ဆောင်းပါး

ကလေးတယောက်ရဲ့ စိတ်ဒဏ်ရာ

Simon ကျနော်ငယ်စဥ်က လေယာဥ်ပျံကို ရုပ်ရှင်တွေ၊ ဗီဒီယိုတွေထဲမှာ မြင်ဖူးတာကလွဲရင် အပြင်မှာ တခါမှ မမြင်ဖူးဘူး။ ယုတ်စွအဆုံး လေယာဥ်ပျံကို အပြင်မှာ မြင်ဖူးဖို့အသာထား မင်္ဂလာဒုံ လေယာဥ်ကွင်းနားတောင် မရောက်ဖူးဘူးဗျာ။ ဒါပေမယ့် တရက်တော့ ဘဝမှာ ပထမဆုံး လေယာဥ်ပျံကို မြင်ဖူးဖို့ဖြစ်လာပါတယ်။ ဘယ်လိုကြောင့်လဲဆိုရင် ကျနော့် ဦးလေးက နိုင်ငံခြားမှာ အလုပ်သွားပြီး လုပ်မှာဖြစ်တဲ့အတွက် ကျနော်တို့က သူ့ကို မင်္ဂလာဒုံလေယာဥ်ကွင်းကို လိုက် ပို့ရတယ်။ ဒီလိုနဲ့ ကျနော့်ဘ၀မှာ […]

ကဗျာခံစားမှုဆောင်းပါး

ဓါတ်ကြိုးတန်း​ပေါ်က ပျံလွှားငှက်က​လေးတ​ကောင်

■ စာ​ရေးသူ ​ငြိမ်း​ဝေ (ကဗျာ့အိုး​ဝေ) ​ရေးသား​သော “ဓါတ်ကြိုးတန်း​ပေါ်က ပျံလွှားငှက်က​လေးတ​ကောင်” ​ကဗျာခံစားမှု​ဆောင်းပါးကို Yung ခံစားရွတ်ဖတ်ထား​ပါသည်။ – The Call ရဲ့ YouTube Channel (https://youtube.com/@thecall2022) တွင်လည်း Audio Book များကို ခံစားနားဆင်နိုင်ပါတယ်။

ဆောင်းပါး

ကိုယ့်ပြည်က ရုပ်ရှင်အနုပညာ

ညီလင်းအိမ် တိုင်းပြည်တပြည်မှာရှိတဲ့ ရုပ်ရှင်အနုပညာရဲ့ အဆင့်အတန်းကို ဘာနဲ့တိုင်းတာသလဲ။ တကမ္ဘာလုံးက လူတွေ အများကြီး ကြည့်တာနဲ့ သက်ဆိုင်သလား။ လူသိများမှု၊ ဝင်ငွေကောင်း ကျော်ကြားမှုနဲ့ပဲ ပိုင်းဖြတ်သလား။ မဟုတ် ပါဘူး။ မိမိတိုင်းပြည်မှာရှိတဲ့ အကြောင်းအရာတွေကို ဗ‌ဟိုပြုပြီး ရိုက်ကူးတဲ့ ရုပ်ရှင်ကားတွေဟာ လက်ရှိ ကမ္ဘာပေါ်က ဂုဏ်သိက္ခာရှိပြီး အဆင့်အတန်းမြင့်မားတဲ့ ရုပ်ရှင်ပွဲတော်တွေ၊ ပြိုင်ပွဲတွေမှာ ဘယ်လောက်အထိ တိုးဝင်နိုင်ခဲ့သလဲ၊ ဆုတံဆိပ်တွေ ဆွတ်ခူးရရှိခဲ့သလဲ စလို့ အဲဒီလို ရုပ်ရှင်တွေကနေတဆင့်ပဲ မိမိတို့တိုင်းပြည်ရဲ့ […]

Categories

အ​မှောင်​ခေတ်က ​ပေးတဲ့ဆု

■ စာ​ရေးသူ ​စကယ်ပယ် ​ရေးသား​သော “အ​မှောင်​ခေတ်က ​ပေးတဲ့ဆု” ​ဝတ္ထုတိုကို စန္ဒီ ခံစားရွတ်ဆိုထား​ပါသည်။ – The Call ရဲ့ YouTube Channel (https://youtube.com/@thecall2022) တွင်လည်း Audio Book များကို ခံစားနားဆင်နိုင်ပါတယ်။

