ဆောင်းပါး

လေယာဉ်ထရော်မာ

“လေယာဉ်ထရော်မာ” ကူးပါး အဲ့ဒိနေ့ ညနေပိုင်းက အရက်ဘူးလေးထောင်ပြီး ပြောင်သားခြောက်ကြော်နဲ့ မြည်းဖို့လုပ်နေတဲ့အချိန်ပေါ့။ တော်လှန် ရေး အစပိုင်းကာလ တောထဲရောက်ခါစ။ အတူနေ တော်လှန်ရေး ရဲဘော်ရဲဘက်နှစ်ယောက်နဲ့ အေးအေးလူလူ တခွက်စီလောက် သောက်ပြီးချိန် ညနေက အမှောင်ဘက်ကူးလာလို့ ဖယောင်းတိုင်မီးတတိုင် ထွန်းပြီးစ။ အရှေ့တောင်အရပ်ဘက်ကနေ အသံတခု စကြားလိုက်ရတယ်။ ကြားနေကျ အသံမျိုးမဟုတ်။ စက္ကန့်ပိုင်းအတွင်း တိုးရာကနေ ကျယ်ကျယ်လာတယ်။ သုံးယောက်သား အချင်းချင်းကြည့်ပြီး ခနကြောင်သွားကြတယ်။ အသံတော်တော်ကျယ်ပြီး နီးလာတဲ့အချိန်မှာ ကျနော်ကစ […]

ကဗျာ

တရေးနိုးသူရဲ့တွန်သံ

‘တရေးနိုးသူရဲ့တွန်သံ’ မြတ်မင်းအိမ် ချဥ်ပေါင်ရွက်အကြောင်း မပြောနဲ့ မုန်လာဥအကြောင်း မပြောနဲ့ အာလူးစားသူများဆိုတာ ကန်စွန်းဥစားသူများနောက်မှ ဖြစ်ပေါ်လာတာ။ ဂွါရာနီးကား ပန်းချီကားကိုကြည့်ပြီး ရှမ်းမြောက်က ကလေးက ခါးထောက်ပြီးရယ်တယ်။ မွန့်ချ်ရဲ့အော်သံဟာ နမ့်ခမ်းလောက်ညံလို့လား အဖိုးမဖြတ်နိုင်အောင် တန်ရဲ့လား။ ရေခဲမုန့်ကိုသိပြီး ရေခဲမုန့်မရှိတဲ့အရပ်မှာ ဗုံးသီးတွေပဲ ဘဝထဲ ကြွေကြွေကျတယ်။ ကမ္ဘာကြီးကြားအောင် ဘယ်ကီးနဲ့အော်ရမှန်းမသိတဲ့ သူတို့ခမျာ လောင်စာကို ဆာလောင်နေကြရပေါ့။ ကကြီးခခွေး ကျက်မယ် တစ်နှစ်သုံးလေး တွက်မယ် ပြီးရင်တော့ တရုတ်ပြည်တက်မယ်ပေါ့ ဒီအရပ်မှာ။ […]

ဆောင်းပါး

ကျနော်နှင့် ဝက်ခေါင်း

“ကျနော်နှင့် ဝက်ခေါင်း” Simon ကျနော် နိုင်ငံခြားကိုစရောက်တော့ အသက်က ၁၉၊ ၂၀ ပတ်ချာလည်။ အိမ်မှာတုန်းက ဘာမှ မည်မည်ရရမလုပ်ဘဲ ဂီတာပဲ တီးတတ်တဲ့ကောင်ဆိုတော့ တကယ်တမ်း ရေခြားမြေခြားကိုလည်းရောက်ရော ကျနော့်ရဲ့ နေ့စဥ်ကြုံရတဲ့ပြဿနာက ကိုယ်စားဖို့ ကိုယ်ချက်ရတဲ့ ပြဿနာပဲ။ နိုင်ငံခြားမှာ နေဖူးတဲ့သူတိုင်းလည်း သိကြမှာပါ။ ဟိုမှာက နေ့စဥ်ဝယ်စားဖို့ဆိုတာ မတတ်နိုင်တော့ အကုန်လုံးက ကိုယ့်ထမင်း ကိုယ့်ဟင်းစားနဲ့ကိုယ် တကိုယ်စာ ချက်ကြပြုတ်ကြရတာ။ ဒီတော့ အိမ်မှာနေတုန်းက ကြက်ဥတောင် […]

