‘မှိန်စုတ်စုတ် ဆေးထိုးအပ်တချောင်း’ပန်းနုဝင်းမှုန်ကုတ်ကုတ် တောင်တန်းပေါ်ကလှုပ်တုတ်တုတ် အလင်းရောင်နောက်လိုက်နေတဲ့မှိန်စုတ်စုတ် ဆေးထိုးအပ်တချောင်း။အသက်ရှုမဝတဲ့ ဆေးရုံကိုရင်နာနာနဲ့ကျောခိုင်းခဲ့တာဘလေဘဇာဖြစ်နေတဲ့ ခေတ်ကို ပြောင်းစေချင်လို့။ငရဲမီးတွေ ငါတို့နယ်ကို မလောင်ခင်ကတည်းကမီးမုန်တိုင်းထဲ တိုးဝင်ခဲ့တာသတ္တိကောင်းလွန်းလွန်းလို့ မဟုတ်ဘူး။အိမ်က အဆင်ပြေလွန်းလို့ မဟုတ်ဘူး။ကြယ်တွေကြွေတာ မကြည့်နိုင်လို့။အေး…ကြယ်တွေကြွေတာ မကြည့်နိုင်လို့။ကားသံ မီးစက်သံ ကြားရင်တောင်ဂျက်ဖိုက်တာသံလား လို့စိုးရိမ်ရေမှတ်တွေ တက်တယ်။လက်နက်ကြီးသံဟာ အခုထိငါ့နှလုံးသွေးကြောကို ကျဥ်းစေတုန်း။“ရဲဘော် အဆင်ပြေသွားမှာနော်”လို့ပြောရင်းဆေးထိုးအပ်ကို ကိုင်နေတဲ့အချိန်မှာဘယ်အရာကိုမှ ကြောက်မနေတော့ဘူး။ဘယ်အရာကိုမှ………..။နှလုံးသည်းပွတ်ကို ဓားတွေနဲ့ မွှန်းလည်းကိုယ့်ဒဏ်ရာကိုယ် ဆေးထည့်ရင်းလမ်းကြောင်းစောင်းနေတဲ့ ကြယ်တွေအတွက်နဲ့တန်းဖြောင့်အောင်သွားနေတဲ့ ကြယ်တွေကိုဒီဆေးထိုးအပ်က လျစ်လျူမရှူ နိုင်ဘူး။