ကဗျာ

စစ်ပွဲတွေပြီးရင်

‘စစ်ပွဲတွေပြီးရင်’ ယောနသံ ရဲဘော်လေးရဲ့အလောင်း မြေချအပြီး ဘုန်းတော်ကြီးက ပြောတယ် “စစ်ပွဲတွေဖြစ်ရင် … ယောက်ျားတွေက သေစေနိုင်မယ့် ရွေးချယ်မူတွေကိုပြုကြပြီး မိန်းမတွေကတော့ အသက်ရှင်သန်ဖို့ နည်းလမ်းတွေကိုပဲ တွေးပူကြသတဲ့”။ လမ်းဘေးမှာ မူးလဲ‌နေတဲ့ အမူးသမားတစ်ယောက်က ပြောတယ် “စစ်ပွဲတွေ ပြီးသွားရင်… ယောက်ျား‌တွေအတွက် ကဗျာတွေ ကျန်ရစ်ခဲ့ပြီး အမျိုးသမီးတွေအတွက်တော့ အိပ်မက်ဆိုးတွေ ကျန်ခဲ့လိမ့်မယ်..” တဲ့ ။ ဈေးထဲက ချိုင်းထောက်နဲ့ အရူးတစ်ယောက် တွေ့ရာလူ လိုက်ပြော‌နေတယ်… “စစ်ပွဲတွေက […]

သတင်းသုံးသပ်ချက်ဆောင်းပါး

အခရာကျလာတဲ့ ရှမ်းတောင်မြောက် ကွင်းဆက်

“အခရာကျလာတဲ့ ရှမ်းတောင်မြောက် ကွင်းဆက်” – သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ကျော်ဇောခိုင် အရင်တပတ်က တင်ပြခဲ့သလို ရာဂီမုန်တိုင်းဟာ စက်တင်ဘာလဝက်လောက်မှာ ရှမ်းတောင်နဲ့ မန်းတောင်ဘက်တွေမှာ သက်ရောက်မှု အတော်ပြင်းထန်ခဲ့တာမို့ စစ်ရှိန်က မဆိုစလောက်ကျသွားတာ တွေ့ရတယ်။ မုန်တိုင်းသက်ရောက်မှုဟာ ကရင်နီ (အထူးသဖြင့် လွိုင်ကော်) ကို ရောက်လာတဲ့ စက်တင်ဘာ တတိယပတ်မကုန်ခင်ထိ ရေဘေးနဲ့ ကယ်ဆယ်လှူဒါန်းရေး သတင်းတွေက စစ်သတင်းတွေကို လွှမ်းမိုးထားနိုင်ခဲ့တယ်။ စက်တင်ဘာနောက်ဆုံးပတ်ထဲမှာ မိုးသည်းထန်မှုနဲ့ ရေကြီးမှုဒဏ်ဟာ […]

ကဗျာ

လူမည်ကာမည်ယုံမျှ

“လူမည်ကာမည်ယုံမျှ” ခွန်းနီ ကိုယ့်တစ်ကိုယ်စာလုံဖို့ထက် တပြည်လုံးစာလုံဖို့အရေး ဘယ်အမိုးနဲ့ကာရမလဲ… အသက်တွေလား… သွေးတွေလား… ဒုက္ခဆိုတာလူထုရဲ့ ယိုပေါက်ကြီးတစ်ခုဗျ အမျိုးမျိုးသောမီးတွေနဲ့ လောင်မြိုက်ခံခဲ့ရတဲ့တိုင်းပြည်ပါ ထွက်သမျှမီးခိုးတွေသာတိမ်ဖြစ်ကြေးဆို လူငယ်တွေအသက်ရှုကျပ်စရာမလိုပါဘူး လူငယ်ဆိုပေမဲ့အတင်းအကြပ်နဲ့ ရင့်ကျက်ခဲ့ရတဲ့ကောင်တွေပါ ကျလာသမျှဒုက္ခမိုးတွေ ကြိုက်တဲ့အရပ်မှာစွေပါစေအုံး ဖြစ်တဲ့ကျောနဲ့ကာမဲ့ကောင်တွေ… တော်ရာအရပ်တွေ၊ပျော်ရာအရပ်တွေ ရွေးနေဖို့မလိုပါဘူး… ကိုယ့်ခြေထောက်ဟာကိုယ့်အိမ်ပဲ ဆရာလှသန်းကဗျာထဲကလို ကိုယ့်ဖိနပ်ဟာကိုယ့်ခံတပ်ပါပဲ မွေးတစ်ခါသေတစ်လှည့်ပဲလေ ဘာအရေးလဲ၊ဘာထူးသလဲဆို ထူးတာတစ်ခုကကိုယ့်အရူးရောဂါနဲ့ ကမ္ဘာကြီးကိုမထိခိုက်ဖို့ ကိုယ့်အတ္တနဲ့လေထုကိုမညစ်ညမ်းဖို့ ကိုယ့်မာနနဲ့မျက်ရည်ကျတမ်းမကစားဖို့ လိုအပ်တဲ့အကြောင်းရယ် အသက်ရှုတိုင်းလူလို့ခေါ်မရကြောင်း တိရစ္ဆာန်တွေကသက်သေထူထားတယ်။