ဆောင်းပါး

ပြည်သူတဦး၏ တော်လှန်အသိ၊ တော်လှန်သတိ

“ပြည်သူတဦး၏ တော်လှန်အသိ၊ တော်လှန်သတိ” မြကေခိုင် ရန်သူဟာ ရန်သူပီသစွာပဲ အပြစ်မဲ့ ပြည်သူတွေရဲ့အသက်ကို အသားစိမ်း၊ ငါးစိမ်းကို ခုတ်ထစ်သလို အပိုင်းပိုင်းအတစ်တစ် ခုတ်ထစ် သတ်ပစ်နေတဲ့အချိန်မှာ ကျနော်တို့ ပြည်သူတွေဟာဆိုရင်လည်း အရင်ကထက်ပိုတဲ့ တော်လှန်အသိ၊ တော်လှန်သတိရှိကြဖို့ လိုပါတယ်။ အာဏာသိမ်းပြီးနောက် (၁. ၂. ၂၀၂၁ မှ ၂၄. ၁၀. ၂၀၂၄) အတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသော အရပ်သားပြည်သူပေါင်း ၆,၀၀၀ + […]

ကဗျာ

ဆောင်းဦးကဗျာ

‘ဆောင်းဦးကဗျာ’ ခွန်းနီ ဝေးသွားခဲ့တဲ့အတိတ်တွေကို နီးနီးကပ်ကပ်ပြန်မြင်ကြည့်တဲ့အခါ စိတ်ဟာအလိုမကျမှုတွေအပြည့်နဲ့ ဘာမှမရှိတော့တဲ့စိတ်လွင်ပြင်ကျယ်ကြီးထဲ ပန်းတွေစိုက်ချင်စိတ်ဟာဒီနေ့အထိမေ့မရခဲ့… ပြန်မလာနိူင်တော့မဲ့ကြယ်တွေရဲ့အကြောင်းကို ပြန်မရနိူင်တော့တဲ့အတိတ်တွေဆီခနအပ်ထားပါရစေ အလိုရှိတဲ့အခါတိုင်းတူးဆွခွင့်တော့ပေးပေါ့… မမေ့နိူင်ခဲ့တဲ့အရာတွေထဲယုံကြည်လေးမြတ်ရာ ဘုရားရှင်ရဲ့အဆုံးအမတစ်ခုမှမပါခဲ့တာဝမ်းနည်းစရာ ဘယ်လိုခြုံခြုံ လုံပါတယ်ဆိုတဲ့စိတ်အနွေးထည်လေး တိုးတိုးတိတ်တိတ်ပျောက်ရှခဲ့တာ သုံးနှစ်သုံးမိုးမကတော့ပြီပဲ…. အချစ်မရှိတဲ့ကမ္ဘာထက်စစ်မဖြစ်တဲ့ကမ္ဘာကို ပိုအလိုရှိကြောင်းတစ်ဦးတည်းဆန္ဒပြရင်း စစ်ပွဲအလယ်ကိုငါရောက်ခဲ့တယ်… အထိုထိုသောစစ်ပွဲတွေကြားထဲဝယ် ပန်းတွေစိုက်ချင်တဲ့စစ်သားလေးတွေရှိရော့မယ် ဘာပန်းတွေစိုက်ချင်နေပါလိမ့်….. ကြယ်ပန်းတွေလား….ဘာမှမရေမရာနဲ့ပါ အဲ့လိုမရေရာခြင်းတွေကြောင့်ပဲတစ်စုံတစ်ယောက်ရဲ့ ကွန်မြူနစ်ကလေးတစ်ယောက်ငါဖြစ်ခဲ့ရတယ်…. ငါချစ်ခဲ့ပါတယ် ဒီနေ့ဒီအချိန်ထိ…. သွားတော့မယ်ပြောပြီး ဘယ်မှမရောက်ခဲ့တဲ့ ကတုတ်ကျင်းထဲကငါရဲ့စိတ်နဲ့ငါရဲ့ခံစားမှုတွေ… ပြောပြရင်အကြောင်းအရာတွေဆိုပေမဲ့ ငါ့အတွက်တော့အရာရာဟာကဗျာတွေဖြစ်ခဲ့ရ…. ဘုရားမေ့တရားမေ့လို့တော့မပြောပါနဲ့ တရားသိလို့ပဲအမှားရှိတဲ့နေရာကလာခဲ့တာ ဘယ်ကမ္ဘာပဲရောက်ရောက် […]