Categories

မကြားသော အသံများ

နေဘုန်းလတ် မိုးပေါ်က ပြုတ်ကျလာတဲ့ ဒုက္ခတွေ မဝေးသေးခင် ခပ်ကြမ်းကြမ်းရေစီးနဲ့ ရောပါလာတဲ့ ဒုက္ခတွေ ထပ်ပိုက်ထွေးကြရ ဘုရားသခင်က လှေတစီးလွှတ်လိုက်မှာလား ဟယ်လီကော်ပတာလွှတ်လိုက်မှာလား ဒါမှမဟုတ် ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေမလား အဲဒီ့မသေချာမှုတွေကိုပဲ … အိမ်ထုတ်တမ်းပေါ်ကနေမျှော် သစ်ပင်ပေါ်ကနေအော် အိမ်ခေါင်မိုးပေါ်ကနေခေါ် အသံတွေ … အသံတွေ … ကူပါ ကယ်ပါ တဲ့ ဒါပေမယ့် … အခုထက်ထိ ကူရာ ကယ်ရာ မဲ့ …။ ။

Categories

အဓိကကျလာတဲ့ ပွင့်လင်းရာသီအကြို ပြင်ဆင်မှု

ကျော်ဇောခိုင် သြဂုတ်လဝက်ပိုင်း ဝမ်ယီ နေပြည်တော်ကိုလာပြီးတဲ့နောက် ချင်းမိုင်နဲ့ ဘေဂျင်းမှာ မြန်မာပြည်နဲ့ပတ်သက်တဲ့ အစည်းအဝေးတွေလုပ်ခဲ့တယ်။ တရုတ်ရဲ့ဖိအား တော်လှန်ရေးပေါ်မှာ ပိုတင်းကျပ်လာတာ တွေ့ကြရတယ်။ ဒါပေမယ့် တရုတ်လိုချင်နေတဲ့ တည်ငြိမ်ရေးနဲ့ဆန့်ကျင်ဘက် စကစဘက်က မြောက်ပိုင်းညီနောင်တွေကို အကြမ်းဖက်တွေအဖြစ် ကြေညာတယ်။ ဆက်တိုက်ဆိုသလို အရပ်ဘက်နဲ့ စစ်ဘက်ပစ်မှတ်တွေကို စကစရဲ့ ဗုံးကြဲတိုက်ခိုက်မှုသတင်းတွေက ပြီးခဲ့တဲ့တပတ်လုံးကို လွှမ်းမိုးခဲ့တယ်။ ‘ဘာတွေထူးလို့လဲ’ ဒီတော့ သြဂုတ်လဝက်နဲ့ စက်တင်ဘာလဆန်းအကြား ပြည်တွင်းနဲ့ နိုင်ငံတကာမှာ ဘာတွေ ထူးခြားသလဲဆိုတာ ကြည့်တော့ […]

Categories

မန္တလေးဖြစ်စစ်သမိုင်း (သို့မဟုတ်)စစ်ပွဲတွေထဲက မန္တလေး

သူရိန် မန္တလေးမြို့သက်တမ်းက နှစ် ၁၇၀ နီးပါးရှိပါပြီ။ လက်ရှိအချိန်မှာ စစ်ရိပ်တွေသန်းနေပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတခွင်က စစ်ရှောင်ပြည်သူတွေလည်း ရောက်ရှိနေသလို မန္တလေးမြို့သူ၊ မြို့သားတွေကိုယ်တိုင် စစ်ဘေးရှောင်ဖြစ်လာတော့မယ့် အနေအထားတွေ ဖြစ်နေပါတယ်။ တကယ်တော့ မန္တလေးမှာ စစ်တွေဖြစ်တာ၊ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်တာက မန္တလေးမြို့တည်ကာစ၊ ပထမဆယ်စုနှစ် မပြည့်ခင်ကတည်းကပဲဖြစ်ပါတယ်။ တကယ်တော့ မန္တလေးမြို့ တည်ထောင်ရခြင်း အကြောင်းတရားတွေထဲမှာကိုက စစ်ပွဲ၊ လက်နက်ကိုင်ပဋိပက္ခတွေ အရင်းခံပါဝင်နေပါတယ်။ မန္တလေးဟာ ဒုတိယ အင်္ဂလိပ်-ဗမာစစ်ပွဲနဲ့ မင်းတုန်းမင်းသား (နောင်တွင် မင်းတုန်းမင်း) […]