ဆောင်းပါး

ရွှေလီတံခါးမှသည်

ကိုလူမိုဃ်း လွန်ခဲ့တဲ့ ၆ နှစ်လောက်က ရွှေလီကို ခရီးစဥ်တခုနဲ့အတူ သွားခဲ့ဖူးပါတယ်။ စီစဥ်ဖိတ်ခေါ်တဲ့သူတွေက မူဆယ်မြို့ခံ စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ပါတယ်။ သူတို့ ကမကထပြုကာ စီစဉ်ပေးကြတာ ဖြစ်ပါတယ်။ ရန်ကုန်ကနေ လားရှိုးထိ လေယာဥ်နဲ့တသွယ်၊ လားရှိုးကနေ မူဆယ်-ကြယ်ဂေါင်-ရွှေလီကို ကားနဲ့တဖြတ် သွားရတယ်။ ရွှေလီမှာ တည်းခိုရတာက ပွဲရုံရဲ့ ဟော်စ်တယ်လ်မှာ ဖြစ်ပါတယ်။ နေရထိုင်ရ စားရသောက်ရတာတွေ အားလုံး အဆင်ပြေပါတယ်။ ထမင်းစားလျှင် ဟင်းသုံးလေးမျိုး အလျှံပယ်၊ ဒေသထွက် […]

ကဗျာ

သတိတရ လွန်မြောက်ခြင်း

“သတိတရ လွန်မြောက်ခြင်း” နေဘုန်းလတ် အခန်းကျဉ်းတစ်ခုထဲကနေ နောက်ထပ်အခန်းကျဉ်းတစ်ခုဆီပြောင်းတော့ အမြဲရှုပ်ပွနေတတ်တဲ့ ကျွန်တော့်အခန်းလေးကို သတိရတယ် နေကောင်းကျန်းမာရဲ့လား ခဏခဏ လာစစ်ဆေးကြတော့ ကျွန်တော်စမ်းသပ်ခဲ့ဖူးတဲ့ လူနာတွေကို သတိရတယ် ပေကြိုးခပ်နွမ်းနွမ်းနဲ့ ကျွန်တော့်လည်ပင်းကိုတိုင်းတော့ ဘွဲ့နှင်းသဘင်မှာဝတ်ဖို့ မေမေ အင်္ကျီလိုက်ချုပ်ပေးတာကို သတိရတယ် ကိုယ်အလေးချိန်လာချိန်တော့ ဝတုတ် ဝိတ်လျှော့ဦးလို့ ခဏခဏ ပြောတတ်တဲ့ ချစ်သူကို သတိရတယ် သရဏဂုံတင်ဖို့တဲ့ ဘုန်းကြီးတစ်ပါး ရောက်လာတော့ မိသားစုတွေစုံကြတဲ့ ဟိုးတုန်းက အလှူပွဲတွေကို သတိရတယ် ညသန်းခေါင်ယံ […]

ဆောင်းပါး

ခင်ဗျားတို့ စဥ်းစားဖို့ အချိန်တန်ပြီ

Simon ■ ရန်ကုန်မြို့ ကားလမ်းမကြီးတခုပေါ်တွင် ကုန်စျေးနှုန်း ကျဆင်းရေးနှင့် စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း ကြွေးကြော်၍ ပြဿနာများ၏ လက်သည်တရားခံ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး လူထုသပိတ်ကို တော်လှန်လူငယ် များက လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ ■ ရေဘေးသင့်ပြည်သူတွေကို ကယ်ဆယ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မှ ရဲဘော်တဦး ရေစီးဖြင့်မျောပါပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ■ ထိုင်းနိုင်ငံ ၊ဘန်ကောက်မြို့ပေါ်ရှိ စင်ထရယ်ဝေါ ကုန်တိုက်ရှေ့တွင် Apple မှ […]