သတင်းသုံးသပ်ချက်ဆောင်းပါး

အိုင်စီစီနဲ့ ပါဝါဂိမ်း

“အိုင်စီစီနဲ့ ပါဝါဂိမ်း” – သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ကျော်ဇောခိုင် နိုဝင်ဘာ ၂၇ ရက်နေ့က အိုင်စီစီ (နိုင်ငံတကာရာဇဝတ်တရားရုံး) ရှေ့နေချုပ် ကာရင်ခန်းက လူသားမျိုးနွယ်စုပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် မြန်မာစစ်တပ်မှာ တာဝန်ရှိတယ်။ သက်သေတွေ ထင်ထင်ရှားရှားရှိတဲ့အတွက် စစ်တပ်ရဲ့ တာဝန်အကြီးဆုံး၊ ရာထူးအမြင့်ဆုံးဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ အိုင်စီစီတရားရုံးမှာ တောင်းဆိုခဲ့တယ်။ ‘ဘယ်အမှုတွေလဲ’ ရာဇဝတ်မှုတွေဟာ ၂၀၁၇ သြဂုတ် ၂၅ ရက်နေ့ကနေ ဒီဇင်ဘာ […]

ကဗျာ

ကျမ ကမ္ဘာပြိုသော အခါ

‘ကျမ ကမ္ဘာပြိုသော အခါ’ မောင့်မိန်းမ *ကျမ အမြတ်တနိုးငေးကြည့်ခဲ့ရတဲ့ ရှူ့ခင်းလေးကို သူတို့ နာကျင်အောင်လုပ်သွားကြတယ်။ *ကျမ အမြတ်တနိုးနမ်းခဲ့ဖူးတဲ့ နဖူးနဲ့ ပါးပြင်မှာ ကျည်ဆံစတွေရှလို့ရယ်၊ *ကျမ ညင်သာစွာထိုးဆွခဲ့ဖူးတဲ့ သူ့ဆံသားပေါ်မှာ သွေးစလေးတွေစင်လို့၊ *ကျမ တွဲထားခဲ့ဖူးတဲ့လက်လေးတွေမှာလည်း ခြစ် ရာလေးတွေ ဖြစ်လို့ရယ်၊ *ကျမကို နူးညံ့စွာဖက်ထားခဲ့ဖူးတဲ့ သူ့ရင်ခွင်မှာ ကျည်ဆံရာတွေ၊ လေယာဉ်ရာတွေ ဗလပွနဲ့ သွေးတွေစို့လို့၊ *ဓားရှရင်တောင် နာတယ်လို့ ပြောဖူးတဲ့သူက ရင်ဘတ်ထဲ ကျည်စိုက်ဝင်နေပါရဲ့ […]

