတွေ၊ ရုပ်ရှင်တွေနဲ့ ကြီးပြင်းလာရပြီး ထိုဖြစ်စဥ်တွေကို ကြားဖူးရုံနဲ့ ကိုယ်တိုင်ပါဝင်သလို ခံစားရှုမြင်ကြ၊ စနစ်တည်ဆောက်ရေးဆိုင်ရာ၊ လူ့သဘာဝစံနှုန်းဆိုင်ရာတွေ၊ လူသားဖြစ်တည်မှုတွေနဲ့ ပတ်သက်လို့ အငြင်းအခုန် အပြောအဆို လုပ်လေ့ရှိကြပါတယ်။ ဒီနွေဦးတော်လှန်ရေးမတိုင်ခင်က ကျမတို့ကြားမှာ လူထုတော်လှန်ရေး၊ ခုခံတော်လှန်စစ်ဆိုတာ ဝတ္ထုတွေထဲကပဲ ခံစားသိမြင်ပြီး တော်လှန်စိတ်တက်ကြွခဲ့ရတာပါ။ရွှေဝါရောင်တော်လှန်ရေးကာလမှာလည်း ကျမတို့တွေ တတိုင်းပြည်လုံးပမာဏနဲ့ […]