စကားပြေကဗျာ

ဗုံးခိုကျင်း

■ ​​​​ရွက်စိမ်း ရေးဖွဲ့သော “​​ဗုံးခိုကျင်း” စကား​ပြေကဗျာကို ​​​​​စန္ဒီ ခံစားရွတ်ဆိုထားပါသည်။ – The Call ရဲ့ YouTube Channel (https://youtube.com/@thecall2022) တွင်လည်း Audio Book များကို ခံစားနားဆင်နိုင်ပါတယ်။

သတင်းသုံးသပ်ချက်ဆောင်းပါး

ဝဋ်ဒုက္ခဟာ ရေမီးအစုံအလင်နဲ့

– သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ကျော်ဇောခိုင် စက်တင်ဘာ ၁ ရက်နေ့က ဖိလစ်ပိုင် အနောက်ဘက်ပင်လယ်ပြင်မှာ ရာဂီမုန်တိုင်း အစပျိုးတယ်။ ၄ ရက်နေ့မှာ တရုတ် ဟာဝိုင်ယီလို့ တင်စားခေါ်တဲ့ ဟိုင်နန်ကမ်းခြေကို တိုက်တယ်။ ဟိုင်နန်ကျွန်းနဲ့ ပြည်မကြီးရဲ့ ရေလက်ကြားကိုဖြတ်ပြီး မြောက်ဘက် ဂွန်ဒေါင်းပြည်နယ်ကို တိုးဝင်တယ်။ ရှန်ဟိုင်းမှာတော့ နှစ် ၇၀ အတွင်း အပြင်းထန်ဆုံး မုန်တိုင်းလို့ သတင်းတွေမှာတွေ့ရတယ်။ ‘မုန်တိုင်းရဲ့ခြေရာ’ တရုတ်နဲ့အပြိုင် မုန်တိုင်းဟာ […]

ဆောင်းပါး

စစ်မီးပြီးဖို့ အချိန်တန်ဖို့ လိုတယ်

ဆူးနတ်သန် မြန်မာနိုင်ငံထဲက လူတွေမှာ စစ်မီး ဘယ်တော့ပြီးမလဲ ဆိုတဲ့ စိတ်ခံစားချက် အမြင့်ဆုံးအနေအထား ဖြစ်နေပါတယ်။ နောက် ဒီပဋိပက္ခကြားထဲက စိတ်ဒုက္ခအရောက်ဆုံး အခြေအနေတွေ ဖြစ်နေပါတယ်။ လူတော်တော်များများမှာ ဘဝတွေ အစကနေ ပြန်စဖို့ ရပ်တန့်နေတဲ့အလုပ်တွေ အရင်လို ပြန်လည်ပတ်နိုင်ဖို့ မျှော်လင့်ချက်ဆိုတာ စစ်မီးပြီးဖို့ပဲ ဖြစ်ပါတယ်။ ဒါဆို စစ်မီးပြီးအောင် ဘာလုပ်သင့်လဲ၊ ဘာတွေ လိုအပ်လဲ။ စစ်မီးပြီးဖို့ အချိန်တန်ဖို့ လိုအပ်ပါတယ်။ အချိန်ဆိုတာကလည်း လူ့အဖွဲ့အစည်းက ချိန်ကိုက် […]

ကဗျာ

ဖရဲသီး

ကိုကိုသက် အထဲကနီပြီး အပြင်ကစိမ်း ဆိုပေမယ့် ထင်သလောက် မရိုးရှင်း အစိမ်းနဲ့အနီကြားမှာ အဖြူရောင် အနီထဲမှာ အနက်ရောင်အစေ့လေးတွေ အတွင်းသားဝါတဲ့ ဖရဲသီးလည်းရှိရဲ့ စနိုက်ပါ လေ့ကျင့်သူများကတော့ လူ့ခေါင်းလောက်အရွယ်ရှိပြီး ကျည်ထိရင် လူ့ခေါင်းလို ဂွမ်းကနဲ ပွင့်ထွက် အထဲက သွေးရောင် လျှံထွက်လာတဲ့ ဖရဲနီကို သဘောကျကြတယ် လူ့ခေါင်းခွံဟာ ဖရဲခွံလို မာကြောပြီး လူ့ဦးနှောက်ဟာ ဖရဲသားလို နူးညံ့တယ် ဆိုပေမယ့်— ဖရဲသီးမှာ နားရွက်မပါဘူး ဖရဲသီးမှာ အသက်မပါဘူး […]