ဆောင်းပါး

ကျနော်နှင့် ရောက်တတ်ရာရာ စာစုများ

“ကျနော်နှင့် ရောက်တတ်ရာရာ စာစုများ” Simon တနေ့ကညပိုင်း အလုပ်ပြီးတဲ့အချိန် ဘာရယ်မဟုတ်ဘဲ အွန်လိုင်းမှာ ဟိုပွတ်၊ ဒီပွတ်နဲ့ ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ “အနောက်ဘက်သို့ခရီးသွားခြင်း” ဆိုတဲ့ စွန်းဝူခုန်းကားကို တွေ့လို့ ပြန်ကြည့်မိတယ်။ ကွန်ပျူတာ အထူးပြုလုပ်ချက်တွေ၊ ကာလာအယူအဆတွေက ဒီဘက်ခေတ်နဲ့ယှဥ်ကြည့်ရင် ဘာမှမဆိုင်တော့ပေမယ့် သူ့ခေတ်သူ့အခါတုန်းက အထူးသဖြင့် ကျနော်တို့ ငယ်ငယ်တုန်းက ဒီစွန်းဝူခုန်းကားက တနိုင်ငံလုံး လူကြီး၊လူငယ်မရွေး ကြိုက်နှစ်သက်တဲ့ ဇာတ်လမ်းတွဲတခုဖြစ်ခဲ့တယ်။ အဲ့သည့်ကာလတုန်းက ဇာတ်လမ်းတွဲတွေမှာ ဂျပန်နဲ့ တရုတ်က အာရှရဲ့ […]

ဆောင်းပါး

အခုခေတ်ကလေးတွေ ကံကောင်းတယ်

“အခုခေတ်ကလေးတွေ ကံကောင်းတယ်” ရိုင်းစိုင်းသော် “အခုခေတ်ကလေးတွေ ကံကောင်းလိုက်တာ” ဒီလိုကာလမှာတော့ အရင်ကလောက် သိပ်မပြောဖြစ်ကြပေမယ့် မကြာခန ကြားလေ့ကြားထရှိသော စကားပဲ ဖြစ်ပါသည်။ “အခုခေတ်ကလေးတွေ ကံကောင်းတယ်။ ငါတို့တုန်းကဆိုရင် …” ဟူ၍ ဆက်စပ်နှိုင်းယှဉ်ပြ၍လည်း ပြောတတ်ကြပါသေး၏။ ဟုတ်ပါသည်။ အခုခေတ်ကလေးတွေ ကံကောင်းကြပါသည်။ စစ်ပွဲကြီးဖြစ်ပွားနေလို့ သူတို့တွေ ကံ‌မကောင်းကြရှာဘူးလို့တော့ သဘောမထားစေလိုပါ။ စစ်ပွဲကြီးဖြစ်ပွားနေရသော အဓိကတရားခံတွေကို အားလုံးသိပြီးသားဖြစ်ပြီး စစ်ပွဲဟူသည့်အရာမှာလည်း မည်သည့်မျိုးဆက်က ကလေးများနှင့် မျှ မသက်ဆိုင်သင့်ချေ။ ကံဆိုတာက […]

သတင်းသုံးသပ်ချက်ဆောင်းပါး

တရုတ် ၃.၀ ကို ဘယ်လိုဖြတ်သန်းမလဲ

“တရုတ် ၃.၀ ကို ဘယ်လိုဖြတ်သန်းမလဲ” – သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ကျော်ဇောခိုင် တအာင်းဘက်ကလည်း စေ့စပ်ဆွေးနွေးရေးဆိုတဲ့ သဘောထားကို နိုဝင်ဘာ ၂၅ ရက်နေ့က ထုတ်ပြန်တယ်။ ရှေ့က ကိုးကန့်နဲ့ သဘောထားချင်း သိပ်မကွဲပြားတဲ့ပုံစံပါပဲ။ ကိုယ်ပိုင်အုပ်ချုပ် ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်၊ ပြည်သူလူထု စစ်ဒဏ်ခံစားနေရတာကို သက်သာရာရစေဖို့၊ တရုတ် စေ့စပ်ညှိနှိုင်းပေးမှုကို အသိအမှတ်ပြု လေးစားတဲ့အနေနဲ့၊ မိမိကိုယ်ကို ခုခံပိုင်ခွင့် အစရှိတဲ့မူတွေကို တင်ပြပြီး ဆွေးနွေးဖို့ […]