Categories

ယဉ်ကျေးမှုများ တိုးတိုက်မိခြင်းနဲ့ စံနှုန်း

အော်စွန်းမိုင် ဆင်မြူရယ် ဟန်တင်တန်ဟာ ဟားဗာ့ဒ် ပါမောက္ခအဖြစ် ထင်ရှားခဲ့တဲ့သူပါ။ နောက်တော့ ဟားဗာ့ဒ်တက္ကသိုလ်ရဲ့ နိုင်ငံတကာဆက်ဆံရေးစင်တာမှာ ဒါရိုက်တာဖြစ်လာပါတယ်။ စာအုပ်တွေ ရေးသားထုတ်ဝေခဲ့တယ်။ ယဉ်ကျေးမှုများ ထိပ်တိုက်တိုးခြင်းနဲ့ ကမ္ဘာ့အစဉ်အလာသစ် ဖန်တီးခြင်း (၁၉၉၆) က ထင်ရှား တိုးထွက်လာတဲ့ စာအုပ်ဖြစ်ပါတယ်။ သူ့ရဲ့အမြင်တွေ၊ အယူအဆတွေ၊ ကောက်ယူပုံတွေဟာ စဉ်းစားစရာများလည်း ဖြစ်ခဲ့ပါတယ်။ အငြင်းပွားစရာများလည်းဖြစ်ခဲ့တယ်။ ကမ္ဘာ့ပဋိပက္ခတွေနဲ့ ပတ်သက်လို့ သူပြောခဲ့တာက ဟောဒီလိုပါ။ “ကျနော့်ရဲ့အမြင်မှာ ဒီနေ့ခေတ်ကမ္ဘာမှာ ပေါ်ပေါက်လာမယ့် ရန်ဘက်ပဋိပက္ခတွေရဲ့ […]

Categories

ခေါင်းငုံ့ခံရန် အကြောင်းမရှိ

မောင်မိုးအေး ငွေများတရားနိုင်တဲ့ကွာ ဟာသပဲ အသက်နဲ့ အချစ်ထက် ဘာက ပိုများမလဲ ဘာက ပိုများမှာမို့လဲကွာ ထပ်တလဲလဲ စတေးခဲ့ ပေးခဲ့တဲ့ အသက်တွေကမှ အလေးမသာခဲ့ရင် ဒီတရားဆိုတဲ့ အရာကိုလည်း ငါတို့ စီရင်သင့်ရဲ့ ဖောက်ပြန်လေသော လောကဓမ္မကို ခေါင်းငုံ့ခံရန် အကြောင်းမရှိ။ 12:02 pm 22th July 2024

Categories

ခေတ်နောက်ပြန် နောက်ပြန်ခေတ်

Simon “ဟိုကောင်လေး အဖေနဲ့လိုက်မှာလား” အပြင်မှာကစားပြီး ပြန်လာတဲ့ ကျနော့်ကို ကားရေဆေးနေတဲ့ ကျနော့်အဖေက လှမ်းမေးတာပါ။ “ကား ဆီသွားထုတ်မလို့လား” “အေး … ဟုတ်တယ်” “အဖေ သားကို ရေခဲမုန့် ဝယ်ကျွေးမှာလား” “ကျွေးမယ်ကွာ ကျွေးမယ် ဒါပေမယ့် မင်းလိုက်မှ ကျွေးမှာနော် မင်းမလိုက်ရင်တော့ ညီမလေးကိုပဲ ခေါ်သွားမှာ” “ဟာ … အဖေကလည်း သားလိုက်မှာပေါ့ ညီမလေးက လိုက်လာပြီးရင် သူက ဂျီပဲကျနေတာ သားကဖြင့် […]